Pages

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, November 16, 2010

ကြားဖူး နားဝ ဟာသ ....

နေရာက  ... စိတ္တဇဆေးရုံ မှ သတဲ့ဗျာ ...
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးလာ ခဲ့ပါ သဗျ ..  မိန့်ခွန်းပြောအပြီးမှာ
  ဆေးရုံအုပ်က ကြိုပြီး မှာထားတဲ့ အတိုင်း “ အဟမ်း ” လို့ ချောင်းဟန့်လိုက်တာ နဲ့
  လူနာတွေ အားလုံး လက်ခုပ်တီးကြ သတဲ့ ဗျ ...အဲဒီ အချိန်မှာ  ဟိုဟာကြောင် သလိုလို ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေသလိုလို အနေအစားချောင်လို့ မျက်နှာပြောင် တိုက် ရူးနေသလိုလို  မောင်ပေါက်ကျိုင်း ဆိုတဲ့ လူနာတစ်ယောက်က
  ရုတ်တရက် လူတွေ ကို ကျော်ခွ ရှေ့ထွက်လို့  ဒီ အကြီးအကဲ ဆိုသူကို ပါးနှစ်ချက် ဆင့်တီးလိုက်ပြီး
  ပြောလိုက် တာက တော့  "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူသတည်း ...။