Pages

Monday, November 29, 2010

စိတ်ကူးနဲ့ရူး ....



ဒီVideo ကိုကြည့်ပြီး ဒီလိုတောင် မင်္ဂလာဆောင်ချင်စိတ်ပေါ်သွားမယ်ဗျာ...  ရယ်လည်း ရယ်ရတယ်..။ ပျော်လည်း ပျော်စရာကောင်းမှာ...  ကတဲ့လူတွေကလည်း ရုပ်တည်ကြီးတွေနဲ့ကို ကကြတာ....ပျော်စရာကြီးဗျာ..။ ကြည်နူးစရာလည်းကောင်းတယ်နော်..

ပေါက်ကျိုင်းမလဲ လူပျိုကြီးဇာတာ မပါလောက်ဘူးလို့ သူငယ်ချင်း ဗေဒင်ရူး သန်းစိန်က ဘီယာနှစ်လုံး ဝီစကီနှစ်ပက် မျိုဆို့ပြီး အာဝဇွမ်းရွှင်ရွှင် တံထွေးတစ်ဖွားဖွား နဲ့ဟောပြောမိန့်ကြားထားခဲ့ပေမဲ့ အခုထိ ဘယ်လို ဘယ်ဟာမှ မဟိုဒင်းသေးတော့ ပေါက်ကျိုင်း ခမျှာ ငှက်ပျောတုန်းကြီး ကိုပဲ စိတ်ထဲပြေးပြေး မြင်မိတော့ သဗျို့...။

အင်း ... အူတူတူ လဒူကြီးပေါက်ကျိုင်း ကြိတ်ပြီး ကျူနေတဲ့ ရန်ကုန်က အပျိုကြီး ထလေးလေး ( သူ့ကိုသူ ထလေးလေး ( ခလေးလေး ) လို့ပြောသဗျ .. ဂျဂါးလဲ အပီဘူး အပျိုကြီးက ဟီဟိ..) နဲ့ စိတ်ကူးထဲမှာ မင်္ဂလာဆောင်ဖြစ်ရင် သီလဝါက အမမေစောလွင်ကို ဒီ ဗွီဒိယို ထဲကလို ကဖို့ ဖိတ်ထားဦးမှ ..
ဒီလို ဒိုးဒိုးဒန့်ဒန့် မကတတ်ဘူး ဆိုရင်လဲ မုံရွှေရည် အက လေး ကတတ်ရင်လဲ ဖြစ်တာပ .. ထူးထူးခြားခြား လေးပေါ့လေ.. သူ့ရဲ့ ကြင်ရာတော်ကိုလဲ မျက်မှန်မဲ ကြီးတပ်ခိုင်းပြီး ဂျွမ်းတွေ ဘာတွေ ထိုးခိုင်းဦးမှလေ.. ဟီဟိ ...

လူပျိုကြီးပေါက်ကျိုင်း တစ်ကောင် အပျိုကြီး ထလေးလေး နဲ့ မင်္ဂလာဆောင်ဖြစ်ရင်ပြောပါတယ် ...ဒီလို ပုံလေးနဲ့  ထူးထူးခြားခြား လုပ်ဦးမှလေ  .. ပြောစရာလေး ဖြစ်သွားရအောင် ....။


                                                            ၊


                                                           

Tuesday, November 16, 2010

ကြားဖူး နားဝ ဟာသ ....

နေရာက  ... စိတ္တဇဆေးရုံ မှ သတဲ့ဗျာ ...
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးလာ ခဲ့ပါ သဗျ ..  မိန့်ခွန်းပြောအပြီးမှာ
  ဆေးရုံအုပ်က ကြိုပြီး မှာထားတဲ့ အတိုင်း “ အဟမ်း ” လို့ ချောင်းဟန့်လိုက်တာ နဲ့
  လူနာတွေ အားလုံး လက်ခုပ်တီးကြ သတဲ့ ဗျ ...အဲဒီ အချိန်မှာ  ဟိုဟာကြောင် သလိုလို ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေသလိုလို အနေအစားချောင်လို့ မျက်နှာပြောင် တိုက် ရူးနေသလိုလို  မောင်ပေါက်ကျိုင်း ဆိုတဲ့ လူနာတစ်ယောက်က
  ရုတ်တရက် လူတွေ ကို ကျော်ခွ ရှေ့ထွက်လို့  ဒီ အကြီးအကဲ ဆိုသူကို ပါးနှစ်ချက် ဆင့်တီးလိုက်ပြီး
  ပြောလိုက် တာက တော့  "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူသတည်း ...။

Tuesday, October 26, 2010

တူနိုင်မယ် မထင်နဲ့ ....

မြန်မာနိုင်ငံက ပုဂ္ဂလိက အရောင်းစင်တာ တစ်ခုမှာတဲ့ ဗျာတို့ .....။

ညှောင်နာနာခွေးမစားတဲ့ရုပ် နဲ့ ပေါက်ကျိုင်း ဆိုတဲ့လုံခြုံရေးဝန်ထမ်းတစ်ဦး နဲ့ သနပ်ခါး အောင်ဆွေ ဆိုတဲ့ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦး တို့ ဓာတ်လှေခါးထဲတွင် မီးပျက် လို့ ပိတ်မိနေကြ သတဲ့ ဗျာ...၊ နောက်ဆုံး
ပြန်သူတွေ ဖြစ် လို့ အကူအညီတောင်းရန်မလွယ်ကူ... ပြီးတော့  နောက်ရက် က စပြီး အရောင်းစင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ် ကြတော့မတဲ့...။

အောက်စီဂျင် အခက်အခဲ ကြောင့် ၂ ရက် ၃ ရက်လောက်ကြာ ရင် မာလကီးယား လေငတ်မသာ အရှင်လတ်လတ် ဖြစ်ရတော့မှာမို့ အူးယားဖားယား အရေးပေါ်ခလုပ်ကို နှိပ်လည်း အလုပ်ကမလုပ် တော့ နှစ်ကောင်သား စိတ်ဓာတ်တွေ ကျ ငိုချင်းတွေ ဟစ်ဟစ် ပြီးချချင်နေပါသတဲ့...၊၊

နှစ်ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ခဲ့တဲ့ ချီလီနိုင်ငံမိုင်းတွင်းပိတ်မိနေတဲ့ လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင် အူမြူး သွားပါသတဲ့ ဗျာတို့ ..။

နောက် ၂ ၊ ၃ ရက်လောက်ကြာရင် ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မယ်...
သူတို့လွတ်မြောက် လာတဲ့ အခါ  လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြ မယ်...
လူတကာတွေပေးတဲ့ အကျိုးခံစားခွင့် တွေ တထောကြီး ရမယ်..
လုံခြုံရေးဝန်ထမ်း အူတူတူ လဒူ ပေါက်ကျိုင်း အတွေးက သူဒီ ပိတ်မိနေနေတဲ့ ဓါတ်လှေကား ထဲက လွတ်လာရင် သူ အီစီကလီ လုပ်နေတဲ့ အပျိုကြီး ထွေးထွေး  အနမ်းလေးတစ်ပွင့် နဲ့ လာကြို ပြီး ကမ္ဘာ အရပ်ရပ်ကုမ္မဏီ တွေက ပေးတဲ့ ခရီးသွားခွင့်လက်မှတ်တွေ ဂုဏ်ပြုချီးမြင့်ငွေ ဒေါ်လာ တွေ တထောကြီး နဲ့ နှစ်ယောက်သား ဟာဝိုင်ယီ ကိုသွား  အရပ်ရပ်က ရုပ်သံချယ်နယ် တွေကို ဗေလုဝ အိုက်တင် နဲ့ အင်တာဗျူး စိတ်ကူး နဲ့ မြူးနေသတဲ့ဗျ...။

စတိုးဆိုင်ပိုင်ရှင်ကြီး သနပ်ခါးအောင်ဆွေ ကတော့ CNN နဲ့ ဗျူး ရဦးမယ် .. ပဲရစ်ကို မိတ်ဆုံစားပွဲ သွားရဦးမယ် .. ဘာညာသာရကာ နဲ့ မဟေသီ လေဒီပဲပုပ် ကို အကြောင်းပြပြီး ဟို ဂျောတောင့်တောင့် မော်ဒယ်မလေး နဲ့ ဗွီဒီယိုကင်မရာ ပိုက်ပြီး လန်ကာဝီ ကိုသွား HOME MADE ဇတ်လမ်းဆင် ဖို့ ရင်ထဲအူမြူး စိတ်ကူး ကွက်စိပ် ရိုက် နေပါ သတဲ့...။
ဒီလို စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်ရင် အဆင်ပြေပြီ လို့  စဉ်းစားပြီး နှစ်ယောက်သား ဆက်သွယ်ရေးအတွက် ခေါင်းချင်းရိုက်ဒူးတိုက် တိုင်ပင်ကြ သဗျ...


သနပ်ခါးအောင်ဆွေ  လက်ထဲက GSM ဖုန်းကိုကြည့်လိုက် သတဲ့ ...

Service Signal လုံးဝမမိ..။

ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားတဲ့ ၅သိန်းတန် ဖုန်းကိုထုတ်ပြီး ကြည့်လိုက် တယ်...

service signal အပြည့်.... လုံခြုံရေးဝန်ထမ်းလဒူပေါက်ကျိုင်းကို နုတ်ခမ်းမွှေးထောင်ထနေအောင် ငါးပနော်ပြုံးလေး ပြုံးပြ လိုက်ရင်း မီးသတ်ကို ဖုန်းလှမ်းခေါ် သတဲ့...

"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ် လိုက်ပြန် သတဲ့...

လိုင်းက ဝင်လဲ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။ “ မကြားရဘူး” အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး ဖုန်းကျသွားပြန် သတဲ့...

နောက်တော့  ဖုန်းလိုင်းလုံးဝမဝင်တော့..  မက်ဆေ့ခ်ျပို့ဖို့လည်း မစဉ်းစားမိဘူးတဲ့ ခင်ဗျ ...။

မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်မတော့ ဝါးတားတား ခေတ်မီ တဲ့ လုံခြုံရေးဝန်ထမ်း လဒူပေါက်ကျိုင်း  သူဌေး အိပ်ကပ် ထဲက  iphone ကိုမြင်ပြီး  internetကို wireless နဲ့ ဝင်ဆက်သွယ်အကူအညီတောင်းကြည့်ဖို့ ဆရာကြီးလေသံနဲ့ အကြံပေး သတဲ့....။

အကြံပေးတဲ့ အတိုင်း wireless  မိလို့ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ ဆိုပြီး နှစ်ယောက်သား အူမြူး ရွပိုးထိုးပြီး အဲဒီ ဓါတ်လှေကားထဲက လွတ်မဲ့အချိန်ကို တွေးပြီး စိတ်ကူးဖဲရိုက် နေကြတော့ သဗျို့...။


နောက် ၃ ရက်အကြာ...
ကယ်ဆယ်ရေးအဖွဲ့တွေ  ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လဲ  နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး မာလကီးယား သေဆုံးနှင့်လေပြီ သတဲ့ ...။ သူတို့ရဲ့ အနီးမှာ ဟန်းဆက် ၄လုံးကိုတွေ့ရပြီး အဲဒီထဲက
အိုင်ဖုန်း ကတော့ Gmail page ကို loading လုပ်နေတာကို လည်း တွေ့ရတော့ သတဲ့....
ဒီကာလနာတိုက်ပြီး သေဆုံးနှစ်ဦးကို  ဝမ်းနည်းခြင်းအထိမ်းအမှတ် နဲ့ နေရာတကာပါဝင်တတ်တဲ့
ပါလေရာကြီး လေးဦးက အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးသမူ့ ပြုကြလေ သတဲ့ ဗျာတို့.....။


* ဦးတေဇထံမှ ကျပ်၁သိန်းတန် ကျွန်းအခေါင်းတစ်လုံးစီ

* မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက် MNLဖလား အခမဲ့ကြည့်ခွင့်  လက်မှတ်

* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့လာသူများအတွက် အခမဲ့ရေသောက်နိုင်ခွင့် လက်မှတ်များ

* နိုင်ငံတော် သမ္မတလောင်းထံမှ အုတ်ဂူတွင်အလှဆင်ရန် ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး

 အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတဲ့ ခင်ဗျား.....။



 “ အမမေစောလွင် ရဲ့ ဖော်ဝပ်မေးလ် ပါ ”

                                                           ၊



Monday, October 18, 2010

သီဟိုဠ်ကျွန်းမှ အလွမ်းသဝဏ်လွှာ ....

ပေါက်ကျိုင်း တို့ ရွှေမြန်မာ တွေ နိုင်ငံအသီးသီး အရပ်ရပ်ဆီကို ကိုယ့်ဘဝ ရည်မှန်းချက်တိုးတက်ဖို့ အတွက် အလုပ်လုပ်သွားလုပ်ကြ ပညာတွေ အရင်းအနှီးများစွာနဲ့ သွားရောက် သင်ယူကြ နဲ့ ... ဘဝအမောတွေ နဲ့ ရူံးနှိမ့် သွားသူများလဲ ရှိသလို ဘဝအောင်မြင်မြင့်မား သွားကြသူများလဲ ရှိကြသဗျာ.....။

မနေ့ည က ပေါက်ကျိုင်း အားအားယားယား ကမ္ဘာ့ကြွက်သိုက် ထဲ ဝင်မွှေ ရင်း အင်တာနက်ချစ်သူ  ဆိုတဲ့ စာမျက်နှာလေး ကို ဝင်ကြည့်မိတော့ ( ဒီ ဆိုဒ် လေး ရဲ့ အရေးအသား တင်ပြပုံလေးတွေ ကြိုက်လို့ ပေါက်ကျိုင်း တစ်ကောင် မန်ဘာဝင်ထား ပါတယ် ခင်ဗျ ) “ သီဟိုဠ်ရောက် ကိုရင်လေး နှင့် ဆရာလေး များ၏ ရင်းတွင်းက လွမ်းသ၀ဏ်လွှာလေးတွေပါ ” ဆိုတဲ့ ပို့စ် လေးကို ဖတ်မိရင်း လူငယ်လေးတွေ နိုင်ငံတကာမှာ ဒုက္ခဆင်းရဲအမျိုးမျိုးနဲ့ ပညာသင်ကျောင်းတက်ကြရာမှာ အခု သိရိလင်္ကာ ကို သွားပြီး လူဝတ်ကြောင် ကိုစွန့် ပညာသင်ယူကြတဲ့ ကိုရင်လေး.. ဆရာလေး တွေတွေ့လို့ ပေါက်ကျိုင်းတစ်ကောင် တို့များ ဘာသာ ဿသနာ အတွက် ဂုဏ်ယူလေးစားဦးညွှတ် ကန်တော့မိပါတယ်....။

ဒါပေမဲ့ .. ဿာသန အမွေခံ ကိုရင်လေး ဆရာလေး များရဲ့ မြန်မာပြည်လွမ်း သဝဏ်လွှာ လေး နှစ်စောင် ကို ဖတ်မိတော့ ပေါက်ကျိုင်း ရင်နဲ့အမျှခံစားမိပါတယ် ....။ ဒီစာနှစ်စောင်လေး ကို စာဖတ်သူတွေအတွက် အင်တာနက်ချစ်သူ ကနေ တဆင့် ပြန်လည် မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ...။

ကိုရင်လေး.. ဆရာလေး တို့ အားမာန်မလျှော့ ပဲ ဿာသန အကျိုး ဆထက်ပို ထမ်းဆောင် နိုင်ပါစေ ဘုရား...။












ပဲများများ တော်ကီပွားနိုင်လွန်း တဲ့ ထွေးထွေး အတွက် .... OK ..



