Pages

Showing posts with label ပို့စ်. Show all posts
Showing posts with label ပို့စ်. Show all posts

Monday, October 18, 2010

သီဟိုဠ်ကျွန်းမှ အလွမ်းသဝဏ်လွှာ ....

ပေါက်ကျိုင်း တို့ ရွှေမြန်မာ တွေ နိုင်ငံအသီးသီး အရပ်ရပ်ဆီကို ကိုယ့်ဘဝ ရည်မှန်းချက်တိုးတက်ဖို့ အတွက် အလုပ်လုပ်သွားလုပ်ကြ ပညာတွေ အရင်းအနှီးများစွာနဲ့ သွားရောက် သင်ယူကြ နဲ့ ... ဘဝအမောတွေ နဲ့ ရူံးနှိမ့် သွားသူများလဲ ရှိသလို ဘဝအောင်မြင်မြင့်မား သွားကြသူများလဲ ရှိကြသဗျာ.....။

မနေ့ည က ပေါက်ကျိုင်း အားအားယားယား ကမ္ဘာ့ကြွက်သိုက် ထဲ ဝင်မွှေ ရင်း အင်တာနက်ချစ်သူ  ဆိုတဲ့ စာမျက်နှာလေး ကို ဝင်ကြည့်မိတော့ ( ဒီ ဆိုဒ် လေး ရဲ့ အရေးအသား တင်ပြပုံလေးတွေ ကြိုက်လို့ ပေါက်ကျိုင်း တစ်ကောင် မန်ဘာဝင်ထား ပါတယ် ခင်ဗျ ) “ သီဟိုဠ်ရောက် ကိုရင်လေး နှင့် ဆရာလေး များ၏ ရင်းတွင်းက လွမ်းသ၀ဏ်လွှာလေးတွေပါ ” ဆိုတဲ့ ပို့စ် လေးကို ဖတ်မိရင်း လူငယ်လေးတွေ နိုင်ငံတကာမှာ ဒုက္ခဆင်းရဲအမျိုးမျိုးနဲ့ ပညာသင်ကျောင်းတက်ကြရာမှာ အခု သိရိလင်္ကာ ကို သွားပြီး လူဝတ်ကြောင် ကိုစွန့် ပညာသင်ယူကြတဲ့ ကိုရင်လေး.. ဆရာလေး တွေတွေ့လို့ ပေါက်ကျိုင်းတစ်ကောင် တို့များ ဘာသာ ဿသနာ အတွက် ဂုဏ်ယူလေးစားဦးညွှတ် ကန်တော့မိပါတယ်....။

ဒါပေမဲ့ .. ဿာသန အမွေခံ ကိုရင်လေး ဆရာလေး များရဲ့ မြန်မာပြည်လွမ်း သဝဏ်လွှာ လေး နှစ်စောင် ကို ဖတ်မိတော့ ပေါက်ကျိုင်း ရင်နဲ့အမျှခံစားမိပါတယ် ....။ ဒီစာနှစ်စောင်လေး ကို စာဖတ်သူတွေအတွက် အင်တာနက်ချစ်သူ ကနေ တဆင့် ပြန်လည် မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ...။

ကိုရင်လေး.. ဆရာလေး တို့ အားမာန်မလျှော့ ပဲ ဿာသန အကျိုး ဆထက်ပို ထမ်းဆောင် နိုင်ပါစေ ဘုရား...။












Friday, October 8, 2010

ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး ....

ပေါက်ကျိုင်းတစ်ကောင် ဒီမဖြစ်ညစ်ကျယ် ဘလောက် လေးပေါ်မှာ စာလဲ မရေးနိုင် .. လမ်းကြောင်းလေး တည့်တာနဲ့ ပေါက်ကျိုင်း သောက်ကျင့် အတိုင်း လမ်းကြောရှည် တဝေထိုးလိုက်မိတာ ကိုယ့်မျက်စိရှေ့မှာတင် ပေါက်ကျိုင်းရဲ့ ငယ်ပေါင်း တေဖေါ်တေဖက် သူငယ်ချင်းတစ်ဦး ဘဝပြောင်းသွားပြီး ပေါက်ကျိုင်းမလဲ သင်းကွဲမျောက်ဖင်နီ ကို ဘော်ဘော်မျောက်အုပ် က ဝိုင်းသမ လိုက်သလို  သမ ခံ လိုက်ရတော့ ဟိုးရှေး အီဂျစ်ပြည်က မမ်မီ များလို ပတ်တီးတဖွေးဖွေး နဲ့ တစ်လလောက် ငုတ်တုတ်မေ့နေတယ် ခင်ဗျ ...။