 တော်ကီ တော်တော်ပွားပြီး  ပဲများလွန်းလို့ လမ်းထိပ်ကခွေးတောင် မျက်စေ့နောက်တဲ့ ထွေးထွေး ရေ ...
 ဒီ သီချင်းလေး က ထွေးထွေး အတွက် အမှတ်တရပေါ့ ...
 OK .




ပဲမမ ကို မြင်လို့ လိုက်ဆွဲဖို့ အသင့်ပြင်နေတဲ့ မစ္စတာဂျက်ကီ ပုံ..ဟီဟိ..




                                                         

Saturday, October 9, 2010

ညီမလေး မွန်ရည်ဦး ရေ... အာဘွား ...


                               ပဲများနေတဲ ညီမလေး ... ဟိုး နောက်က စင်္ကာပူ



                            မနက်လေးနာရီ စကာင်္ပူ ကို သွားမဲ့ ဘတ်စ် တွေ




                                ညီမလေး ကို မျှော်နေတဲ့ ညီမလေး ရဲ့ ဖေဖေ ..




                                     မလေးရှားဖက်က စကာင်္ပူ အဝင် ဂိတ် ...




                            သားအဖလား မောင်နှမလား... အနောက်မှာ ကိုကြီး




                        ဖေကြီးက ရှိမဲ့စုမဲ့ သမီးအတွက် ဝယ်ပေးထားတဲ့ ဖုန်းလေး ကို .....





                                                      သမီးနဲ့ဖေကြီး .....




                                    တစီးကို ဒေါ်လာ တစ်သန်းတဲ့ဗျား ........



                              အမယ် ..ချစ်နေလိုက်ကြတာ သမီးနဲ့အဖေက ...


                                             ဒင်းဂါးဘေး ကမ်းခြေမှာ .......



                      စားသောက်ဆိုင်က ဘယ်နားမှာလဲ ... ဟိုဖက်မှာ ညာကို ချိုးလိုက် .....



                                                       သမီးနဲ့ဖေကြီး ..


                              လျှော့ဈေးတဲ့ဗျား... ဒါကို ကိုကြီးက နဲနဲစိတ်ဝင်စား ...



            ညီမလေး ....ဘဝ ဒီထက်ပို တိုးတက်ပါစေဗျား ...ကိုကြီး အတွက်လဲ ဆုတောင်းပေးဦး ....



ဒီပုံလေးတွေက ကူးထားတာ ကြာလှပြီ .. ၃လလောက်တော့ ရှိရောပေါ့ ... ပေါက်ကျိုင်း မလဲ လမ်းကြောရှည်လွန်ပြီး အခု ထော့နဲ့ထော့နဲ့ နဲ့ ပြန်ရောက်လာမှ ဒီပုံလေး တွေ တွေ့မှ ညီမလေး အတွက် ဆိုပြီး တင်ပေးလိုက်ပါတယ်....။

ပြောသာပြောနေရတာ အခုဆိုရင် ညီမလေးနဲ့ ညီမလေးရဲ့ ဖေကြီးက ကလေးငယ်လို အာဘွား ပေးနေလောက်ရောပေါ့ ...

ဒါဆို မရပါဘူး ကိုကြီးကလဲ ဒီညီမလေး တယောက်ထဲ ရှိတာ.... အဝေး ကနေ အာဘွား .............။


               ( ချစ်ညီမလေး တစ်ဦးထဲ အတွက်ပါ .. ဘာရယ်လို့တော့ မဟုတ်ပါ ခင်ညား ..)



                                                            ၊








Friday, October 8, 2010

ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး ....

ပေါက်ကျိုင်းတစ်ကောင် ဒီမဖြစ်ညစ်ကျယ် ဘလောက် လေးပေါ်မှာ စာလဲ မရေးနိုင် .. လမ်းကြောင်းလေး တည့်တာနဲ့ ပေါက်ကျိုင်း သောက်ကျင့် အတိုင်း လမ်းကြောရှည် တဝေထိုးလိုက်မိတာ ကိုယ့်မျက်စိရှေ့မှာတင် ပေါက်ကျိုင်းရဲ့ ငယ်ပေါင်း တေဖေါ်တေဖက် သူငယ်ချင်းတစ်ဦး ဘဝပြောင်းသွားပြီး ပေါက်ကျိုင်းမလဲ သင်းကွဲမျောက်ဖင်နီ ကို ဘော်ဘော်မျောက်အုပ် က ဝိုင်းသမ လိုက်သလို  သမ ခံ လိုက်ရတော့ ဟိုးရှေး အီဂျစ်ပြည်က မမ်မီ များလို ပတ်တီးတဖွေးဖွေး နဲ့ တစ်လလောက် ငုတ်တုတ်မေ့နေတယ် ခင်ဗျ ...။

ထားတော့ အခု နေကောင်းလို့ ကမ္ဘာကြွက်သိုက်ထဲ ဝင်မွှေရင်း ပေါက်ကျိုင်းဆီကို ရန်ကုန်သီလဝါက အမ မေစောလွင် ရဲ့ ဖေါ်ဝပ်မေးလ် တစ်ပုဒ် ရောက်လာလို့ ဖတ်ကြည့်မိလိုက်တော့ စာလေးက ပေါက်ကျိုင်းတို့တစ်တွေ သိပြီးသား ကျမ်းဂန်နိပါတ်တွေနဲ့ရောမွှေထားပေမဲ့ အတွေးတွေပွားစရာ ရယ်စရာလေးတွေမို့ ဒီ အမမေစောလွင်ရဲ့ ဖေါ်ဝပ်မေးလေး ကို ပေါက်ကျိုင်း အာ နဲ့ နဲနဲပါးပါးပြုပြင် ပြီး ဖေါ်ပြလိုက်ပါ သဗျို့ ... ၊ မသိရင်တော့ နင်က ခပ်ဝဝ ဆိုတော့ မျိုးစန္ဒီကျော် လိုလို ဘာလိုလိုပေါ့ ( အဲလေ ယောင်လို့ ဟို HOMEMADE ဗွီဒီယို ထဲက စကားတွေနဲ့ ရောသွားလို့ ဆောရီး ..ဟီးဟီး ) မသိရင်တော့ ပေါက်ကျိုင်း ဘဲ ရေး သလိုလိုပေါ့ဗျာ... အဟမ်း အဟမ်း ....။

ဟိုးရှေးရှေး တုန်းက  ရှင်ဘုရင်တစ်ပါးဟာ သူ့ရဲ့ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း ဝင်းဝါလှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက် ရသတဲ့ ခင်ဗျ...
ဒီမြွေငယ်လေး ကို သနားလှတာ နဲ့ ဘုရင်က ကယ်တင်လိုက် သတဲ့..
နောက်တစ်နေ့မတော့  ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစားပြိုးပြိုးပြတ်ပြတ်  သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဗြုန်းကနဲ တွေ့လိုက်တော့.....၊

“ အောင်မယ်ငှီး .. သောက်ပလုတ်တုတ်  ဘာကြီးတုန်း ဟ... ဇတ်ထဲက အဝတ်တွေ နဲ့ မင့် ဘယ်သူတုန်း..? ဘယ်နည်းနဲ့ နန်းတော်ပန်းခြံထဲ ကျူးကျူးကျော်ကျော် ရောက်လာတာလဲ.. ဟဲ့ အစောင့် တွေ ဘယ်ရောက်နေလဲကွ ဟေ...  ”

“ မထိတ်လန့်ပါနဲ့ အရှင်..  ကျွန်တော်မျိုးက နဂါးမင်းပါ ..  ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ် ”

 “ဘာကျေးဇူးများလဲ”

“ မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း ခြံစည်းရိုးမှာ ငြိနေခဲ့ပါတယ် အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်း နဲ့ သားရဲသိန်းငှက်စွန် တို့ရဲ့ လက်မှ လွတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ် ... အရှင်လိုရာ ပြောပါ .. ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ အရှင်မင်းကြီး ”

“ အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ် .. ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ် ... အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်..  ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး ကွဲ့ ”

“ ဒါ မခက်ခဲပါဘူး အရှင်..  သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့ .. သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး..  သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ် ..  ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်..  တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ် အရှင်မင်းကြီး ”

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ် .. ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့ သတဲ့ ခင်ဗျ ... ဒီလိုနဲ့ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အချီအချ ပြောတဲ့ အသံကိုကြားလိုက် ရ သတဲ့ဗျို့ ...။
ဒီ ပိုးဖလံ လင်မယား ပြောတာတွေကတော့ဗျာ....

“ တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား .. ”

“ စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား  မိန်းမ ရဲ့ ”

“ ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့ .. အစကတော့ ချစ်လှပါချည်ရဲ့ဆို ခုတော့ ထမင်းတစ်စေ့  သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား ”


“ ဗိုင်းတာမ အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့ ..  ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး .. ဘုရင်နဲ့ မိဖုရားရှေ့မှာ ငါ့ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ...  ဘာလဲ မင်းက နောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား မရဘူးနော် ဟွန်း.. ”

ဒီလို ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိလို့   ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြ သတဲ့ ဗျ ..။ ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း နန်းတော်ခေါင်မိုးထုတ်တန်းပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ထပ်ပြီး ကြားလိုက်မိပြန် သတဲ့..။

“ ဘေးဖယ် ရှင်မရေ.. ”

“ ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က တခုလပ်မဆီ သွားမလို့လား"

“ ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ..  ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး..  ငါ့ကိုများ စွတ်စွတ်စွဲစွဲ ”

“ အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား ... နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ် ..  မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ ..”

“ ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး .. မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ ..”

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား .. သေချင်းဆိုး ရဲ့ ”

“ ဟာ ..ဒီဟာမ ငါလုပ်လိုက်ရရင် နာတော့မယ် .. လက်ဖဝါး ကြိုက်လား သေနာမ ”

“ အမယ် .. လာလေ လာလေ ဒီလိုအပေါက်မျိုး ဘယ်တုန်းကများ ရှင်ကျုပ်ကို ပြောဖူးလို့တုန်း ”

နဲ့ ဘာညာသာရကာ ပြောဆိုရန်ဖြစ်ကြပြီး အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျ

အမြီးတွေ ပြတ်ကုန် သတဲ့ ....။

 “ တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ ”

လို့ ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အိမ်မြောင်ထီး ရဲ့  အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ
ရယ်မိပြန် သတဲ့..  မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်ရောဗျ..၊
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက

"ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ် ... ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး"

ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက
ခြိမ်းခြောက်တော့တယ်ဗျို့ ...ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့

“ ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ် ”

ဆိုပြီး ထွက်ခဲ့ရော ..  နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်..

“ ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ ”

“ လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ ”

“ ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”

“ ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်..  အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း ”

“ ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ .. မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောတာ... ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ ရှင့် ...ဒါမို့လို့ ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့
စမ်းကြည့်တာ.. ဟီဟိ ”

“ ဟား...ဟား.. မင်း တော်တ်ာတုန်းတဲ့ မိန်းမ ဘဲ ... ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး... သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး ..  သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်..  ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး..  လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..?
ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့ ..”

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွား သတဲ့ .. ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး

 “ ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်..  ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား ... ”

လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့ရောဗျို့.. မိဖုရားကိုတွေ့တော့ ဘုရင်က

“ နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့
အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ ..  စားသောက်နေချိန်မှာလဲ သတိရတယ် ..အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော် ...”

“ ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ..”

“ စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့...  အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်..  ဒီလိုပေါ့ နှမတော် ရဲ့ ”

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်...ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိသေးကိုး..

“ လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းဘာ မိန်းမရဲ့”

“ ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မလုပ်တော့ဘူး နော် ယောင်္ကျား ..”

ဒီလို ဆိတ်လင်မယား ရဲ့ စကားအချီအချပြောသံ ကို ကြားလိုက်ရလို့ ဘုရင်ကြီး ခမျှာ အသောမသတ် ရယ်နေမိ ပါလေရောတဲ့ ခင်ဗျား..............။



"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး

"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။

အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။

ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး

ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့

တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့

ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင်  လူဆိုတာ မျက်စိနဲ့တောင်

မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ

ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?

နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?

လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?

သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?

စကားလေး တစ်ခွန်းပါပဲ ....

"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။

"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်

ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး"

တဲ့.. ........ ။
 
                                                       ၊

Thursday, July 1, 2010

Saturday, June 26, 2010

အမှည့်လွန် အတွေး မျှင်မျှင် များ..