ထားတော့ အခု နေကောင်းလို့ ကမ္ဘာကြွက်သိုက်ထဲ ဝင်မွှေရင်း ပေါက်ကျိုင်းဆီကို ရန်ကုန်သီလဝါက အမ မေစောလွင် ရဲ့ ဖေါ်ဝပ်မေးလ် တစ်ပုဒ် ရောက်လာလို့ ဖတ်ကြည့်မိလိုက်တော့ စာလေးက ပေါက်ကျိုင်းတို့တစ်တွေ သိပြီးသား ကျမ်းဂန်နိပါတ်တွေနဲ့ရောမွှေထားပေမဲ့ အတွေးတွေပွားစရာ ရယ်စရာလေးတွေမို့ ဒီ အမမေစောလွင်ရဲ့ ဖေါ်ဝပ်မေးလေး ကို ပေါက်ကျိုင်း အာ နဲ့ နဲနဲပါးပါးပြုပြင် ပြီး ဖေါ်ပြလိုက်ပါ သဗျို့ ... ၊ မသိရင်တော့ နင်က ခပ်ဝဝ ဆိုတော့ မျိုးစန္ဒီကျော် လိုလို ဘာလိုလိုပေါ့ ( အဲလေ ယောင်လို့ ဟို HOMEMADE ဗွီဒီယို ထဲက စကားတွေနဲ့ ရောသွားလို့ ဆောရီး ..ဟီးဟီး ) မသိရင်တော့ ပေါက်ကျိုင်း ဘဲ ရေး သလိုလိုပေါ့ဗျာ... အဟမ်း အဟမ်း ....။

ဟိုးရှေးရှေး တုန်းက  ရှင်ဘုရင်တစ်ပါးဟာ သူ့ရဲ့ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း ဝင်းဝါလှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက် ရသတဲ့ ခင်ဗျ...
ဒီမြွေငယ်လေး ကို သနားလှတာ နဲ့ ဘုရင်က ကယ်တင်လိုက် သတဲ့..
နောက်တစ်နေ့မတော့  ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစားပြိုးပြိုးပြတ်ပြတ်  သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဗြုန်းကနဲ တွေ့လိုက်တော့.....၊

“ အောင်မယ်ငှီး .. သောက်ပလုတ်တုတ်  ဘာကြီးတုန်း ဟ... ဇတ်ထဲက အဝတ်တွေ နဲ့ မင့် ဘယ်သူတုန်း..? ဘယ်နည်းနဲ့ နန်းတော်ပန်းခြံထဲ ကျူးကျူးကျော်ကျော် ရောက်လာတာလဲ.. ဟဲ့ အစောင့် တွေ ဘယ်ရောက်နေလဲကွ ဟေ...  ”

“ မထိတ်လန့်ပါနဲ့ အရှင်..  ကျွန်တော်မျိုးက နဂါးမင်းပါ ..  ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ် ”

 “ဘာကျေးဇူးများလဲ”

“ မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း ခြံစည်းရိုးမှာ ငြိနေခဲ့ပါတယ် အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်း နဲ့ သားရဲသိန်းငှက်စွန် တို့ရဲ့ လက်မှ လွတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ် ... အရှင်လိုရာ ပြောပါ .. ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ အရှင်မင်းကြီး ”

“ အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ် .. ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ် ... အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်..  ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး ကွဲ့ ”

“ ဒါ မခက်ခဲပါဘူး အရှင်..  သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့ .. သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး..  သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ် ..  ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်..  တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ် အရှင်မင်းကြီး ”

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ် .. ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့ သတဲ့ ခင်ဗျ ... ဒီလိုနဲ့ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အချီအချ ပြောတဲ့ အသံကိုကြားလိုက် ရ သတဲ့ဗျို့ ...။
ဒီ ပိုးဖလံ လင်မယား ပြောတာတွေကတော့ဗျာ....

“ တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား .. ”

“ စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား  မိန်းမ ရဲ့ ”

“ ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့ .. အစကတော့ ချစ်လှပါချည်ရဲ့ဆို ခုတော့ ထမင်းတစ်စေ့  သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား ”


“ ဗိုင်းတာမ အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့ ..  ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး .. ဘုရင်နဲ့ မိဖုရားရှေ့မှာ ငါ့ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ...  ဘာလဲ မင်းက နောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား မရဘူးနော် ဟွန်း.. ”

ဒီလို ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိလို့   ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြ သတဲ့ ဗျ ..။ ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း နန်းတော်ခေါင်မိုးထုတ်တန်းပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ထပ်ပြီး ကြားလိုက်မိပြန် သတဲ့..။

“ ဘေးဖယ် ရှင်မရေ.. ”

“ ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က တခုလပ်မဆီ သွားမလို့လား"

“ ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ..  ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး..  ငါ့ကိုများ စွတ်စွတ်စွဲစွဲ ”

“ အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား ... နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ် ..  မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ ..”

“ ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး .. မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ ..”

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား .. သေချင်းဆိုး ရဲ့ ”

“ ဟာ ..ဒီဟာမ ငါလုပ်လိုက်ရရင် နာတော့မယ် .. လက်ဖဝါး ကြိုက်လား သေနာမ ”

“ အမယ် .. လာလေ လာလေ ဒီလိုအပေါက်မျိုး ဘယ်တုန်းကများ ရှင်ကျုပ်ကို ပြောဖူးလို့တုန်း ”

နဲ့ ဘာညာသာရကာ ပြောဆိုရန်ဖြစ်ကြပြီး အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျ

အမြီးတွေ ပြတ်ကုန် သတဲ့ ....။

 “ တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ ”

လို့ ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အိမ်မြောင်ထီး ရဲ့  အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ
ရယ်မိပြန် သတဲ့..  မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်ရောဗျ..၊
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက

"ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ် ... ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး"

ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက
ခြိမ်းခြောက်တော့တယ်ဗျို့ ...ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့

“ ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ် ”

ဆိုပြီး ထွက်ခဲ့ရော ..  နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်..

“ ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ ”

“ လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ ”

“ ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”

“ ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်..  အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း ”

“ ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ .. မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောတာ... ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ ရှင့် ...ဒါမို့လို့ ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့
စမ်းကြည့်တာ.. ဟီဟိ ”

“ ဟား...ဟား.. မင်း တော်တ်ာတုန်းတဲ့ မိန်းမ ဘဲ ... ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး... သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး ..  သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်..  ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး..  လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..?
ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့ ..”

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွား သတဲ့ .. ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး

 “ ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်..  ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား ... ”

လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့ရောဗျို့.. မိဖုရားကိုတွေ့တော့ ဘုရင်က

“ နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့
အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ ..  စားသောက်နေချိန်မှာလဲ သတိရတယ် ..အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော် ...”

“ ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ..”

“ စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့...  အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်..  ဒီလိုပေါ့ နှမတော် ရဲ့ ”

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်...ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိသေးကိုး..

“ လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းဘာ မိန်းမရဲ့”

“ ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မလုပ်တော့ဘူး နော် ယောင်္ကျား ..”

ဒီလို ဆိတ်လင်မယား ရဲ့ စကားအချီအချပြောသံ ကို ကြားလိုက်ရလို့ ဘုရင်ကြီး ခမျှာ အသောမသတ် ရယ်နေမိ ပါလေရောတဲ့ ခင်ဗျား..............။



"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး

"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။

အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။

ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး

ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့

တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့

ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင်  လူဆိုတာ မျက်စိနဲ့တောင်

မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ

ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?

နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?

လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?

သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?

စကားလေး တစ်ခွန်းပါပဲ ....

"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။

"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်

ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး"

တဲ့.. ........ ။
 
                                                       ၊

Saturday, June 26, 2010

အမှည့်လွန် အတွေး မျှင်မျှင် များ..

သူငယ်ချင်းတို့ဘ၀မှာ ငယ်ငယ်ထဲက ငါတော့ကြီးလာရင် အပျိုကြီးလုပ်မှာလို့စဉ်းစားထားတဲ့သူများရှိကြလား ကျွန်တော် ကတော့လေ ငယ်ငယ်ကနေ ခုထိ အပျိုကြီးလုပ်မယ်လို့ တစ်ခါတစ်လေတောင်မှ ယောင်လို့မတွေးမိခဲ့ပါဘူး… ဗေဒင်တွက်လို့ အပျိုကြီးဖြစ်မယ့် ဇာတာရှင်မဟုတ်ဘူးလို့ ဟောလိုက်တာနဲ့တင် ဗေဒင်ဆရာကို အမှန်မြင်တတ်သူလို့ယုံပြီးသားပဲ…. ။
ဟိုးငယ်ငယ် အပျံသင်ခါစ တက်ကြွတဲ့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ဘ၀တုန်းကတော့ အသက်ကြီးလာလို့ လက်ထပ်တဲ့အခါ ဘယ်လိုလူကိုရွေးမလဲစဉ်းစားမိတဲ့အခါမှာ အရပ်ရှည်ရမယ်… ကြည့်ကောင်းတဲ့ရုပ်ရည်မျိုးရှိရမယ်… (ချောလွန်းနေလို့တော့ ဘယ်ဖြစ်မလဲနော် ကျန်ရစ်ဖြစ်မှာလည်းကြောက်သေး ) .. အရာရာကို ဦးဆောင်နိုင်တဲ့အစွမ်းရှိတဲ့သူဖြစ်ရမယ်…
ရုပ်ရှင်တွေထဲကမင်းသားလောက်မိုက်တာလေးများရလေမလား .. အဲလိုစိတ်ကူးတွေနဲ့ရူးခဲ့ဖူးသေးတာ…. ။

အင်း ... အသက်နည်းနည်းကြီးလာ… နှစ်ဆယ်လောက်ရောက်လာတော့ စိတ်ကူးတွေလည်းနည်းနည်းပြောင်း လာတယ်လေ…၊ အရပ်မရှည်ရင်နေပါ တန်းတူဆိုလည်းဖြစ်ပါတယ် ကျွန်တော့်အရပ် ၅ပေ ၅ ထက်တော့နိမ့်တဲ့လူ မယူချင်ဘူး… စတိုင်မိတဲ့ငတိလေးလည်းဖြစ်အုန်းမှ….. အရာရာကိုဦးမဆောင်နိုင်ရင်နေပါ ကျွန်တော်လုပ်သမျှ အနှောင့်အယှက်မပေး အေးဆေးဖြစ်မယ့်သူကိုရွေးမယ်ပေါ့လေ ..အသက်အစိတ်မှာ ပုခက်မချိတ် နိုင်သေးရင် တစ်သက်မနိပ်တော့ဘူးဟေ့ လို့ ပြောနေကြတဲ့အရွယ် အခုရောက်လာပြန်တော့ ကျွန်တော့်စိတ်ကူးတွေပြောင်းသွားပြန်ရောလေ အခုကျွန်တော်လိုချင်မိတဲ့သတို့သားက….တစ်သက်လုံးကြည့်သွားရမယ့်ရုပ် ကြည့်ကောင်းဖို့တော့လိုသေးတာပေါ့နော် ...။