သူငယ်ချင်းတို့ဘ၀မှာ ငယ်ငယ်ထဲက ငါတော့ကြီးလာရင် အပျိုကြီးလုပ်မှာလို့စဉ်းစားထားတဲ့သူများရှိကြလား ကျွန်တော် ကတော့လေ ငယ်ငယ်ကနေ ခုထိ အပျိုကြီးလုပ်မယ်လို့ တစ်ခါတစ်လေတောင်မှ ယောင်လို့မတွေးမိခဲ့ပါဘူး… ဗေဒင်တွက်လို့ အပျိုကြီးဖြစ်မယ့် ဇာတာရှင်မဟုတ်ဘူးလို့ ဟောလိုက်တာနဲ့တင် ဗေဒင်ဆရာကို အမှန်မြင်တတ်သူလို့ယုံပြီးသားပဲ…. ။
ဟိုးငယ်ငယ် အပျံသင်ခါစ တက်ကြွတဲ့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ဘ၀တုန်းကတော့ အသက်ကြီးလာလို့ လက်ထပ်တဲ့အခါ ဘယ်လိုလူကိုရွေးမလဲစဉ်းစားမိတဲ့အခါမှာ အရပ်ရှည်ရမယ်… ကြည့်ကောင်းတဲ့ရုပ်ရည်မျိုးရှိရမယ်… (ချောလွန်းနေလို့တော့ ဘယ်ဖြစ်မလဲနော် ကျန်ရစ်ဖြစ်မှာလည်းကြောက်သေး ) .. အရာရာကို ဦးဆောင်နိုင်တဲ့အစွမ်းရှိတဲ့သူဖြစ်ရမယ်…
ရုပ်ရှင်တွေထဲကမင်းသားလောက်မိုက်တာလေးများရလေမလား .. အဲလိုစိတ်ကူးတွေနဲ့ရူးခဲ့ဖူးသေးတာ…. ။

အင်း ... အသက်နည်းနည်းကြီးလာ… နှစ်ဆယ်လောက်ရောက်လာတော့ စိတ်ကူးတွေလည်းနည်းနည်းပြောင်း လာတယ်လေ…၊ အရပ်မရှည်ရင်နေပါ တန်းတူဆိုလည်းဖြစ်ပါတယ် ကျွန်တော့်အရပ် ၅ပေ ၅ ထက်တော့နိမ့်တဲ့လူ မယူချင်ဘူး… စတိုင်မိတဲ့ငတိလေးလည်းဖြစ်အုန်းမှ….. အရာရာကိုဦးမဆောင်နိုင်ရင်နေပါ ကျွန်တော်လုပ်သမျှ အနှောင့်အယှက်မပေး အေးဆေးဖြစ်မယ့်သူကိုရွေးမယ်ပေါ့လေ ..အသက်အစိတ်မှာ ပုခက်မချိတ် နိုင်သေးရင် တစ်သက်မနိပ်တော့ဘူးဟေ့ လို့ ပြောနေကြတဲ့အရွယ် အခုရောက်လာပြန်တော့ ကျွန်တော့်စိတ်ကူးတွေပြောင်းသွားပြန်ရောလေ အခုကျွန်တော်လိုချင်မိတဲ့သတို့သားက….တစ်သက်လုံးကြည့်သွားရမယ့်ရုပ် ကြည့်ကောင်းဖို့တော့လိုသေးတာပေါ့နော် ...။

အစားစားတဲ့အခါ ကြေး(ဂျီး) များတတ်တဲ့သူဖြစ်ရမယ်.. ကျွန်တော်ကိုယ်တိုင်ကလည်း အစားကိုကြေးများတတ်တော့ ကျွန်တော်တစ်ယောက်ထဲအပြစ်ရှိတဲ့သူ မဖြစ်ချင်ဘူးလေ ..
အ၀တ်အစားဝတ်ရင် ရှပ်အင်္ကျီ မကြိုက်တဲ့သူ T ရှပ် များများဝတ်တတ်တဲ့သူကိုယူချင်တယ်
ရှပ်အကျီတွေ မီးပူတိုက်ရတာ ဘယ်လောက်တောင်ခက်သလဲဗျာ… Jeans ဘောင်းဘီကိုမချွတ်တမ်းဝတ်မယ်ဆိုလည်း ကြိုက်ပြီးသားပဲ အ၀တ်လျှော်စက်ထဲထည့်ပေးလိုက်မီးပူတိုက်တဲ့အခါ သိပ်တိုက်စရာတောင်မလိုဘူးပေါ့ ... ။

Skinny pants ၀တ်မှ စတိုင်ကျမယ်လို့ သူကထင်တဲ့အခါ တစ်ခါတစ်လေပဲ ဝန်ပါကွာ လို့ချော့ပြောရမယ်ထင်တယ်နော် ...ကျွန်တော်တို့နေမယ့်အိမ်မှာ အိမ်အကူဆိုတာ ကျွန်တော်ကမထားပါဘူး ..အိမ်မှုကိစ္စမှန်သမျှ ကျွန်တော်မလုပ်တတ်တာမရှိပါဘူး မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့စကားကလည်း အလကား ထားတာမှမဟုတ်တာနော် ကျွန်တော်ဟင်းချက်နေတဲ့အခါ သူလည်းအားနေမယ်ဆိုရင် နည်းနည်းလောက်တော့ဝိုင်းကူပေးပေါ့ဗျာ ကျွန်တော်ချက်ကျွေးတာမကြိုက်လို့ သူကိုယ်တိုင်ချက်မယ်ပြောလည်းကျွန်တော်က ၀မ်းမနည်းပါဘူး သူ့ဆန္ဒကသာအဓိကပါ ...။

သူအလုပ်သွားတဲ့အခါ ကျွန်တော်က အိမ်မှာအလကား အအားနေမှာမဟုတ်ပါဘူး
သူပြန်လာတဲ့အခါ ပြောပြဖို့သတင်းစုံရဖို့အတွက် Online တက်ပြီးသူငယ်ချင်းတွေနဲ့ chatရင်း သတင်းတွေလည်းဖတ်နေမှာပေါ့လေ သူပြန်လာတဲ့အခါ သော့ခလောက်ပဲကြိုနေတယ် ဆိုတဲ့အဖြစ် ဘယ်တော့မှမဖြစ်စေရဘူး ..အပြင်သွားမယ်ဆိုရင်တောင် သူပြန်ရောက်ပြီးမှ သူ့ကိုအစောင့်ထားပြီးသွားမှာပါ ...။

အားလပ်ရက်တွေမှာ သူက ကာရာအိုကေလည်းဟဲ ဘီယာလေးသောက် ပင်ပန်းတာတွေဖြေဖျောက်ချင်တယ်ဆိုရင်လည်း အဲဒီနေ့မှာ ကျွန်တော်shopping သွားဖို့ ငွေအလုံအလောက်သာပေးထား ဘေးစကားတွေကို မယုံဘဲ သူ့ကိုလွှတ်ပေးထားမှာပါ .. အင်း ဒါပေမယ့် ပွေလီလာမယ့် အခြေအနေဆိုရင်တော့ ထူးအိမ်သင်သီချင်းလေး အိမ်မှာခဏခဏဖွင့်ပြပေးရမယ်လေ ငါ့ထက်ချစ်တဲ့သူဆိုတာ ဒီကမ္ဘာကြီးထဲရှိနေရင် လိုက်ပြီးလေ ရှာလို့သတ်ပစ်ချင်ပါတယ်…
ဒီလိုသီချင်းမျိုးပေါ့ ...။

ကျွန်တော့်ယူမယ့်သူက ဆေးလိပ်သောက်တတ်တယ်ဆိုရင်လည်း ခွင့်ပြုတဲ့သူကိုရောဂါဖြစ်စေတယ်လို့ မကြားသေးသရွေ့ ကျွန်တော်နဲ့ဝေးဝေးမှာ သောက်ခွင့်ပေးထားမှာပါ ကျွန်တော်ယူမယ့်သူမှာ ညီမဆိုတာမရှိမှဖြစ်မှာ ယောက်မရေသူငယ်ချင်းဆိုတဲ့ကားကြည့်ပြီးသွားထဲကယောက်မ ဆိုတာ အသေကြောက်လို့မလိုချင်တော့တာပါ ဘ၀ဆိုတာတိုက်ပွဲခယ်မဆိုတာလိုက်ပွဲလို့ သတ်မှတ်တတ်တဲ့ခဲအိုမျိုးလဲ မရှိချင်ဘူး ဒါကြောင့်ကျွန်တော်ယူမယ့်သူကတစ်ဦးတည်းသောသားဆို ပိုမကောင်းဘူးလားနော်
တစ်ဦးတည်းသောသားတွေ တစ်ကိုယ်ကောင်းဆန်တယ်ဆိုလည်းကျွန်တော်ကအေးအေးပါပဲ ..။

နှစ်ကိုယ်ကောင်းဖို့အတွက် ကျွန်တော်ကြိုးစားတတ်ရင်ဖြစ်ပါတယ် ... ယောက်ခမ ချစ်တဲ့ချွေးမလေးအဖြစ် ကျွန်တော်ကြိုးစားပြီးနေမှာပါ အိမ်ခွဲနေရင်းပေါ့လေ .. သူလည်း မိန်းမယူတာမှားပြီ ယောက်ခမအလွန်အနိုင်ကျင့်သည် ဆိုတဲ့အဖြစ် မဖြစ်စေရပါဘူး .. ကျွန်တော်တို့က တစ်ပတ်တစ်ခါလောက် မိဘတွေအိမ် အလည်သွားရမှာနော် .. အမေတွေချက်တဲ့ထမင်းဆိုတာ ဘယ်အရာနဲ့မှမလဲနိုင်တဲ့အရာမှတ်လား .. သူကသူငယ်ချင်းတွေနဲ့တွေ့ ပျော်ပျော်ပါးပါးနေချင်သေးတယ်ဆိုရင်လည်း .. ကျွန်တော်က အိမ်မှာ ပါတီလုပ်ပေး သူပျော်ဖို့အတွက်ဆို အမြဲအသင့်ရှိပြီးသားပါ .. တစ်ခါတစ်လေ ရန်ဖြစ် စိတ်ညစ်ရတဲ့အခါ ကျွန်တော်ပဲအမြဲစခေါ်မှာပါ
ပြီးသွားရင်တော့ ရန်ဖြစ်တဲ့အကြွေးအတွက် လက်စွပ်လေးတစ်ကွင်းလောက်တော့သူကပေးသင့်တယ်လို့ပြောမှာပေါ့ ...။

အင်း…… ကျွန်တော်လိုချင်တာတွေက သိပ်များများနေသလားဟင် ...ကျွန်တော်ကတော့ မများဘူးလို့ထင်တာပါပဲ ..အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤ သုံးမျိုးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည်လေး .. ဆိုတဲ့စကားလည်း ကြားဖူးသားပဲမှတ်လား တည်ဆောက်ပြီးတဲ့ဘ၀တစ်ခုကိုလွယ်လွယ်လေးတော့ ဘယ်သူမှ ပျက်ချင်ကြတာမှမဟုတ်တာနော်… ကျွန်တော်လည်း လိုချင်တာတွေရမှရပါ့မလားတွေးရင်းနဲ့ တဖြေးဖြေးရွေးရင်း ရွေးရင်း သူငယ်ချင်းတွေသာ အိမ်ထောင်ကျ ကျွန်တော်ကတော့ အပျိုကြီးများ ဖြစ်နေမလား မသိတော့ပါဘူးဗျာ .... ..။

အပေါ်က စာစုလေး ကတော့ ထာဝရသူငယ်ချင်း များ ထဲက ညီမငယ် မွန်မွန်ထူး ရဲ့ ဖော်ဝပ်မေးလ် လေးပါ .. အောက်က စာစု ကတော့ လူပျိုကြီးပေါက်ကျိုင်း ရဲ့ ပေါက်ကတရ လက်ကမြင်း စာ ဖြစ်ကြောင်းပါ ခင်ဗျား ...

ညီမငယ် မွန်မွန်ထူး ရဲ့ စာစု လေးကို ဖတ်ရင်း အမှည့်လွန်အတွေး လေး တမျှင်မျှင် နဲ့ ခင်ဗျ .. ပေါက်ကျိုင်းမလဲ အရွယ်တော် တစ်ဆိတ်ဟိုင်း လို့ အပျိုကြီး ( အဲလေ ယောင်လို့ )လူပျိုကြီး ဘဝနဲ့ တကိုယ်တည်း ဖြစ်နေပေမဲ့ ဒီ ဘဝ လေး ကို အလွန်ကျေနပ်မိ သဗျာ.. ခြေထောက်မှာ ဗွေပေါက် ခြေတောင့် အောင် လမ်းကြောရှည်လှ တဲ့ ပေါက်ကျိုင်း အတွယ်အတာ ဆိုလို့ အဖေ နဲ့ အမေ သာ ရှိခဲ့လေတော့ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည် ဆိုသလို ရှေးရာဇဝင် ထဲက ပေါက်ကျိုင်း ထုံး နှလုံးမူ လို့ ခင်ဗျ .. တောထဲတောင်ထဲ မှာ ဟိုခုန်ဒီကူး မျောက်လွဲကျော် ဘဝ နဲ့ အပျော်ကျူး နေတုန်း ပေါက်ကျိုင်း မွေးသမိခင် တုတ်တစ်ချောင်း နဲ့ ဆော်ပလော်တီး ဖို့ ရောက်လာမှ ကုပ်ချောင်းချောင်း နဲ့ ပြည်တော် ပြန်ရောက်ခဲ့ပေါ့ . .. ပြောလဲပြောစရာ အပျော်ကျူး နေတာက လဲ ဆယ့်နှစ်နှစ် ကျော်ကျော် ကိုး ...။

ကဲဗျာ .. ထားလိုက်တော့ ပေါက်ကျိုင်း ရဲ့ လွတ်လပ်တဲ့ ဘဝကို ဘယ်အနှောင်အဖွဲ့ မှ ကျူံးသွင်း မခံနိင်ပေါင်ဗျာ ... ။ အနှောင်အတွယ် ကင်းကင်းနဲ့ သွားချင်တဲ့ နေရာဆို ရွှတ်ကနဲ စားချင်တဲ့ ဟာဆိုရင် ပါးဖြဲနားဖြဲ စား အိပ်ချင်ပြီဆိုရင် တွေ့တဲ့နေရာမှာ ဖုတ်ဖက်ခါ ထိုးအိပ်လို့ လူပျိုကြီး ဘဝ ကို ပျော်ပျော်ကြီး ဖြတ်သန်း ရင်း သူငယ်ချင်း အပေါင်းအသင်း တွေက လေကြောရှည် မေးမြန်းစပ်စု လာကြပါတယ် ..။
ပေါက်ကျိုင်း မင့် မလဲ လူပျိုကြီး ဘဝ နဲ့ အရိုးဆွေး တော့မယ် .. အိမ်ထောင်မပြုတာ .. မစွံလို့လား.. ကြောက်လို့လား .. သောက်သုံးမကျလို့လား.. လွတ်လပ်တဲ့ ဘဝကို ခုံမင်နေလို့လား.. ဒါမှ မဟုတ် မာမီ များတို့လို ခြောက် နေလို့လား.. တလားလား နဲ့ စပ်စု လိုက် ကြတာ ..။

သူငယ်ချင်း မောင်စပ်စု မယ်စပ်စု တို့ကို ပေါက်ကျိုင်း တစ်ကောင် ဒီလို မိန့်ခွန်း ပြန်ချွေ ရသဗျ.. အဟမ်း အဟမ်း ..။
ချေးခြောက်ရေနူး ပြန်ပြောရရင် ငယ်ငယ်တုန်းက အသဲ ဘဝင်ငြိ ဟတ်ထိ ဘူးခဲ့တဲ့ မဒီလေး တွေ လေးငါး ဦးတော့ ရှိဘူးခဲ့ သပေါ့ဗျာ .. ပေါက်ကျိုင်း သောက်ကျင့် အတိုင်း တစ်ယောက်ပြီး တစ်ယောက် ဟတ်ထိရင်း သူတို့တွေ မလဲ ပေါက်ကျိုင်း ကို စိတ်မရှည် ငတုံး လို့ သဘောထားပြီး တစ်ယောက်ပြီး တစ်ယောက် တစ်ပဲ့ပဲ့ကြွေ အိမ်ထောင်ပြု သွား ကြလဲ ဟောဒီ ပေါက်ကျိုင်း ပြောင်ကြီး မျက်နှာက စပ်ဖြဲဖြဲ ..
လူထဲကလူ သူလိုငါလိုပါဘဲ ... ။

အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤ သုံးမျိုးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည်လေး .. ဆိုတဲ့ စကားပုံ ကိုကြောက် လို့လားဆိုတော့လဲ .. အဲဒီအချိန်တုန်းကလို ငမ်းကြော ထဖို့ နေနေသာသာ အခု ညီလေးတွေ ထမင်းမေ့ဟင်းမေ့ ကစားနေတဲ့ ဖိုက်တာဂိမ်း ကို ပေါက်ကျိုင်း ဟိုး တောထဲတောင်ထဲမှာ ခြောက်နှစ်ကျော် ခွန်နှစ်နှစ် မက်မက်စက်စက် ကစား ခဲ့ဘူးလေတော့ အချိန်မရှိ အဲဒီ ဖက် ကို စိတ်ကူးလေးနဲ့တောင် မလှည့်မိခဲ့ပေါင်ဗျာ .. ၊ မာမီပေါက်ကျိုင်း လို့ ဆိုရအောင် ကလဲ တစ်ထင်ထင်မြည်နေတဲ့ စိတ်နဲ့ စမ်းချင်တာစမ်းမောင်ဗဂျမ်း လို ခါးတောင်းမြှောင်အောင်ကျိုက် လက်ခမောင်းခတ် ပြီး ချိုတစ်သွေးသွေး နဲ့ ... အဟေးဟေး..
ဖွဲတစ်ဆုပ်နိုင်တဲ့ အထိ ဆိုတဲ့ စကားပုံ လေးက ရှိသေး သကိုး...။

ပြီးတော့ကော .. ဟုတ်တယ် .. လွတ်လွတ်လပ်လပ်နေချင်တယ် .. အပူအပင် မရှိချင်ဘူး .. သူငယ်ချင်းတွေရဲ့ အိမ်ထောင်ဘဝ ကောင်းကောင်းဆိုးဆိုး တွေ ကို နေ့တဒူဝ တွေ့မြင်နေရတော့ လွတ်လပ်တဲ့ ဘဝကို ပိုလို့ပိုလို့ မြတ်နိုး လာမိသဗျ ..၊ ပေါက်ကျိုင်း အခုအချိန်မှာ ဟိုး..အနောက်တိုင်း စကားပုံ တစ်ခုထဲကလို ဘဝ ကို စ ဖို့ လေးနှစ်ကျော် လိုသေးပေမဲ့ စဉ်းစားတတ်လာပြီ ..( အခု အချိန်တော့ ဒေါင်ကျကျ ပြားကျကျ ဘာဘဲ ဖြစ်ဖြစ် ) ပေါက်ကျိုင်း အသက်အရွယ်လေး နဲနဲထောက်လာရင် လောက်ငှတဲ့ ဝင်ငွေ လေးနဲ့ ခပ်ရွယ်ရွယ်ခြံ ထဲမှာ ဝါသနာ ပါတဲ့ သီးပင်စားပင်လေး တွေ စိုက် ..အားရင် စာဂျပိုးပေါက်ကျိုင်း လက်လှမ်းမှီရာ စာတွေနဲ့ တရားစာလေးတွေဖတ် ... ဒါတွေ ကို ညဏ်စဉ် မမှီသေးဘူး ဆိုလဲ သမိန်ပေါသွပ် တို့ ၊ ဝိဇ္ဇာ တို့ ၊ မြိုင်ရာဇာတွတ်ပီ တို့ ကာတွန်းစာအုပ်လေးတွေ လှန်လှော နဲ့ .. အဟဲဟဲ ..
အဲဒီလို ပေါ့ပေါ့ပါးပါး .. ပျော်ပျော်ပြုံးပြုံး နောက်ဆုံး အထိ ဖြတ်သန်း ချင် သဗျာ ..။

အင်း ... တွေးရင်းနဲ့ ဟို ပုံပြင်လေးတစ်ပုဒ် ကို အမှတ်ရမိပါတယ် ..
တစ်ခါ တုန်းက ရိုးလွန်းအလွန်း ပြီး ပုတီးလေးတစ်ချောက်ချောက်နဲ့ တစ်ဦးတည်း သောသား ကိုအေးမောင် ဆိုတဲ့ လူပျိုကြီး တစ်ယောက်ရှိသတဲ့ဗျာ .. ဒီလူပျိုကြီး က အသက် သုံးဆယ်ကျော် လေးဆယ် စွန်းခါနီးအထိ မစွံတော့ သူ့မိဘ တွေ က မျိုးဆက်ပြတ်မှာ ကြောက် သဟ ဆိုပြီး မိန်းမ ပေးစား ဖို့ စီစဉ်ကြ သဗျ .. အဲဒီလို စီစဉ် နားချ ကြတော့ လူပျိုကြီးက ကိလေသာတွေ ..သဏှာတွေ မီးတွေ ဆိုပြီး ခါးခါးသီးသီး ငြင်းသတဲ့ဗျာ .. မိဘတွေက မဖြစ်ချေဘူး ဆိုပြီး ဘေးဆွေမျိုး တွေကို အကူအညီ တောင်း ပြီး နားချခိုင်းရသတဲ့ .. ဒီတော့ လူပျိုကြီးရဲ့ အမဝမ်းကွဲ တွေက ဝိုင်းဝန်းပြီး ရွာတောင်ဖက်က မိနှင်း က ဒီလို ရွာနောက်က အေးဘုံ က ဘယ့်နှာ ရွာလည်က အပျိုကြီး မွန်မွန်ထူး က ဘယ့်နှယ် နဲ့ ဖြောင်းဖြ စေ့စပ်ကြတော့ အိမ်ကပြင် ကိုတွေတွေ ကြီး ငေးကြည့်ရင်း ဒီလို တစ်လုံးချင်း ပြန်ပြောလိုက် သတဲ့ဗျာတို့ ..

“ ဒါတွေ ဟာ မှောင်မိုက်လွန်းတဲ့ ကိလေသာ သဏှာမီး တွေပါ အမတို့ရယ် .. အမ တို့ မိန်းမအတင်း ပေးစား လို့ ကျွန်တော် ယူ ရမယ် ဆိုရင်လဲ ..  အင်း ...  တစ်လ လောက်တော့ လိုချင်သားဗျ ”

ဒီလိုနဲ့ဘဲ .. ညီမလေး မွန်မွန်ထူး က အပျိုကြီး ဘဝကို ပူပင်ကြောင့်ကျ .. ပေါက်ကျိုင်း တစ်ယောက် ကတော့ လူပျိုကြီး ဘဝကို ခုံမင်တောင့်တ .. ဘဝ ကိုဖြတ်သန်းရင်း နဲ့ဘဲ တရွေ့ရွေ့ ..... ။


Saturday, June 12, 2010

ပြောချင်လွန်းလို့ ကြည့်နေတာကြာပြီ ...

                                 အင်္ဂလန် ဘရာဇီး တွေနဲ့
                                
                                 တယ်ပြီးတော့ မယုံချင် ...။

                                 ဘောပွဲတွေ အကြောင်းပြပြီး

                                 ညနက်နက် အမှောင်ပျော်

                                 သန်းခေါင်ကျော် ထွက်ပေါက်ရှာတဲ့

                                 မတော်ရာ ကြားလာလို့တော့

                                 သေဖို့သာပြင် ...။

                                “ မောင်းကျိုးပြီ ” “ ဘော်ဒီရှူံးတယ် ” နဲ့

                                 ဘတ်ငွေ တွေ စာရင်းလိမ် လို့

                                 အငယ်အိမ် ဘယ်မှာ ရှိမှန်း

                                 ကျူပ် သိအောင် လိုက်စုံစမ်း မယ်ပါ့

                                 ရပ်တန်း က ရပ် ဆင်ခြင်

                                 သေချာရင် နောင်ဂျိမ်တီး ...။

                                 အသာတကြည် မရ ရင်ဖြင့်

                                 နှစ်ဝါ တစ်နီ အသင့်ပြင်ထားပေရော့

                                 နှစ်ဆင့်ကန် ပြစ်ဒဏ်ဘော လိုပါ့

                                 တောသူမ ဖလိုင်းကစ် နဲ့

                                 တိုင်း သိအောင် ကြော်ငြာ ထည့်မယ်

                                 ဟဲ့ .... သေနာကြီး ...။





                               

Saturday, June 5, 2010

မနေနိုင် မထိုင်နိုင် လက်ကမြင်း ကဗျာ ...


                  
                   “ နေဝင် မင်္ဂလာ နောင်ဂျိမ် တေး ”

                         
                                 ဇိုးမောင်မောင် ပေါက်ကျိုင်း မှာ လ ...

                                 ယမကာ ရွှေရည် ပုလင်းရယ်နှင့်....

                                 သီချင်း ကိုတဲ့ အော်ကာငင် ...

                                 သိုင်းကွက် ကို ဆင် ...။

                                 အိမ်တွင်း ကို ဝင် ..

                                 အိမ်ပေါ်က လေဒီညှင်း ရယ်မှ ....

                                 ထမီ ကို စွန်တောင် မကာ ဖြင့် ....

                                 ရပ်အော်လံ လူကုန် ကြားရအောင် ပ ....

                                 လက်ညာမှာ တုတ်တို ဆွဲတယ် ..

                                 ဆဲ ကလော် လို့ ဆင်း .... ။







Tuesday, June 1, 2010

အင်တာ ကီး ...

 အသက်၆၀ ကျော် ခွန်နှစ်အိုရှစ်အို အဖိုးကြီး ပေါက်ကျိုင်း တစ်ယောက် ကွန်ပြူတာခန်းတစ်ခုတွင်
 Microsoft Word ကို စသင်ရာ ... ဆရာ က ....

“စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ ..
 E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ...
 မတွေ့သေးရင် ... Right Shift Key ရဲ့ အပေါ်မှာပါ .. Back Space ရဲ့ အောက်မှာပါ ...
 Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ...
 တွေ့ပြီလား ခင်ဗျာ... ”

  ဒါကို အဖိုးကြီးပေါက်ကျိုင်း က  Enter Key ကို ကတုန်ကရီ နဲ့ လက်ညှိုး ထိုးပြပြီး ...

“သားလေး...... ဒါကိုနှိပ်ရမှာ လားဟင် ..”

 သူ့အမေး ကို သင်တဲ့ ဆရာက ပြူးပြဲကြောင်တောင် ကြည့်ရင်း

“ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ ... အဲ့ဒါကို နှိပ် ... ရ ....မှာ ... ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”



“ဖြောင်းဖြောင်းဖြောင်း” = (မည်သံစွဲအလင်္ကာ)  ဇက်ပိုးကိုလက်ဝါးဖြင့်အုပ်၍ထွက်လာသောအသံ


Sunday, May 30, 2010

ခံစားမိတဲ့ .. လွမ်းနေတုန်းအိပ်မက် ..



( တယောက်ထဲသော သူ အတွက် ပါ )

ဟောင်းလောင်း သရဲ ...


ပေါက်ကျိုင်း တလောက နယ်စပ်မြို့လေး ကော့သောင်းကို အကြောင်းကိစ္စ တစ်ခုနဲ့ ရောက်ခဲ့ သဗျ .. တလောက ဆိုပေမဲ့ သုံးနှစ် ပျော့ပျော့ လောက်တော့ ရှိပြီထင်ပါရဲ့ .. ထီးထမ်းလမ်းလျှောက်ပေါက်ကျိုင်း ကျမ်းမာရေး က လက်နဲ့တောက်လိုက်ရင် တထင်ထင် နဲ့ မြည် နေတော့ကာ.. ဟိုနေရာ ဒီနေရာ စပ်စပ် စပ်စပ် နဲ့ ခရီး တဒီးဒီး သွားရ သဗျ.. ခြေထောက်မှဲာ ဗွေ ကလဲ ရှိသကိုး..ပြောရမယ်ဆိုရင် ပေါက်ကျိုင်းခမျှာ အသက်က သင်းချိုင်းကုန်း ကို ခြေတစ်ဖက်လှမ်းနေပေမဲ့ စိတ်လေးကတော့ ဆယ်ခြောက်နှစ်သာသာမို့ ဆုရတီ လေး ဆိုရင် ဘယ်လို မယ်လိုဒီလေး က ဆိုရင် ဘယ့်နှာ ဝိုင်းစု လေးဆိုရင် လာထား ဆိုပြီး ချိုတစ်သွေးသွေး နဲ့ ခင်ဗျ..( အဲ .. စကားတောင် ဘယ်ရောက်သွားပြီလဲ မသိဘူး .. ပေါက်ကျိုင်းများ ဒါမျိုးဆိုရင် သိပ်တတ် ) ဒီမြို့ နဲ့ ဒီနယ် တစ်ကြောမှာ ဝေလေလေ ပေါက်ကျိုင်း ရဲ့ အသက်သုံးပုံ ပုံတစ်ပုံဟာ မြုတ်နှံထားခဲ့မိလေတော့ .. ဒီတောဒီတောင် ဒီမြို့လေး ဟာ ပေါက်ကျိုင်း ရဲ့ ဘဝသက္ကသိုလ်ကြီး ဆိုတာ မမှားပေဘူးပေါ့ဗျာ.. ။

အဲဒီမှာ ပေါက်ကျိုင်းတစ်ကောင် ထိုင်းနိုင်ငံထဲက ရနောင်း အလွန်.. ခြုံဖေါ် ဆိုတဲ့ မြို့လေးကို ကိစ္စ တစ်ခုနဲ့ သွားစရာ ရှိလို့ ဘာညာသာရကာ ဖြတ်သန်းရေးကိစ္စတွေ လုပ်ရင်း ဟိုးတစ်ခါတုန်းက တေဖေါ်တေဖက် သောက်ဖေါ်သောက်ဖက် ရခိုင်သား ကိုထွန်းဇံ တစ်ယောက် ကို အဌားတက္ကစီဆိုင်ကယ်ကြီး ပေါ်မှာ ဟောလီးဝုဒ်မင်းသား ဂျွန်ဝိန်း စတိုင် နဲ့ ကားယားကြီး တွေ့ရ သဗျ .. ဒီကောင် ထွန်းဇံ ..အားရဝမ်းသာ နားရင်းတွေရိုက်ပြီး ဖက်ထားလိုက်တာ ရင်ခြင်းဆက်အမွှာ ခွဲစိတ်ခန်း ထဲ ဝင်တော့မယ့် အတိုင်းဗျာ.. လူတွေရှေ့မှာ ပေါက်ကျိုင်းခမျှာ ရှက်ကိုးရှက်ကန်းကြီးဖြစ်လို့ ..ပြီးမှ ကော့သောင်းမှာ အမြည်းအကောင်းဆုံး ထွန်းလှ ဆိုင် မှာ အေးအေးဆေးဆေး ဝင်ထိုင်ရင်း.. တစ်ခါတုန်းက တောထဲတောင်ထဲမှာ သေဖေါ်သေဖက် အကောင်းအဆိုးတွေကို မျှဝေခံစားကြတဲ့ လက်တွဲဖေါ် သူငယ်ချင်းတွေ ကို မေးကြည့်မိပါ သဗျာ ..