အစားစားတဲ့အခါ ကြေး(ဂျီး) များတတ်တဲ့သူဖြစ်ရမယ်.. ကျွန်တော်ကိုယ်တိုင်ကလည်း အစားကိုကြေးများတတ်တော့ ကျွန်တော်တစ်ယောက်ထဲအပြစ်ရှိတဲ့သူ မဖြစ်ချင်ဘူးလေ ..
အ၀တ်အစားဝတ်ရင် ရှပ်အင်္ကျီ မကြိုက်တဲ့သူ T ရှပ် များများဝတ်တတ်တဲ့သူကိုယူချင်တယ်
ရှပ်အကျီတွေ မီးပူတိုက်ရတာ ဘယ်လောက်တောင်ခက်သလဲဗျာ… Jeans ဘောင်းဘီကိုမချွတ်တမ်းဝတ်မယ်ဆိုလည်း ကြိုက်ပြီးသားပဲ အ၀တ်လျှော်စက်ထဲထည့်ပေးလိုက်မီးပူတိုက်တဲ့အခါ သိပ်တိုက်စရာတောင်မလိုဘူးပေါ့ ... ။

Skinny pants ၀တ်မှ စတိုင်ကျမယ်လို့ သူကထင်တဲ့အခါ တစ်ခါတစ်လေပဲ ဝန်ပါကွာ လို့ချော့ပြောရမယ်ထင်တယ်နော် ...ကျွန်တော်တို့နေမယ့်အိမ်မှာ အိမ်အကူဆိုတာ ကျွန်တော်ကမထားပါဘူး ..အိမ်မှုကိစ္စမှန်သမျှ ကျွန်တော်မလုပ်တတ်တာမရှိပါဘူး မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့စကားကလည်း အလကား ထားတာမှမဟုတ်တာနော် ကျွန်တော်ဟင်းချက်နေတဲ့အခါ သူလည်းအားနေမယ်ဆိုရင် နည်းနည်းလောက်တော့ဝိုင်းကူပေးပေါ့ဗျာ ကျွန်တော်ချက်ကျွေးတာမကြိုက်လို့ သူကိုယ်တိုင်ချက်မယ်ပြောလည်းကျွန်တော်က ၀မ်းမနည်းပါဘူး သူ့ဆန္ဒကသာအဓိကပါ ...။

သူအလုပ်သွားတဲ့အခါ ကျွန်တော်က အိမ်မှာအလကား အအားနေမှာမဟုတ်ပါဘူး
သူပြန်လာတဲ့အခါ ပြောပြဖို့သတင်းစုံရဖို့အတွက် Online တက်ပြီးသူငယ်ချင်းတွေနဲ့ chatရင်း သတင်းတွေလည်းဖတ်နေမှာပေါ့လေ သူပြန်လာတဲ့အခါ သော့ခလောက်ပဲကြိုနေတယ် ဆိုတဲ့အဖြစ် ဘယ်တော့မှမဖြစ်စေရဘူး ..အပြင်သွားမယ်ဆိုရင်တောင် သူပြန်ရောက်ပြီးမှ သူ့ကိုအစောင့်ထားပြီးသွားမှာပါ ...။

အားလပ်ရက်တွေမှာ သူက ကာရာအိုကေလည်းဟဲ ဘီယာလေးသောက် ပင်ပန်းတာတွေဖြေဖျောက်ချင်တယ်ဆိုရင်လည်း အဲဒီနေ့မှာ ကျွန်တော်shopping သွားဖို့ ငွေအလုံအလောက်သာပေးထား ဘေးစကားတွေကို မယုံဘဲ သူ့ကိုလွှတ်ပေးထားမှာပါ .. အင်း ဒါပေမယ့် ပွေလီလာမယ့် အခြေအနေဆိုရင်တော့ ထူးအိမ်သင်သီချင်းလေး အိမ်မှာခဏခဏဖွင့်ပြပေးရမယ်လေ ငါ့ထက်ချစ်တဲ့သူဆိုတာ ဒီကမ္ဘာကြီးထဲရှိနေရင် လိုက်ပြီးလေ ရှာလို့သတ်ပစ်ချင်ပါတယ်…
ဒီလိုသီချင်းမျိုးပေါ့ ...။