သူငယ်ချင်းအများစု က ရောင်းကောင်းရောင်းဝယ်လုပ်စားသူက လုပ်စား သေတဲ့သူက သေ .. နယ်ကျော်ပြီး စုတ်စမြုပ်စ ပျောက်သွား တဲ့သူကပျောက် နဲ့ ပြောရင်း ဖြတ်ကနဲ သတိရလာဟန်တူပါရဲ့ အဝင်း နဲ့ သီသီစိုး ကတော့ ဒီကော့သောင်း တစ်မိုင်တောင်ကုန်းအောက်မှာ တိုက်ပုလေး တစ်လုံးဝယ်ပြီး အခြေချ နေလေရဲ့ ဆိုတော့ကာ သူ့ဆိုင်ကယ်နဲ့ဘဲ နှစ်ကောင်သား အားရဝမ်းသာ ဒီလင်မယား အိမ်ကို သုတ်ခြေတင် လာပါရော ဗျား.... ။

အိမ်ရောက်တော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခေါင်းလုံးဖွေးဖွေးဖြူနေတဲ့ မွန်ကြီး အဝင်း နဲ့ အရင်ကလိုဘဲ သေးသေးသွယ်သွယ် ချောလှ အရွယ်တင်နေသေးတဲ့ ထားဝယ်သူ သီသီစိုး တို့ ကျောပိုးအိပ်ကြီး ကိုးယို့ကားယားနဲ့ ပေါက်ကျိုင်း ကို ကြည့်ရင်း မမှတ်မိဘူးထင်ပါရဲ့ ရခိုင်ထွန်းဇံ ကို မျက်စတပြစ်ပြစ်နဲ့ ဘယ်သူလဲ ဆိုတဲ့သဘောပေါ့ ….၊ ဒီတော့မှ ရခိုင်ထွန်းဇံ လဲ ငယ်ဝသီအတိုင်း အဆဲလေးနဲ့ ..

“ ငါ့လရှီးမှဘဲ မင်းတို့ မမှတ်မိကြတော့ ဘူးလား ဒါ ချီးထုတ် မောင်မောင်လေ ( အဲဒီတုန်းက ပေါက်ကျိုင်း နာမည်က မောင်မောင်ပါ ) နင့်မိငါရိုး ဒါ ဟောင်းလောင်းသရဲကြီး လေကွ ..”

ဆိုမှ ကျွဲနွားများ အဝယ်မမှားရအောင် တစ်စိမ့်စိမ့်ကြည့် တဲ့ အကြည့်နဲ့ ကြည့်ရင်း မှတ်မိလာဟန်တူပါရဲ့ မျက်ရည်တွေ ဝိုင်းလာပြီး

“ ဟာကွာ ဟာကွာ .. ချီးထုတ်မောင်မောင်ကြီး ..”

ဆိုပြီး ပေါက်ကျိုင်းရဲ့ ထွားကျိုင်းကြူံလှီလှတဲ့ ရင်ဘတ်ကြီးကို တအုန်းအုန်း သူ့လက်သီးကြီးနဲ့ စွတ်စွတ်ထိုးနေလို့ ပေါက်ကျိုင်း ရင်ဘတ်ကိုအောင့်လို့..။

ပြီးမှ စပ်မိစပ်ရာ ဘာညာသာရကာ.. ပြောရင်းဗျာ .. နယ်မြေလို့ သတ်မှတ်ခံရတဲ့ စူငယ်ဘာလိုင်းချောင်းဖျားကြီး ကျေးရွာအိမ်စုလေးမှာ တနှစ်ပျော့ပျော့ ဝေလေလေ လုပ်ခဲ့တုန်းက တေဖေါ်တေဖက် သူငယ်ချင်း တွေဖြစ်တဲ့ အညာသား ကြွက်တွင်း ဖာထမ်းမိုးသော်..၊ အဲဒီတုန်းက ရာဇာနေဝင်း မပေါ်သေးဘဲ သူ့စတိုင်အပြည့်နဲ့ ဘုတ်ပြင်းသား ချီးထုတ်ဝင်းအောင် …၊ အရက်များမူးလာရင် သူတို့ရိုးရာ ကျင်ခတ် တယ်ဆိုပြီး သူတကာကို အပျော်သဘော စစ ပြီး နပန်းလုံးတတ်တဲ့ ရခိုင်ကြီး စံလှဘော်..၊ စတဲ့ ချီးထုတ်ဘော်ဒါတွေကို မေးစမ်းရင်း အဲဒီ အိမ်ခြေစုလေးမှာ ပေါက်ကျိုင်းရှေ့က အဝင်း နဲ့ သီသီစိုး တို့ လူတကာပါးစပ်ဖျားမှာ တဟီးဟီးနဲ့ ပြောမှတ်စရာ ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်သွားတာ ကို တွေးမိရင်း ...  ဒီလင်မယားကို ပေါက်ကျိုင်း မျက်လုံးစွေပြီး ကြည့်လိုက်တော့ ခုနက ရခိုင်ထွန်းဇံ ပြောလိုက်လိုက်တဲ့ .. ဟောင်းလောင်းသရဲ ဆိုတာ ကြားမိပြီး အမယ် .. သူတို့ ခမျှာ မျက်နှာက ရှက်ကိုးရှက်ကန်း စပ်ဖြီးဖြီး .. ဟီဟိ ...။

တစ်ခါတုန်းက ကော့သောင်း နဲ့ မြိတ် ကို ဒီနယ်က တစ်ခုတည်းသော (၂၆၂ )တပ်ရင်း ၊ ဘီအီး ၊ ဂျီအီး တပ်ဆွယ်လေးတွေ နဲ့ အကြံအဖန် သစ်ခိုးထုတ်နေတဲ့ ထိုင်းက ကုမ္မဏီ တွေ… မဟာဗျူဟာ လမ်းမကြီး ဆိုပြီး အစိုးရက မြေသားလမ်း စဖေါက် နေတဲ့ အချိန်ပေါ့ ခင်ဗျာ ..၊ အဲဒီမြေသားလမ်း ဘေး တောထဲ တစ်မိုင် လောက်မှာ ပေါက်ကျိုင်း ဝေလေလေလုပ်တဲ့ စူငယ်ဘာလိုင်း ချောင်းဖျားကြီး ကျေးရွာဆိုတဲ့ အိမ်ခြေ ၂၀ သာသာ အိမ်စုလေးမှာ လူတွေက လွှတိုက် ကြိမ်ခုတ် မုဆိုး အမဲလိုက် နဲ့ ကြုံရာကျပန်း အလုပ် လုပ်ကြသဗျ.. လူတွေက ရခိုင် ၊ မွန် ၊ ထားဝယ် ၊ မြန်မာ ၊ ကုလား ၊ ယိုးဒယားရှမ်းအနွယ် ၊ စသဖြင့် တစ်အိမ်ထောင်စုစီရှိကြပေမဲ့ လူဦးရေအလွန်နဲတော့ကာ တစ်ဦးကိုတစ်ဦး ညီအကိုမောင်နှမ သားချင်းတွေ တစ်ဖွယ် အလွန်ချစ်ခင်ကြသဗျို့..။

ဒီရွာလေးမှာ ဇတ်လိုက်ကြီး အဝင်း က တဲလေးတစ်လုံးထိုး ပြီး တကိုယ်ထဲ တောချက်အရက် ဆိုင်လေး ဖွင့်ရောင်း နေသဗျ.. မုဒုံသား အဝင်း ဟာ ရုပ်ရည်လေးကလဲ သန့်ပြန် အသောက်အစားကလဲ ကင်း.. စုစုဆောင်းဆောင်း သမားဆိုတော့ ဒီအိမ်ခြေစုလေးထဲက မရှိတဲ့ အပျို နှစ်ယောက်တစ်ပိုင်း ကလေးများက မျက်စောင်းလေး တစ်ချိတ်ချိတ်နဲ့ … ၊ အဲဒီ ထဲမှာ ထားဝယ်ကနေ ရေကြည်ရာမြက်နုရာ ရှာရင်း ရောက်လာတဲ့ မိသားစုထဲက သီသီစိုး လဲ ပါသပေါ့ဗျာ.. ဒီ ထားဝယ်သူ သီသီစိုး ကလဲ တောထဲတောင်ထဲမှာဆိုတော့ကာ အနူတောထဲက လူချော ပမာ .. ။

ပေါက်ကျိုင်းတို့ မျက်စိကလဲ ရွာဘေး ချောင်းကလေးမှာ အဝတ်ထိုင်ထိုင်လျှော် တတ်တဲ့ ကုလားမကြီး ဇန်နဘီ ကို မြင်.. မြင်ပါများ လှလှ လာလို့ အကြည့် ဘရိတ်အုပ် ရတာလဲ အကြိမ်ကြိမ် မို့ … သီသီစိုး တို့ မိသားစု ဒီရွာလေးကို ရောက်လာလို့ ကာလသား ပေါက်ကျိုင်းတို့ တတွေ သူ့ရဲ့ တဲအိမ်လေး နဘေးမှာ ညည အရက်လေးတထွေထွေနဲ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် လုပ်နေတတ်ပေမဲ့ အမယ် သူက ပေါက်ကျိုင်းတို့ ငမူးငရူပ် ကာလသားတွေကို ဖုတ်လေတဲ့ ငပိ ရှိတယ် လို့တောင် မထင်ဘဲ တဲမျက်စောင်းထိုးက မဟာချက်အရက်ဆိုင် ပိုင်ရှင်ကြီး အဝင်း နဲ့ မျက်စပြစ်၍ တဖုံ ခြေဆောင့်၍ တစ်နည်းနဲ့ ပဲများနေတော့ ကာ ပေါက်ကျိုင်းရဲ့ ခြေအေးဝမ်းရောင်ကြီး ကို စိတ်နာနာနဲ့ ရပ်လိုက်တော့ သဗျား ...။

တစ်နေ့သားမှာ ပေါက်ကျိုင်း နဲ့ ဖာထမ်းမိုးသော် ( အညာကနေ ဖာတောင်းကြီး နှစ်လုံးထဲမှာ ခြုံစောင် ၊ ဖိနပ်က နေ အပေါစား မိတ်ကပ် နုတ်ခန်းနီ ဆံညှပ် …စတဲ့ တိုလီမုတ်စ ထဲ့ပြီး ထမ်းပိုး နဲ့ ထမ်းကာ ထမ်းကာ ရွာစဉ်လှည့် ဈေးရောင်းသူ ) တို့ အဝင်းဆိုင်မှာ ချက်အရက်လေး တလုံး အကြွေးယူပြီး ဒီဆိုင်ကဘဲ အလကားရတဲ့ မျောက်ညိုချီးခါးဟင်း ကောင်းကောင်းနဲ့ ဆွဲလိုက်တာ ပုလင်းတစ်လုံး လဲပြောင်တော့ ဒီ ဖာထမ်းကောင်က သူ့တစ်နေ့တာ လျှာထားချက် မပြည့်မှီသေး ဘူး ဆိုပြီး ဆိုင်ရှင် အဝင်း ကို မျက်နှာချိုသွေးပြီး သကာလ နောက် တစ်လုံး ယူ မျောက်ချီးခါးဟင်းရည်လေးပါ မရမက အပါဆွဲလာပြီး ဒီရွာစုလေး နဲ့ ၄ ဖာလုံ လောက်ဝေး တဲ့ ပေါက်ကျိုင်းတို့နေတဲ့ တဲဘုံနန်းလေး ဆီကို သက်ကယ်တောကြီး ဖြတ်ပြီး ပေါက်ကရသီချင်းတွေ ဆိုပြီး တထွေထွေ နဲ့ ပြန်လာပါလေရောဗျ..

“ ဟဲ့ကောင် မောင်မောင် သီချင်းဆိုကွာ.. ဒါမှ မင့်ရဲ့ အမင်္ဂလာ အောင်မောင်း အသံကြီးကြားမှ တောဝက်တွေ မလာရဲမှာ …. ”

“ အားပေး တယ် လာ့.. ”

“ ခရီးလမ်းမ တွင် အလယ် …. ခလုတ်ကန်သင်း တိုက်ကာလဲ ဟယ် … ပုလင်းလေး ကျကာ ကွဲတယ် … ပုလင်း လေးက စကားပြောလာ ပြီကွယ် ..သား လူလေး ရေများများ ရောပါ သားရယ်.. သား မှား ..မှား....  ”

“ ဟဲ့ကောင် ..တွံတေးသိန်းတန် ကြားရင် သူ့သီချင်းဖျက်ရကောင်းလား ဆိုပြီး ဖနောက်နဲ့ လာပေါက် နေဦးမယ်… ဒါကြီးဘဲ ထပ်နေတယ် .. ဒီ့ပြင် ဟာဆို.. ”

“ ဒါဘဲ ရတယ်ဟ.. ဖာထမ်းကောင်ရဲ့ ဒါဆို မင်း ကဗျာ ရွတ်ကွာ.. ”

“ အိမ်း.. မင်းက ငါ့ရဲ့ မော်ဒန်ကဗျာ ကို အလွန်နှစ်သက် မြတ်နိုးစွာ နားဆင်ချင် သပေါ့ လေ ငြီမ်ငြီမ်ပိပိ နားထောင် .. အဟမ်း .. အဟမ်း ”

အဲဒီတုန်းက ခေတ်စားစပြုနေတဲ့ မော်ဒယ် လား မော်ဒန် လား မော်ဒက် ဆိုလား တောသား ပေါက်ကျိုင်း ဘယ်လိုမှ နားဝင်မချိုတဲ့ စာလိုလို ကဗျာလိုလို ဟာကြီးကို မိုးပေါ် လက်နှစ်ဖက် ဆန့်တန်းပြီး သွတ်ပြားပေါ် ကြောင်ခြစ်တဲ့ အသံနဲ့ …

  “ မိုးပေါ်ကလမင်း .. နဲ့ စစ်ခင်းမိတဲ့ ကျုပ်

      တိုက်ပွဲကို ပုလင်းတစ်လုံးခြား..

       ပွတ်ကာသီကာ ရှံးနိမ့်ခဲ့ရင်း
  
       ဒီ သက်ကယ်တောကြီးပေါ် ပြုတ်ကျ ..

       ကျုပ် .. ဖာထမ်း ထမ်းပိုးကြီး ကျိုးဘူးတယ်..”