ကျွန်တော့်ယူမယ့်သူက ဆေးလိပ်သောက်တတ်တယ်ဆိုရင်လည်း ခွင့်ပြုတဲ့သူကိုရောဂါဖြစ်စေတယ်လို့ မကြားသေးသရွေ့ ကျွန်တော်နဲ့ဝေးဝေးမှာ သောက်ခွင့်ပေးထားမှာပါ ကျွန်တော်ယူမယ့်သူမှာ ညီမဆိုတာမရှိမှဖြစ်မှာ ယောက်မရေသူငယ်ချင်းဆိုတဲ့ကားကြည့်ပြီးသွားထဲကယောက်မ ဆိုတာ အသေကြောက်လို့မလိုချင်တော့တာပါ ဘ၀ဆိုတာတိုက်ပွဲခယ်မဆိုတာလိုက်ပွဲလို့ သတ်မှတ်တတ်တဲ့ခဲအိုမျိုးလဲ မရှိချင်ဘူး ဒါကြောင့်ကျွန်တော်ယူမယ့်သူကတစ်ဦးတည်းသောသားဆို ပိုမကောင်းဘူးလားနော်
တစ်ဦးတည်းသောသားတွေ တစ်ကိုယ်ကောင်းဆန်တယ်ဆိုလည်းကျွန်တော်ကအေးအေးပါပဲ ..။

နှစ်ကိုယ်ကောင်းဖို့အတွက် ကျွန်တော်ကြိုးစားတတ်ရင်ဖြစ်ပါတယ် ... ယောက်ခမ ချစ်တဲ့ချွေးမလေးအဖြစ် ကျွန်တော်ကြိုးစားပြီးနေမှာပါ အိမ်ခွဲနေရင်းပေါ့လေ .. သူလည်း မိန်းမယူတာမှားပြီ ယောက်ခမအလွန်အနိုင်ကျင့်သည် ဆိုတဲ့အဖြစ် မဖြစ်စေရပါဘူး .. ကျွန်တော်တို့က တစ်ပတ်တစ်ခါလောက် မိဘတွေအိမ် အလည်သွားရမှာနော် .. အမေတွေချက်တဲ့ထမင်းဆိုတာ ဘယ်အရာနဲ့မှမလဲနိုင်တဲ့အရာမှတ်လား .. သူကသူငယ်ချင်းတွေနဲ့တွေ့ ပျော်ပျော်ပါးပါးနေချင်သေးတယ်ဆိုရင်လည်း .. ကျွန်တော်က အိမ်မှာ ပါတီလုပ်ပေး သူပျော်ဖို့အတွက်ဆို အမြဲအသင့်ရှိပြီးသားပါ .. တစ်ခါတစ်လေ ရန်ဖြစ် စိတ်ညစ်ရတဲ့အခါ ကျွန်တော်ပဲအမြဲစခေါ်မှာပါ
ပြီးသွားရင်တော့ ရန်ဖြစ်တဲ့အကြွေးအတွက် လက်စွပ်လေးတစ်ကွင်းလောက်တော့သူကပေးသင့်တယ်လို့ပြောမှာပေါ့ ...။

အင်း…… ကျွန်တော်လိုချင်တာတွေက သိပ်များများနေသလားဟင် ...ကျွန်တော်ကတော့ မများဘူးလို့ထင်တာပါပဲ ..အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤ သုံးမျိုးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည်လေး .. ဆိုတဲ့စကားလည်း ကြားဖူးသားပဲမှတ်လား တည်ဆောက်ပြီးတဲ့ဘ၀တစ်ခုကိုလွယ်လွယ်လေးတော့ ဘယ်သူမှ ပျက်ချင်ကြတာမှမဟုတ်တာနော်… ကျွန်တော်လည်း လိုချင်တာတွေရမှရပါ့မလားတွေးရင်းနဲ့ တဖြေးဖြေးရွေးရင်း ရွေးရင်း သူငယ်ချင်းတွေသာ အိမ်ထောင်ကျ ကျွန်တော်ကတော့ အပျိုကြီးများ ဖြစ်နေမလား မသိတော့ပါဘူးဗျာ .... ..။

အပေါ်က စာစုလေး ကတော့ ထာဝရသူငယ်ချင်း များ ထဲက ညီမငယ် မွန်မွန်ထူး ရဲ့ ဖော်ဝပ်မေးလ် လေးပါ .. အောက်က စာစု ကတော့ လူပျိုကြီးပေါက်ကျိုင်း ရဲ့ ပေါက်ကတရ လက်ကမြင်း စာ ဖြစ်ကြောင်းပါ ခင်ဗျား ...

ညီမငယ် မွန်မွန်ထူး ရဲ့ စာစု လေးကို ဖတ်ရင်း အမှည့်လွန်အတွေး လေး တမျှင်မျှင် နဲ့ ခင်ဗျ .. ပေါက်ကျိုင်းမလဲ အရွယ်တော် တစ်ဆိတ်ဟိုင်း လို့ အပျိုကြီး ( အဲလေ ယောင်လို့ )လူပျိုကြီး ဘဝနဲ့ တကိုယ်တည်း ဖြစ်နေပေမဲ့ ဒီ ဘဝ လေး ကို အလွန်ကျေနပ်မိ သဗျာ.. ခြေထောက်မှာ ဗွေပေါက် ခြေတောင့် အောင် လမ်းကြောရှည်လှ တဲ့ ပေါက်ကျိုင်း အတွယ်အတာ ဆိုလို့ အဖေ နဲ့ အမေ သာ ရှိခဲ့လေတော့ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည် ဆိုသလို ရှေးရာဇဝင် ထဲက ပေါက်ကျိုင်း ထုံး နှလုံးမူ လို့ ခင်ဗျ .. တောထဲတောင်ထဲ မှာ ဟိုခုန်ဒီကူး မျောက်လွဲကျော် ဘဝ နဲ့ အပျော်ကျူး နေတုန်း ပေါက်ကျိုင်း မွေးသမိခင် တုတ်တစ်ချောင်း နဲ့ ဆော်ပလော်တီး ဖို့ ရောက်လာမှ ကုပ်ချောင်းချောင်း နဲ့ ပြည်တော် ပြန်ရောက်ခဲ့ပေါ့ . .. ပြောလဲပြောစရာ အပျော်ကျူး နေတာက လဲ ဆယ့်နှစ်နှစ် ကျော်ကျော် ကိုး ...။

ကဲဗျာ .. ထားလိုက်တော့ ပေါက်ကျိုင်း ရဲ့ လွတ်လပ်တဲ့ ဘဝကို ဘယ်အနှောင်အဖွဲ့ မှ ကျူံးသွင်း မခံနိင်ပေါင်ဗျာ ... ။ အနှောင်အတွယ် ကင်းကင်းနဲ့ သွားချင်တဲ့ နေရာဆို ရွှတ်ကနဲ စားချင်တဲ့ ဟာဆိုရင် ပါးဖြဲနားဖြဲ စား အိပ်ချင်ပြီဆိုရင် တွေ့တဲ့နေရာမှာ ဖုတ်ဖက်ခါ ထိုးအိပ်လို့ လူပျိုကြီး ဘဝ ကို ပျော်ပျော်ကြီး ဖြတ်သန်း ရင်း သူငယ်ချင်း အပေါင်းအသင်း တွေက လေကြောရှည် မေးမြန်းစပ်စု လာကြပါတယ် ..။
ပေါက်ကျိုင်း မင့် မလဲ လူပျိုကြီး ဘဝ နဲ့ အရိုးဆွေး တော့မယ် .. အိမ်ထောင်မပြုတာ .. မစွံလို့လား.. ကြောက်လို့လား .. သောက်သုံးမကျလို့လား.. လွတ်လပ်တဲ့ ဘဝကို ခုံမင်နေလို့လား.. ဒါမှ မဟုတ် မာမီ များတို့လို ခြောက် နေလို့လား.. တလားလား နဲ့ စပ်စု လိုက် ကြတာ ..။

သူငယ်ချင်း မောင်စပ်စု မယ်စပ်စု တို့ကို ပေါက်ကျိုင်း တစ်ကောင် ဒီလို မိန့်ခွန်း ပြန်ချွေ ရသဗျ.. အဟမ်း အဟမ်း ..။
ချေးခြောက်ရေနူး ပြန်ပြောရရင် ငယ်ငယ်တုန်းက အသဲ ဘဝင်ငြိ ဟတ်ထိ ဘူးခဲ့တဲ့ မဒီလေး တွေ လေးငါး ဦးတော့ ရှိဘူးခဲ့ သပေါ့ဗျာ .. ပေါက်ကျိုင်း သောက်ကျင့် အတိုင်း တစ်ယောက်ပြီး တစ်ယောက် ဟတ်ထိရင်း သူတို့တွေ မလဲ ပေါက်ကျိုင်း ကို စိတ်မရှည် ငတုံး လို့ သဘောထားပြီး တစ်ယောက်ပြီး တစ်ယောက် တစ်ပဲ့ပဲ့ကြွေ အိမ်ထောင်ပြု သွား ကြလဲ ဟောဒီ ပေါက်ကျိုင်း ပြောင်ကြီး မျက်နှာက စပ်ဖြဲဖြဲ ..
လူထဲကလူ သူလိုငါလိုပါဘဲ ... ။

အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤ သုံးမျိုးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည်လေး .. ဆိုတဲ့ စကားပုံ ကိုကြောက် လို့လားဆိုတော့လဲ .. အဲဒီအချိန်တုန်းကလို ငမ်းကြော ထဖို့ နေနေသာသာ အခု ညီလေးတွေ ထမင်းမေ့ဟင်းမေ့ ကစားနေတဲ့ ဖိုက်တာဂိမ်း ကို ပေါက်ကျိုင်း ဟိုး တောထဲတောင်ထဲမှာ ခြောက်နှစ်ကျော် ခွန်နှစ်နှစ် မက်မက်စက်စက် ကစား ခဲ့ဘူးလေတော့ အချိန်မရှိ အဲဒီ ဖက် ကို စိတ်ကူးလေးနဲ့တောင် မလှည့်မိခဲ့ပေါင်ဗျာ .. ၊ မာမီပေါက်ကျိုင်း လို့ ဆိုရအောင် ကလဲ တစ်ထင်ထင်မြည်နေတဲ့ စိတ်နဲ့ စမ်းချင်တာစမ်းမောင်ဗဂျမ်း လို ခါးတောင်းမြှောင်အောင်ကျိုက် လက်ခမောင်းခတ် ပြီး ချိုတစ်သွေးသွေး နဲ့ ... အဟေးဟေး..
ဖွဲတစ်ဆုပ်နိုင်တဲ့ အထိ ဆိုတဲ့ စကားပုံ လေးက ရှိသေး သကိုး...။