ဘယ်လို ဘယ့်နှာ မှန်း မသိ ကဗျာကြီးက ပေါက်ကျိုင်း မျိုထားဆို့ထားတဲ့ အရည်လေးတွေ ပြန်ထွက်ချင်လာအောင် အီလယ်လယ်ကြီး ဖြစ်လို့ .... ။

စတာက ပေါက်ကျိုင်း ....
ရွာက အထွက် လေး ကတည်းက မျောက်ချီးခါး တန်ခိုး နဲ့ ဗိုက်က တရစ်ရစ် နာလာလို့ ရွာအထွက် တစ်ခေါ်လောက်က ပေါက်ကျိုင်းတို့တတွေ မူးလာရင် ပေါက်ကရလေးဆယ်သီချင်း ပေါက်ကရ ကဗျာ တွေကို တက်တက်ဆိုရွတ်နေကြ စတိတ်စင်ကြီး လဲဖြစ် .. ဘယ်အချိန်ကတည်းက လဲကျခြောက်သွေ့ သေဆုံးနေမှန်းမသိတဲ့ ရင်စို့လောက်ရှိတဲ့ ကညင်ပင် ခြောက်ကြီး ပေါ် နှစ်ကောင်သား ကုတ်ဖဲ့တွယ်တက်ပြီး အပေါ်မှာဘဲ ဗိုက်ထဲက ချက်အရက်နဲ့ မျောက်ချီးခါး ရောသမမွှေပြီး ထွက်ပေါက်တွေ ပိတ်မထား ပါနဲ့ ဆိုတော့ကာ တဘွတ်ဘွတ် … တဗြစ်ဗြစ် နဲ့ တူးမန်းရှိုး ပွဲကြီးကို ခြိမ့်ခြိမ့်သည်း ကျင်းပနေရ သဗျ ..( အောက်မှာဆို ခြင်၊ ဖြုပ် နဲ့ ပေါ လိုက်တဲ့ တောဝက်ရန်ကလဲ ကြောက်ရသေး သကိုး ) ဖာထမ်း ကောင် ကို စောင်းဌဲ့ ကြည့်လိုက်တော့ မသေခင်ထဲက ပုတ်ဆော်နံနေတဲ့ ကောင်ကြီး ဆိုပြီး နံလှသည်ထင့် ဟိုး ပင်ခြေရင်း သစ်မြှစ်ဆုံကြီး ပေါ်မှာ အရက်ကလေး တစ်ငုံစွတ်လိုက် မျောက်ချေးခါးလေးကိုမြည်းလိုက်နဲ့ ခုနက အဆက် မော်ဒန်ကြီးကို ဆက်ဟဲ နေသဗျာ ..။

ဒီလိုနဲ့ ဗိုက်ထဲစစ်တိုက်နေတာကို ဆောင်ကြောင့်ထိုင် ရှင်းလင်းနေတုန်း ပေါက်ကျိုင်း အောက်က ခါးလည်လောက် ရှိတဲ့ သက်ကယ်တောကြီးကို တရှဲရှဲ တိုးပြီး ကုန်းကုန်း ကုန်းကုန်း နဲ့ မဲမဲကြီးနှစ်ခု မြင်ရသဗျ ..
ဘုရား ဘုရား ..ကံသီပေလို့ တောဝက်တွေ ထင်ပါ့ .. အောက်မှာဆိုရင် ဖင်စအိုပွင့်ပြီ ဆိုပြီး ကြက်သီးတဖြန်းဖြန်းထနေတုန်း.. ဖြတ်ကနဲ အောက်စိုက်ထိုးထားတဲ့ ဓါတ်မီး အလင်း .. လူ … လူ..ဟ.. အချိန်မတော်ကြီး ဒီနေရာကို အန္တရယ်မကြောက် ဝက်မကြောက် နဲ့ ဘာလာလုပ်ပါလိမ့် .. မုဆိုးတောလည်ရအောင်လဲ လာကတည်းက မီးကို တောက်လျှောက် မကစားထား .. ဒီနေရာရောက်မှ ခပ်အုပ်အုပ်အောက်စိုက်ပြီး မီးကို ထိုးတယ်ဆိုတော့ကာ .. ဘယ်သူလဲ လို့ ပေါက်ကျိုင်း အတွေး ..

“ ဘာလို့ ဒီကိုခေါ်လာရတာလဲ .. ရွာနဲ့ နဲနဲလှမ်းတယ် .. သီ ကြောက်တယ်နော် ”

   ဟမ်… ရွာထဲက ပေါက်ကျိုင်းတို့ အသဲကုန်အူတုန် သီသီစိုး ရဲ့ ခပ်အုပ်အုပ် အသံ..

“ အဟီး .. သီလေးကလဲ ကိုဝင်းတို့ လွတ်လွတ်လပ်လပ် တွေ့ ရအောင် ဒီကို ခေါ်လာတာ အဟိ..ရွာနားမှာဆို ခွေးတစီစီနဲ့ .. ဒီမှာ ဆို အေးဆေး အေးဆေး..”

အမယ်.. ပေါက်ကျိုင်းတို့ ကျေးဇူးရှင် အဝင်း အသံကြီး ဟ..

“ ဝက်တွေကလဲ ပေါတယ်နော်.. ကြောက်ပါတယ်ဆိုမှ သူ့ကိုလဲ ကြောက်တယ်..အဟင့် ”

“ ကြောက်နဲ့နော်..ဒီမှာ ကိုဝင်း တယောက်လုံးရှိပါတယ် အားကိုးလိုက်စမ်းဘာ..ဘုန်း ဘုန်း ( နံရိုးကျဲကျဲ ရင်ဘတ်ပြဲ ကြီးကို ထုသံ ) ”

“ ဟင့်အင်း.. ဟင့်အင်း ..သီကြောက်တယ် .. သူ့ကို ချစ်လို့သာ ချိန်းလိုက်ရတာ မကဲ ရဘူးနော် ဒါဘဲ …”

ဘာညာသာရကာ တွေနဲ့ သူတို့ကိစ္စ သူတို့ အလုပ်ရှပ်နေကြပြီး သင်းတို့ မွှန်နေ လိုက်ကြတာ ..ငုတ်တုတ်ထိုင်ယိုနေတဲ့ အပေါ်က ပေါက်ကျိုင်းခမျှာ ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားဟာ တယ်ပြီးမှန်ပါလား လို့တောင်တွေးမိ လိုက်သေး သဗျာ…။
သင်းတို့ က ငုတ်တုတ်ပေါက်ကျိုင်းကို မမြင်လို့ မရှက်ပေမဲ့ ဒီက ရှက်တာက တမျိုး ကိစ္စကလဲ ..အင်ဂျူရီတိုင်း ရောက်နေပြီ ဆိုတော့ကာ သူတို့နဲ့ ဝေးရာကို  ကဏန်း သွားလေး ဘေးတိုက် သွားရင်း ရှင်းမဟဲ့ လို့လုပ်နေတုန်း အောက်က သင်းနှစ်ကောင် ချစ်နလန်ထ တာ ပြီးသွားပြီထင့် ….

“ ကိုဝင်း က သိပ်ဆိုးတာဘဲ သွား.. မကောင်း ဘူး ..ဟွန့် ”

“ အော်..ဟောဟဲ.. ကိုဝင်းက ချစ်လို့ ပါ ..ဟောဟဲ ..စိတ်မဆိုးလိုက်ပါနဲ့နော်..မျက်နှာ..ဟောဟဲ ..ကြီးကလဲ ဟောဟဲ..”

အဝင်း အမောဖေါက် သံကြီးနဲ့ ညူ့နေတာ.. ညူ့နေတာ ... ။

“ ကိုဝင်း ပုပ်ဆော်ကြီး ကလဲ နံလိုက်တာ ဘယ်နားကလဲ မသိဘူး ”

“ ဟောဟဲ .. ရှူးရှဲ… ရှူးရှဲ.. ဟုတ်တယ်.. သီ မကြောက်နဲ့နော် ”

အမယ်..ခုန တုန်းကတော့ မွှန်ထူနေပြီး.. အခုမှ သတိကပ်လာလိုက်တာ..

“ ဒီနားမှာ အရက်သမား အေးသောင်ကြီး ဝက်ပက် လို့ သေဘူးတယ်မလား.. အဲမိဝေး.. သီ…သီ ကြောက်တယ် ကြောက်တယ်…ပြန်စို့..ပြန်စို့..”

“ မ…မ ..ကြောက်နဲ့ သီလေး.. ကိုဝင်း တစ်ယောက်လုံးရှိသေးတယ်လေ.. အားကိုးလိုက်စမ်းဘာ..”

အရေးထဲ.. အဝင်း က အသံတုန်ခတ်ခတ်နဲ့ သီသီစိုး ကို မဟားဒယား ဖက်ထားပြီး လွှတ် အသားယူနေသေးတယ် ....။

ဒီတော့ ပေါက်ကျိုင်းမလဲ သူတို့မြင်သွားမှာစိုးလို့ ချွေးတဒီးဒီး နဲ့ သစ်ပင်ခြောက်ကြီးပေါ်မှာ ကဏန်းသွား လေးနဲ့ ငုတ်တုတ် တရွှေ့ရွှေ့သွားနေ… ဗြုန်းဆို ဓါတ်မီးရောင်က ငုတ်တုတ်ပေါက်ကျိုင်း ကို ပင့်အထိုး.. ဒီကလဲ မီးရောင်ကြောင့် တလှုပ်လှုပ်နဲ့ ကဏန်းသွားလေး ဘေးတိုက်သွားနေတာ ရပ်ပြီး ကြောင်ကြည့်နေတုန်း..

“ အောင်မယ်လေး.. ငုတ်တုတ် သရဲကြီးဗျ.. ငါရိုးမသား..သရဲ ..အီးဟီးဟီး ”

“ ဒေါင် ”

“ ဝါး…အား.. အား..ဘုန်း.. ”

ဒီကောင် အဝင်း.. သရဲထင်ပြီး သူ့ဓါတ်မီးနဲ့ ကောက်တွယ် … ပေါက်ကျိုင်း နဖူးကို ဒါရိုက်ဟစ် ဖူးစာစုံပြီး အောက်ကို ခွေးကျ ကျ သွားလိုက်တာ… အရက်ပက်ချင်ချိန်တဲ့ လက်က တည့်လိုက်တာလဲ အလွန်..
အောက်လဲ ရောက်ရော လူးလဲထပြီး ဒီ ချစ်ပလူးသွားတဲ့ နှစ်ကောင် ကို ကဗျာကယာ ဖုတ်ဖက်ခါထ ပြူးတူးပြဲတဲ လှမ်းကြည့်လိုက်တော့ … အဝင်းတစ်ကောင် သူ့အချစ်တုံးကြီး သီသီစိုး ကိုချန်ထားပြီး သက်ကယ်တောကြီးကို ပုဆိုးကွင်းသိုင်းပြီး ခုန်ပျံကျော်လွှား ပြေးသွားလိုက်တာ ပါးစပ်ကလဲ ဒီလို ပေါက်ကရတွေ အော်ဟစ်သွားသေးသဗျာ ....

“ အောင်မယ်လေး .. ငုတ်တုတ်သရဲကြီးပါဗျ .. ဟောင်းလောင်းသရဲကြီး ခြေထောက်ငုတ်တို သုံးချောင်းတောင်ရှိတဲ့ အေးသောင်သရဲကြီး ဗျ.. ”

“ ကိုဝင်း ..ကိုဝင်း .. စောင့်ပါအုံး .. ဟဲ့ ..အဝင်း ငါ့ ကိုစောင့်အုံး .. သေချင်းဆိုး သေနာကြီး ..အီးးဟီးဟီးးး ဟောင်းလောင်း သရဲ ကြီး ပါတော့….”

နောက်ဆုံးအသံက သီသီစိုး အသံပါ .. အော် သူ့မလဲ ထမိန် ကို ပုခုံးထိ မတင်ပြီး သူ့ ရဲ့ အားကိုးလိုက်စမ်းဘာ ဆိုတဲ့ ချစ်လှစွာသော အဝင်း နောက် ပြေးလိုက်သွားတာ .. ချိုကားကားနဲ့ ဆတ်ဖါးကြီး လူတွေ့ လို့ ကြောက်လန့်ပြီး ကဆုန်ပေါက် ပြေးသွားသလို ဖင်တဖွေးဖွေးတပြောင်ပြောင် နဲ့ ကြည့်လို့ကို မကောင်းဘူး တစ်ကယ် ..

သူတို့ ခုန်ပျံကျော်လွှား မပဋာမြေလူး အက ကို မျက်စေ့တစ်ဆုံးကြည့်ပြီးမှ သစ်ပင်ပေါ်က ကဗျာရွတ်ရင်း ဆက်တော်ခေါ်နေတဲ့ ကဗျာရူး ဖာထမ်းမိုးသော် ကို ကဗျာကယာ ခြေထောက်ဆွဲနိုး .. ဒီကောင် ကလဲ တအင်းအင်း တအဲအဲနဲ့ ထတော်မမူလို့ ပေါ်တာ.. ပေါ်တာ လို့ ပြောမှ အရက်ပုလင်းကို ပိုက်ပြီး ကဆုံပေါက် ပေါက်ကျိုင်း နောက်ကနေ ပြေးလိုက်တော်မူတယ် ..ဒီကောင် ပေါ်တာ ကိုတော့ အကြောက်သား…။

ဒီနယ်မှာက အပမှီလို့ ဒါမှမဟုတ် တောတွေဘာတွေ ခြောက်ရင် သေနတ်တွေနဲ့ ဝိုင်းပြီး ပစ်ခတ် နှင်ထုတ် တတ်ကြလွန်းလို့ နောက်ကျခြေထောက် သစ္စာဖေါက် ဆိုပြီး ခြေကုန်သုတ်လိုက်ရတာဗျာ .. ပေါက်ကျိုင်းတို့ တဲဘုံနန်း ဆီလဲရောက်ရော ဟိုး ရွာဖက် ဆီက သေနတ်သံတွေ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေလိုက်တာ တော်တော်နဲ့ မစဲတော့ ဘူး..
ဟူး … ကံသီပေလို့ …။

အရင်းစစ်လိုက်တော့ဗျာ .. ဒီလိုဒီလိုဗျ.. ပေါက်ကျိုင်း ရွာက အထွက် ဗိုက်နာလို့ သစ်ပင်ခြောက်ကြီးပေါ် ကုပ်ကပ်တက်ပြီး နောက်ဖေးသွားနေတုန်း အဝင်းနဲ့ သီသီစိုး ဒီကနေ့မှ ဖြစ်ခဲ့တဲ့ ရည်စားအသစ်စက်စက် ပူနွေးနွေး လေး တို့သစ်ပင်ခြောက်လဲကြီးဘေးမှာ လာ ချိန်းတွေ့ ရင်း ပေါက်ကျိုင်းကို သရဲထင်ပြီး ပြေးကြလွှားကြ တာနဲ့ တူပါတယ် … ထင်လဲ ထင်စရာ ကိုး.. ဒီနေရာက ဟိုးအရင် လေးငါးလ တုန်းက အဝင်းရဲ့ ဖေါက်သည်ကြီး အရက်သမား အေးသောင် ဒီနေရာမှာ ဝက်ပက်ပြီး ဆုံးဘူးသေး..ပြီး ပေါက်ကျိုင်းရဲ့ ရုပ်ရည်ရူပကာ ကလဲ နာနာဘာဝ နဲ့ နင်လားငါလား ဆိုတော့ ကာ ထင်လဲ ထင်စရာကိုး..ပြီးတော့ ခြေထောက်ငုတ်တိုသုံးချောင်းသရဲ ဆိုတော့ တချောင်းက ဘယ်ကနေ ဘယ်လို ပေါ်လာတယ် မသိ.. ပေါက်ကျိုင်းကငုတ်တုတ်ကြီးဆိုတော့ သူတို့ မျက်စိမှားပြီးများ.. အဟေး ဟေး..။