ပြီးတော့ကော .. ဟုတ်တယ် .. လွတ်လွတ်လပ်လပ်နေချင်တယ် .. အပူအပင် မရှိချင်ဘူး .. သူငယ်ချင်းတွေရဲ့ အိမ်ထောင်ဘဝ ကောင်းကောင်းဆိုးဆိုး တွေ ကို နေ့တဒူဝ တွေ့မြင်နေရတော့ လွတ်လပ်တဲ့ ဘဝကို ပိုလို့ပိုလို့ မြတ်နိုး လာမိသဗျ ..၊ ပေါက်ကျိုင်း အခုအချိန်မှာ ဟိုး..အနောက်တိုင်း စကားပုံ တစ်ခုထဲကလို ဘဝ ကို စ ဖို့ လေးနှစ်ကျော် လိုသေးပေမဲ့ စဉ်းစားတတ်လာပြီ ..( အခု အချိန်တော့ ဒေါင်ကျကျ ပြားကျကျ ဘာဘဲ ဖြစ်ဖြစ် ) ပေါက်ကျိုင်း အသက်အရွယ်လေး နဲနဲထောက်လာရင် လောက်ငှတဲ့ ဝင်ငွေ လေးနဲ့ ခပ်ရွယ်ရွယ်ခြံ ထဲမှာ ဝါသနာ ပါတဲ့ သီးပင်စားပင်လေး တွေ စိုက် ..အားရင် စာဂျပိုးပေါက်ကျိုင်း လက်လှမ်းမှီရာ စာတွေနဲ့ တရားစာလေးတွေဖတ် ... ဒါတွေ ကို ညဏ်စဉ် မမှီသေးဘူး ဆိုလဲ သမိန်ပေါသွပ် တို့ ၊ ဝိဇ္ဇာ တို့ ၊ မြိုင်ရာဇာတွတ်ပီ တို့ ကာတွန်းစာအုပ်လေးတွေ လှန်လှော နဲ့ .. အဟဲဟဲ ..
အဲဒီလို ပေါ့ပေါ့ပါးပါး .. ပျော်ပျော်ပြုံးပြုံး နောက်ဆုံး အထိ ဖြတ်သန်း ချင် သဗျာ ..။

အင်း ... တွေးရင်းနဲ့ ဟို ပုံပြင်လေးတစ်ပုဒ် ကို အမှတ်ရမိပါတယ် ..
တစ်ခါ တုန်းက ရိုးလွန်းအလွန်း ပြီး ပုတီးလေးတစ်ချောက်ချောက်နဲ့ တစ်ဦးတည်း သောသား ကိုအေးမောင် ဆိုတဲ့ လူပျိုကြီး တစ်ယောက်ရှိသတဲ့ဗျာ .. ဒီလူပျိုကြီး က အသက် သုံးဆယ်ကျော် လေးဆယ် စွန်းခါနီးအထိ မစွံတော့ သူ့မိဘ တွေ က မျိုးဆက်ပြတ်မှာ ကြောက် သဟ ဆိုပြီး မိန်းမ ပေးစား ဖို့ စီစဉ်ကြ သဗျ .. အဲဒီလို စီစဉ် နားချ ကြတော့ လူပျိုကြီးက ကိလေသာတွေ ..သဏှာတွေ မီးတွေ ဆိုပြီး ခါးခါးသီးသီး ငြင်းသတဲ့ဗျာ .. မိဘတွေက မဖြစ်ချေဘူး ဆိုပြီး ဘေးဆွေမျိုး တွေကို အကူအညီ တောင်း ပြီး နားချခိုင်းရသတဲ့ .. ဒီတော့ လူပျိုကြီးရဲ့ အမဝမ်းကွဲ တွေက ဝိုင်းဝန်းပြီး ရွာတောင်ဖက်က မိနှင်း က ဒီလို ရွာနောက်က အေးဘုံ က ဘယ့်နှာ ရွာလည်က အပျိုကြီး မွန်မွန်ထူး က ဘယ့်နှယ် နဲ့ ဖြောင်းဖြ စေ့စပ်ကြတော့ အိမ်ကပြင် ကိုတွေတွေ ကြီး ငေးကြည့်ရင်း ဒီလို တစ်လုံးချင်း ပြန်ပြောလိုက် သတဲ့ဗျာတို့ ..

“ ဒါတွေ ဟာ မှောင်မိုက်လွန်းတဲ့ ကိလေသာ သဏှာမီး တွေပါ အမတို့ရယ် .. အမ တို့ မိန်းမအတင်း ပေးစား လို့ ကျွန်တော် ယူ ရမယ် ဆိုရင်လဲ ..  အင်း ...  တစ်လ လောက်တော့ လိုချင်သားဗျ ”

ဒီလိုနဲ့ဘဲ .. ညီမလေး မွန်မွန်ထူး က အပျိုကြီး ဘဝကို ပူပင်ကြောင့်ကျ .. ပေါက်ကျိုင်း တစ်ယောက် ကတော့ လူပျိုကြီး ဘဝကို ခုံမင်တောင့်တ .. ဘဝ ကိုဖြတ်သန်းရင်း နဲ့ဘဲ တရွေ့ရွေ့ ..... ။


Sunday, May 30, 2010

ဟောင်းလောင်း သရဲ ...