နောက်နေ့ရောက်တော့ အဝင်းနဲ့ သီသီစိုး တို့ ချိန်းတွေ့ ကြတာ လူသိရှင်ကြားဖြစ်သွားတာရယ် .. ည က အဝင်း ပေါက်ကျိုင်းကို အလန့်တကြား ကောက်ထုလိုက်တဲ့ ဓါတ်မီး ကို သူ့ဆီပြန်ပေးလိုက် လို့ ငုတ်တုတ်သရဲ က ပေါက်ကျိုင်း ဖြစ်နေတာ သိသွားတာရယ် .. ရွာရှိ လူကုန် တဟီးဟီး တဟားဟားဖြစ်ကုန်လို့ အဲဒီနေ့မှာဘဲ အဝင်းနဲ့ သီသီစိုး တို့ တတွေ .. ကျွန်တော်အဝင်းနှင့်ကျွန်မသီသီစိုး တို့သည် ပေါ့ဗျာ.. အဝင်းအရက်ဆိုင် တဲလေးမှာဘဲ ပေါက်ကျိုင်းတို့လို အမူးသမားတွေ တသိုက် အကြိုက် မင်္ဂလာပွဲလေး လုပ်လိုက်ရပါရောဗျာ.. ပေါက်ကျိုင်းတို့ မလဲ စဉ့်အိုးကြီးထဲ ထဲ့ထားတဲ့ အရက်ကို ခပ်သောက်လိုက် အသင့်ထား ထားတဲ့ တောနွားသားခြောက်ကြော် လေးတစ်ဖတ်ဝါး လိုက် ရင်ပူလာရင် တဲဘေးက ချောင်းလေးထဲ ဒိုက်ဗင်ထိုး ရေစိမ်လိုက် နဲ့ ခွန်နှစ်ရက်ခွန်နှစ်လီ မူးရူးသောင်းကြမ်း နေလိုက်ကြတာ ကံကောင်းလို့ ဦးနှောက်သွေးကြောပြတ်ပြီး မသေတာ…။

စာရင်းချူပ်လိုက်တော့ ..  သီသီစိုးတော့ ဘယ်လိုနေမယ်မသိ .. အဝင်းကတော့ သက်ကယ်တောကြီးထဲမှာ ပုဆိုးကွင်းသိုင်းပြီး ခုန်ပျံကျော်လွှား ပြေးသွားလို့ သူ့ရဲ့ ဖွားဖက်တော်ကြီးက သက်ကယ်ပင်ရှပြီး ယောင်ကား နေလိုက် တာများဗျာ.. နွား ဟိုဒင်း ကို ဓါးနဲ့ မွှန်းပြီး မီးကင်ထားတဲ့ အတိုင်း ရဲပဒေါင်းခတ် လို့ မင်္ဂလာဦးည ကလဲ သူ့အတွက် ဟိုဒင်းဟိုဟာ လဲ မဟိုဒင်း နိုင်ဘဲ တစ်ပတ်ကျော်ကျော် ကားတားကားတား နဲ့ မို့ သူ ညည်းပါတယ်.. ။

“ မောင်မောင်ရာ .. ငါ့မလဲ မနေ့ကမှ ရည်းစားဖြစ်တယ် ည တစ်ခါ ဘဲ ချိန်းချက်  တွေ့လိုက်မိပါတယ်.. လူလဲမိ ဖွားဖက်တော်ကလဲ ဖွဲ့စည်းပုံပျက် .. မင်း တော်တော် ချေးထုပ် ကျ တဲ့ ကောင်ကွာ.. ”

“ ဘာကွ.. ငါ့ဟာငါ အပေါ်မှာ အေးအေးဆေးဆေး ချေးပါနေတာ မင်း တို့ နှာခေါင်းမွှန်ထူပြီး ဘာကိုမှ မမြင်ဘဲနဲ့.. အင်း…. မြင်ရတာတော့ .. မင်းတစ်ခါဘဲ ချိန်းတွေ့ တယ် ပြောသေး .. မင်းမလဲ လက်သွက်ခြေသွက်လိုက်တာလဲ အလွန်.. ဦးအေးမောင် ဗွီဒီယိုရုံ က ညနက် ကားကြည့်လိုက်ရ သလိုဘဲ .. ပြီးတော့ .. အဟိ ..”

“ ဟေ့.. ဟေ့ ကောင် တော်တော့ .. သွား ထပ်မပြောနဲ့တော့ မီးဖိုချောင်ထရံ မှာ ဝက်သားခြောက်မီးဖုတ် ရှိတယ်.. သွားယူ မြည်း ..”

ဒီလိုနဲ့ .. ပေါက်ကျိုင်း တစ်ယောက် ထိုင်းနယ်စပ် က နမ့်တွန်ချောင်း လေးဖက်ဆီကို ထီးထမ်းလမ်းလျှောက်လုပ်ဖို့ ဖြစ်လာလို့ ပေါက်ကျိုင်း အလွန်ချစ်တဲ့ ဒီရွာလေးနဲ့ ချစ်သူငယ်ချင်း တွေကို ခွဲရဖို့ အကြောင်းဖန်လာပြီး ဝေးသွားလိုက်တာ.. အခု အဝင်း တို့ ကိုမထင်မှတ်ဘဲ တွေ့လိုက်ရတော့ အဝင်း ကတော့ တခေါင်းလုံးဖွေးဖွေးဖြူပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့် အဘိုးကြီး ဖြစ်နေပြီ.. ခါးလဲ ကိုင်းတိုင်းတိုင်းဖြစ်နေပြီ..  ဒါပေမဲ့ အာ ကတော့ အရင်အတိုင်း.. ပါဝါ အပြည့် ..။

“ အအေး ယူခဲ့ လက်ဖက်သုတ် ဟေ့ ..ထမင်းစားပြီးမှ ဟိုဖက်ကမ်း ကူး သွား ကွ ”

နဲ့ ပြာယာပြာယာ နဲ့ ဧည့်ဝတ်ဖြည့်သဗျ .. ဒိတော့ မှ ပေါက်ကျိုင်းတို့မလဲ အအေးလေး သောက်လိုက် လက်ဖက်သုပ်လေး ဆွဲလိုက် နဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောလိုက်နဲ့ လေပေါနေတုန်း .. ဒီကောင် အဝင်း သူ့သားတော်မောင် မျောက်လောင်း လေး ကောင် ကို ခေါ် ရှေ့မှာ ငုတ်တုတ်လေးတွေ ထိုင် ခိုင်းထားတာများ ဗုံတို လေးတွေ တန်းစီ ပြီး စီစီရီရီ ချထားသလို ပါ့ဗျာ..

“ ဒီမှာ သားတို့ရေ ဒီ ဦးဦးကြီး ( ပေါက်ကျိုင်း ) ဟာ အဖေ့ရဲ့ တပည့်ပေါ့ကွာ .. ”

လို့ အစချီပြီး ပေါက်ကျိုင်း အပေါ် သူဘယ်လို အုပ်ချူပ်ခဲ့ပုံ ( အဲဒီရွာ လေးမှာ လဲ ရွာ လူကြီးလဲ ဖြစ်ဘူး သကိုး ..သူက ) ၊ ဘယ်လို နားရင်းအုပ်ခဲ့ရပုံ ၊ ပေါက်ကျိုင်း ဘယ်လောက် ဆိုးပုံ ၊ မင်းတို့အဖေနဲ့ အမေ မင်္ဂလာဆောင် တုန်းက ပေါက်ကျိုင်း မူးရူးသောင်းကျန်းပြီး တဲရှေ့ ကွပ်ပြစ် ပေါ်မှာ ခွန်နှစ်ရက် ခွန်နှစ်လီ ဖင်ပေါ် အောင် ကွေးတတ်ပုံ .. မူးပြီးရစ်တတ်လွန်းလို့ သောက်မြင်ကပ်ပြီး ချောင်းထဲ ကန်ချ ခဲ့ရပုံ ..၊ စသဖြစ်ဗျာ.. မှန်တာနဲနဲ ကို မဟုတ်တာများများ ရောလို့ ပေါက်ကျိုင်း ကို တွယ်ပါလေရော ဗျို့ .. ဒီက တော့ ဘာမှပြန်မပြောပေါင်ဗျာ.. ပေါက်ကျိုင်း ကို ချစ်ခင်လို့ ကျီစယ် ပြောနေတာဘဲ ဖြစ်လို့ .. သူ့ သား လေးကောင် နဲ့ ပေါက်ကျိုင်း .. သူ့ကို ပြုံးဖြဲဖြဲ နဲ့ သာ ကြည့် နေလိုက်ရ သပေါ့ ဗျာ..။

သူ့စကား ဆုံးသွားတဲ့ အခါကျမှပေါက်ကျိုင်း တကောင် အချိန်ရှိတုန်း ဟိုဖက်ကမ်း ကူးရဦးမယ် ပြောလဲပြော  သီသီစိုး လှမ်းခေါ် ထိုင်ခိုင်း … တယောက်အိပ် ရွက်ဖျင်တဲ ကနေ အရက်ပုလင်းပြားလေး အလယ် ၊ အပ် အပ်ချည် အဆုံး.. ပါတဲ့.. ကျောပိုးအိပ်ကြီးကို အသေအခြာ အကျအန ပိုး ပြီး.. ရှေ့ မှာ ရှိတဲ့ တနှစ် တသားကျ ပြီး မွေးအားကောင်းလို့ တရွယ်ထဲ ဆိုက်တူဖြစ်နေတဲ့ သူတို့ရဲ့ သားတော်မောင် မျောက်လောင်း လေးကောင်ကို ပေါက်ကျိုင်း လက်ညိုးတထိုးထိုး ရေတွက်ရင်း ..

“ အဝင်း .. မင်းမှာ ကလေး ဘယ်နှစ်ယောက် လဲကွ ”

“ လေးယောက် ဘဲလေကွာ .. ခုနက မီးဖိုချောင်ထဲ ဝင်သွားတာ က အလတ်ကောင် .. အအေးဖျော် နေတာက အထွေးဆုံးကောင် ခုနက ကျောင်းပြန်လာတဲ့ ကောင်နှစ်ကောင်က နို့ညှာ နဲ့ အကြီး ကောင် ..”

ဒီတော့ မှ ပေါက်ကျိုင်း အိမ်ရှေ့တံခါးဝမှာ ဖိနပ်ကို အသေအချာ စွတ် .. ကျောပိုးအိပ်ကြီး ကို ခါးပတ်ကြိုးပတ် .. ပြီး ...။

“ မသိလို့ မေးလိုက်ဦးမယ်နော် … အဟဲဟဲ .. အဲဒီ လေးယောက်ထဲ မှာ ဘယ်သူက အကြီးဆုံး ကောင် ဟောင်းလောင်းသရဲ လေး လဲကွ .. အဝင်း ရဲ့ ..ဟီဟိ ..”

ပြောပြီးပြီးချင်း ဆိုင်ကယ် ပေါ်ကို အူယားဖားယား တက်ထိုင် ပြီး ရခိုင်ထွန်းလှ ကို ကပြာကယာ ခါးတို့ အမြန်မောင်းခိုင်း လို့ လီဗာ လေးတင်နေတုန်း.. အိမ်ခန်းထဲက အဝင်း ရဲ့ မွန်သံဝဲဝဲကြီးနဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲသံကြီး ထွက်လာပါ ရောဗျား..

“ ဟာ .... ဒီကောင်..၊  ငါ ......  မ ....... သား ....... သေချင်းဆိုး ... မောင်မောင် ”



( ကော့သောင်း က ချစ်သူငယ်ချင်းများ သို့ အမှတ်တရ )

Wednesday, May 26, 2010

အဝေးက အပျိုကြီးတစ်ဦး အတွက် လူပျိုကြီး ရဲ့ ကဗျာ ....

     
           “ အပျိုဟိုင်းကြီး ”
             အရှုံးဖက်များတဲ့ ..
                   သုံးဆယ့်ငါး  ဒီအရွယ် ..
                   ငါ့နောက်ကို နင်မလိုက်နဲ့ ..
                   ပါးရိုက် ပြစ်မယ်...
                   စိတ်နာပုံခြယ် ..
                   သိက္ခာဆယ် အတည်ဟောက် ..
                   လိပ်ပြာမလုံ သူ့ရင်ထဲ ..
                   လွဲမှာ စိုးကြောက် ...။


                   ( ရွှေဂုံ သူ အပျိုကြီးသို့ အမှတ်တရ )


Friday, April 30, 2010

မင်း .. ထီး ..ထီးလဲ မပါဘူး..

တွေ့မရှောင်ပေါက်ကျိုင်း တစ်ယောက် သူဧ။်အပြစ်ကို သင်းအုပ်ဘုန်းတော်ကြီးထံသို့ ဝန်ချ တောင်းပန်နေသည်။

( ဘုန်းတော်ကြီး ) မင်းမှာဘာအပြစ်ရှိလို့လဲ ....

( ပေါက်ကျိုင်း ) ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ် .. သူ့အိမ်ရောက်တော့ သူကမရှိဘူး ..  အိမ်မှာသူ့မိန်းမပဲရှိတယ် ခင်ဗျ ..ဒါနဲ့ ကျွန်တော် ပြန်မယ်လုပ်တော့  မိုးက ၀ုန်းကနဲဆို ရွာချရော .. ထီးကလည်းမပါဘူး ..ဒါနဲ့ပဲ သူငယ်ချင်းမိန်းမ က မိုးခိုရင်း ကော်ဖီသောက်လိုက်ဆိုပြီး ကော်ဖီဖျော်တိုက်တယ် ..
အဲ ... မိုးကလည်းတော်တော်နဲ့ မစဲဘူး .. အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့ မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်တော်မူပါ ဘုန်းဘုန်း..။

( ဘုန်းတော်ကြီး ) ရပါတယ် ..  ဒါကလူတိုင်းဖြစ်နိုင်တာပဲ .. ခွင့်လွှတ်ပါတယ်။

( ပေါက်ကျိုင်း ) မပြီးသေးဘူး ခင်ဗျ .. လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်တော်ယောက္ခမအိမ်ကို သွားလည်တယ် ..မိန်းမကလည်း မအားလို့မလိုက်တော့ဘူး .. ယောက္ခမအိမ်ရောက်တော့သူမရှိဘူး .. Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေဆိုပြီး ပြန်မယ်လုပ်တော့
မိုးကရွာရော  ထီးကလဲ မပါလာပြန်ဘူးခင်ဗျ..  ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး .. အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ် ...။

( ဘုန်းတော်ကြီး )  အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ် ...။

( ပေါက်ကျိုင်း ) နောက်တစ်ခုကျန်သေးတယ် ဘုန်းဘုန်း ခင်ဗျ ..  မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ် ..အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ ..  ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး
သူကလည်းအိမ်မှာမရှိဘူး .. သူ့ရဲ့သားပဲအိမ်မှာရှိတယ် .. ကျွန်တော်ပြန်မယ်လုပ်တော့
မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ.. အဲဒါနဲ့သူ့ရဲ့သားကကော်ဖီဖျော်တိုက်တယ်..ဒီတစ်ခါလဲ  ထီးမပါတော့ပြန်လို့မရဘူးပေါ့ အဲဒီ့မှာပေါ့ ... အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး
ဆိုတော့ကျွန်တော် လဲ အဟဲဟဲ ...။

( ဘုန်းတော်ကြီး ) ဟေ ...  တော် .. တော် တော့ .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်..
ပြီးပြီမဟုတ်လား..  မင်း မင်း... မြန်မြန်ပြန်ပါတော့မောင်ရာ ..  မင်းဒီကိုလာတာထီးလည်းမပါဘူး..
အခုအပြင်မှာမိုးအုံ့နေပြီ ..
ဟူး.. တော်ပါသေး ရဲ့ ကံသီပေလို့ ..


( မေးလ် တစ်ပုဒ်ပါ ခင်ဗျ .. အဟဲ ဟဲ ..)

Thursday, April 29, 2010

Wednesday, April 28, 2010

ဂျန်းဂန်း တီပူး ...

ပေါက်ကျိုင်း တစ်ကောင် နလံထစ ဟိုစပ်စပ် ဒီစပ်စပ် ကမ္ဘာကြွက်သိုက်ထဲ ဝင်ပြီး မွှေကြည့်မိတဲ့ အခါ ထာဝရ သူငယ်ချင်းများ  ဆိုတဲ့ စာမျက်နှာလေးမှာ“ မလေးရှားရှိ မြန်မာအလုပ်သမားများ အတွက် သတင်းကောင်း ” ဆိုပြီး စာလေးတပုဒ် တွေ့ သဗျ.. အဲဒီမှာ ရေးထားတာတွေက ရွှေမြန်မာ ကိုကိုမမ များ အတွက် မစားရ ဝခမန်း ဆိုတော့ကာ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်ကို  ပေါက်ကျိုင်း ဝမ်းသာအားရ မေးမြန်းစုံစမ်း ဖို့ ကြည့်လိုက်တဲ့ အခါ နံပါတ်က ၈ လုံးကြီး ဖြစ်နေသဗျို့.. မလေးရှားမှာ ဟန်းဖုံး နံပါတ်က ၇လုံးဘဲ ရှိပါတယ် ဥပမာ... မလေးရှားမှာ ဟန်းဖုန်း နံပါတ်တွေဟာ ရှေ့မှာ ၀၁၂ ၊ ၀၁၃ ၊ ၀၁၆ ၊ ၀၁၇ ၊ ၀၁၉ ၊၀၁၈ ၊ ခံပြီး နောက်မှာ ၇လုံး နံပါတ်ရှိပါတယ်.. ၀၁၂ ******* ဆိုပါတော့ ဗျာ.. ဒီလောက်နိုင်ငံကာတကာ ကုမ္ပဏီ ကြီး က ဒီလိုဖုန်း နံပါတ် နဲ့ဆိုတောကာ...အင်း ... ပေါက်ကျိုင်းမလဲ ထိုင်း က သူငယ်ချင်းတွေ လုပ်စားခံလိုက်ရတာ တွေကို တွေးတွေးပြီး...
အောက်မှာ သူ့စာအပြည့်အစုံပါ ....။

မလေးရှားရှိမြန်မာအလုပ်သမားများအတွက် ယခုလက်ရှိအလုပ်အပြင်အပိုဝင်ငွေရနိုင်ခြင်း မိမိအနာဂတ်အတွက်သာမကသားစဉ်မြေးဆက် လက်ဆင့်ကမ်းလုပ်နိုင်သောအလုပ်မျိုးလုပ်လိုသူများအတွက်သတင်းကောင်း။

မလေးရှားရှိမြန်မာအလုပ်သမားများအများစု ခံစားနေရသောပြသနာများ-
x အလုပ်ရှင်၏ဖိနှိပ်ချုပ်ချယ်မှု
x အလုပ်သမားများကြီးကြပ်သူများ၏မတရားခေါင်းပုံဖြတ်မှု
x တစ်နေ့ လုပ်ချိန်လိုသည်ထက်ပိုလုပ်ရမှု
x ကိုယ်ကြိုးစားသလောက်လုပ်အားခမရနိုင်မှု
x အဆင့်အတန်းခွဲခြားမှု
x နေထိုင်မကောင်းသော်လည်းခွင့်ခံစားခွင့်မရရှိမှူ
x နာမကျန်းခွင့်ယူသော်လည်းလုပ်အားခဖြတ်တောက်ခံရမှု
x အနာဂတ်အတွက်မရေရာမသေချာမှု.............စသောအလုပ်သမားအခွင့်အရေးဆုံးရှုူံးနေသောမြန်မာအလုပ်သမားများအတွက် အောက်ပါရောဂါဝေဒနာများခံစားနေရသောမြန်မာအလုပ်သမားများ-

x ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါခံစားနေရသူများ
x သွေးလှည့်ပတ်မှုဆိုင်ရာရောဂါခံစားနေရသူများ
x အစာအိမ်ရောဂါဝေဒနာခံစားနေရသူများ
x ဆီးနှင့်ကျောက်ကပ်ဆိုင်ရာဂါနေရသူများ
x အရိုးအကြောဆိုင်ရာဝေဒနာခံစားနေရသူများ
x အရေပြားဆိုင်ရာဝေဒနာခံစားနေရသူများ
x ကိုယ်ခံအားနှင့်ပက်သက်သောရောဂါဝေဒနာခံစားနေရသူများ
x ဆီးချို၊ သွေးတိုးရောဂါခံစားနေရပြီး အနောက်တိုင်းဆေးများကို

နှစ်ရှည်လများစွားသူံးစွဲနေရသူများ

x လေဖြတ်ပြီးကိုယ်တစ်ပိုင်း၊ ကိုယ်တစ်ခြမ်းမလှုပ်ရှားနိုင်သူများ
x အထက်ပါခံစားချက်များထဲမှရုံးထွက်လိုပါသလား
x မိမိကြိုးစားအားထုတ်မှူအလျှေုာက်အကျိုးခံစားခွင့်ရလိုပါသလား
x ပညာအရည်အချင်းမရှိသော်လည်းဝင်ငွေကောင်းကောင်းရရှိလိုပါသလား
x အနာဂတ်အတွက်အလုပ်အကိုင်နေရာသေချာရေရာလိုပါသလား
x အရင်းအနှီးအနည်းငယ်မျှဖြင့်ကိုယ်ပိုင်စီးပွားရေးလုပ်လိုပါသလား
x အထက်ပါရောဂါဝေဒနာများကိုငွေကုန်ကြေးကျနည်းစွာဖြင့်မနာမကြင်မပူမစပ် ဆေးကုသလိုပါသလား

မိမိခံစားနေရသောရောဂါဝေဒနာများကိုဆေးကုသခံရင်းဖြင့် ကိုယ်ပိုင်စီးပွားရေးကိုပါ  Aircon အခန်းထဲတွင်သက်တောင့်သက်သာစွာအဆင့်အတန်းရှိရှိလုပ်ကိုင်လိုသူများ

- ဆက်သွယ်ရန်
- mickeyboy27992@hotmail.com
- mickeyboy27992@gmail.com
- 012-97937852
-http://www.one2u.com/main.html  သူ့ရဲ့ဝက်ဆိုက် လိပ်စာ..

comment  တွေ သူသူငါငါ ရေးထားတာတွေ အဲဒီထဲမှာ တစ်ထောကြီး ခင်ဗျ.. အမယ် တစ်ယောက် ကတောင် ဒီလို comment ပေးထားသေးတယ်.. မလေး လို “ jangan tipu ” ( မြန်မာ လို မညာနဲ့ ပေါ့ဗျာ ) တဲ့ .. အဟေး..

Tuesday, April 27, 2010

Sunday, April 25, 2010

မင်း .. သေပြီ သာမှတ်..

နိုင်ငံခြားရောက်နေသော သူဌေးက အိမ်မှသူ့တပည့်ဆီသို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေဘယ်လိုရှိလဲ..အေးဆေးပဲလား"

"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"

"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."

"ကျွေးပါတယ်ဆရာရယ်..."

"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"

"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"

"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"

"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်.. ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."

"အေးပါ...မြန်မြန်ပြောစမ်းပါ..."

"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."

"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."

"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."

"ဟေ ... ”

"သူကတော့ပင်ပန်းပြီးသေတာဆရာ"

"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."

"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."

"ဘာ ...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို..ဟိုလေ....မီးလောင်လို့..."

"ဘာ....  မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."

"ဆရာ.အိမ်ပေါ့ဆရာရယ်"

"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"

"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"

"ဆရာ့အမေ...."

"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား... အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်ရတာလဲ"

"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်... ဖျတ်ခနဲမြင်တာနဲံ့..ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ.. ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."

"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."  ....။

မေးလ် လေး တစ်ပုဒ်ပါ..

( ပေါက်ကျိုင်း မလဲ အခုမှ အဖျားပျောက်ခါစ ဆိုတော့ ဘာမှလဲမရေးနိုင် .. ရေးထားတဲ့ စာလေး တစ်ပုဒ်တော့ ရှိပါရဲ့.. “ ကျွန်တော် လူပျိုကြီး နှင့် ကျွန်မ အပျိုကြီး တို့ သည် .. ” ဆိုတဲ့ စာလေး က ကိုယ့်ပေါင် ကိုယ် လှန်ထောင်း ထားတာဆိုတော့ ဟိုး အဝေးက ပေါက်ကျိုင်း အူတုန်အသည်းကုန်
အပြိုကြီး ရဲ့ ခွင်ပြုချက် ပါမစ်လေး ကို စောင့်နေရသပေါ့လေ.. မပြောမဆို တင်လိုက်လို့ ဒီ အပြိုကြီး ကောက် ကက် သွားရင် ချော့လို့ ဆုံးရတော့မှာမဟုတ်ဘူး ..

ပေါက်ကျိုင်း ခမျှာ ဒီ အပြိုကြီး ရဲ့ယောင်္ကျားချော ချော တဲ့  ဆယ်ပြားစေ့မျက်နှာကြီး ကိုဘဲ  တစ်စိမ့်စိမ့်ကြည့် အသည်းပီတိ ဂွမ်းဆီထိ ဖြစ်နေတော့ကာ .. အခု ပေါက်ကျိုင်း ဖျားနေတုန်း သတိရလိုက်တာ .. ဟိုအရင် ဖျားတုန်းက ( ဖျားတာကနဲနဲ ပဲများချင်တာက ခပ်ကဲကဲ ) အပြိုကြီး က ကော်ဖီလေးများ လာခွန့်ရင် “ ဟင့်အင်း ဟင့်အင်း သောက်ချင်ဘူး သောက်ချင်ဘူး မန်မန် ဘဲ စားမယ် မန်မန် ဘဲ စားချင်တယ် အဟင့် .. ” ဆိုလိုက်ရင် သူက မငြီးမငြူ ကျွေးပါသဗျ.. ထမင်း ပြောပါတယ် တစ်လွဲတော့ မတွေးလိုက်ပါနဲ့ .. အဟဲ ဟဲ..

အခုတော့ ဖုန်းမောင် တစ်ယောက် အိပ်ရာထဲမှာ ပက်လက်.. အရမ်း သတိရတယ် .. )

Thursday, April 22, 2010

၂၄ နာရီ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲမှု့ ဖြစ်စဉ်များ ...

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံးည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ
(အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊ လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် (ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်(နေ့လယ် ၁-နာရီမတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ -သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့် ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်

လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ (ပါမောက္ခ ဒေါ်ခင်ဖြူ )

( ပေါက်ကျိုင်း မလဲ သင်္ကြန်ပြီးတော့ ဖျားလိုက်တဲ့ အဖျားဗျာ .. မနေ့က မဖြစ်မနေဆိုတော့  ရန်ကုန်မေးလ်ကို ဝင်စစ်ရင်း မိုက်ကနဲ ဖြစ်သွားတာ အထင် ဟတ်ထိုးလဲကျတယ် ထင်ပါတယ် ပြန်သတိလည် လာတော့ ရှေ့က မော်နီတာကြီး က တုံးလုံးပက်လက် ကြမ်းပြင်မှာ ..

အင်း ... ဟိုးအရင် ပေါက်ကျိုင်း ဝေလေလေ ဘဝတုန်းက တောထဲတောင်ထဲမှာ ထမင်းနှစ်ရက် ငတ်တာ..
တောထန်းဖူးလေးတွေ ချိုး စားပြီး အသက်ဆက်ဘူးရဲ့... ပေါက်ကျိုင်းခေါင်းပေါ်မှာ တဝုန်းဝုန်းတစ်ဂျိမ်းဂျိမ်း ဖြစ်နေတုန်းက ချောင်းငယ်လေးထဲ ကမ်းပါးပြိုကျ ဝါးပင်ပုတ်ထဲမှာ တရက်နဲ့ တစ်မနက် နှာခေါင်းလေးဖေါ်ပြီး အသက်ကိုဖက်နဲ့ ထုပ်ထားရတုန်းက .. ဘာမှာမဖြစ် ဘဲ အားလုံးအေးဆေးမှ ကုန်းပေါ်တက် ချက်အရက်လေး မတ်ခွက်အပြည့် တွယ်လိုက်တာ .. ခန္ဒာကိုယ်က ရယ်ဒီ.. ( ရေထဲမှာ တော်တော်လေးကြာတော့ ပေါက်ကျိုင်း ဖွားဖက်တော်လေးကို ငါးတွေ အုံကျင်း တတွတ်တွတ် လုပ်လို့ ဖွားဖက်တော်လေး ဖွဲ့စည်းပုံ နဲနဲပျက်သွားတာလေး တော့ ပါသပေါ့ လေ... အဟေးဟေး.. )

ဖျားနေတဲ့ အချိန်မှာ အဖေနဲ့အမေကို အရမ်းသတိရတယ် ...ပြီးတော့ ပေါက်ကျိုင်း ရဲ့ တသက်တာ ရန်ကုန်က အပြိုကြီးကို လဲလွမ်းတယ်.... )