ပေါက်ကျိုင်း တလောက နယ်စပ်မြို့လေး ကော့သောင်းကို အကြောင်းကိစ္စ တစ်ခုနဲ့ ရောက်ခဲ့ သဗျ .. တလောက ဆိုပေမဲ့ သုံးနှစ် ပျော့ပျော့ လောက်တော့ ရှိပြီထင်ပါရဲ့ .. ထီးထမ်းလမ်းလျှောက်ပေါက်ကျိုင်း ကျမ်းမာရေး က လက်နဲ့တောက်လိုက်ရင် တထင်ထင် နဲ့ မြည် နေတော့ကာ.. ဟိုနေရာ ဒီနေရာ စပ်စပ် စပ်စပ် နဲ့ ခရီး တဒီးဒီး သွားရ သဗျ.. ခြေထောက်မှဲာ ဗွေ ကလဲ ရှိသကိုး..ပြောရမယ်ဆိုရင် ပေါက်ကျိုင်းခမျှာ အသက်က သင်းချိုင်းကုန်း ကို ခြေတစ်ဖက်လှမ်းနေပေမဲ့ စိတ်လေးကတော့ ဆယ်ခြောက်နှစ်သာသာမို့ ဆုရတီ လေး ဆိုရင် ဘယ်လို မယ်လိုဒီလေး က ဆိုရင် ဘယ့်နှာ ဝိုင်းစု လေးဆိုရင် လာထား ဆိုပြီး ချိုတစ်သွေးသွေး နဲ့ ခင်ဗျ..( အဲ .. စကားတောင် ဘယ်ရောက်သွားပြီလဲ မသိဘူး .. ပေါက်ကျိုင်းများ ဒါမျိုးဆိုရင် သိပ်တတ် ) ဒီမြို့ နဲ့ ဒီနယ် တစ်ကြောမှာ ဝေလေလေ ပေါက်ကျိုင်း ရဲ့ အသက်သုံးပုံ ပုံတစ်ပုံဟာ မြုတ်နှံထားခဲ့မိလေတော့ .. ဒီတောဒီတောင် ဒီမြို့လေး ဟာ ပေါက်ကျိုင်း ရဲ့ ဘဝသက္ကသိုလ်ကြီး ဆိုတာ မမှားပေဘူးပေါ့ဗျာ.. ။

အဲဒီမှာ ပေါက်ကျိုင်းတစ်ကောင် ထိုင်းနိုင်ငံထဲက ရနောင်း အလွန်.. ခြုံဖေါ် ဆိုတဲ့ မြို့လေးကို ကိစ္စ တစ်ခုနဲ့ သွားစရာ ရှိလို့ ဘာညာသာရကာ ဖြတ်သန်းရေးကိစ္စတွေ လုပ်ရင်း ဟိုးတစ်ခါတုန်းက တေဖေါ်တေဖက် သောက်ဖေါ်သောက်ဖက် ရခိုင်သား ကိုထွန်းဇံ တစ်ယောက် ကို အဌားတက္ကစီဆိုင်ကယ်ကြီး ပေါ်မှာ ဟောလီးဝုဒ်မင်းသား ဂျွန်ဝိန်း စတိုင် နဲ့ ကားယားကြီး တွေ့ရ သဗျ .. ဒီကောင် ထွန်းဇံ ..အားရဝမ်းသာ နားရင်းတွေရိုက်ပြီး ဖက်ထားလိုက်တာ ရင်ခြင်းဆက်အမွှာ ခွဲစိတ်ခန်း ထဲ ဝင်တော့မယ့် အတိုင်းဗျာ.. လူတွေရှေ့မှာ ပေါက်ကျိုင်းခမျှာ ရှက်ကိုးရှက်ကန်းကြီးဖြစ်လို့ ..ပြီးမှ ကော့သောင်းမှာ အမြည်းအကောင်းဆုံး ထွန်းလှ ဆိုင် မှာ အေးအေးဆေးဆေး ဝင်ထိုင်ရင်း.. တစ်ခါတုန်းက တောထဲတောင်ထဲမှာ သေဖေါ်သေဖက် အကောင်းအဆိုးတွေကို မျှဝေခံစားကြတဲ့ လက်တွဲဖေါ် သူငယ်ချင်းတွေ ကို မေးကြည့်မိပါ သဗျာ ..

သူငယ်ချင်းအများစု က ရောင်းကောင်းရောင်းဝယ်လုပ်စားသူက လုပ်စား သေတဲ့သူက သေ .. နယ်ကျော်ပြီး စုတ်စမြုပ်စ ပျောက်သွား တဲ့သူကပျောက် နဲ့ ပြောရင်း ဖြတ်ကနဲ သတိရလာဟန်တူပါရဲ့ အဝင်း နဲ့ သီသီစိုး ကတော့ ဒီကော့သောင်း တစ်မိုင်တောင်ကုန်းအောက်မှာ တိုက်ပုလေး တစ်လုံးဝယ်ပြီး အခြေချ နေလေရဲ့ ဆိုတော့ကာ သူ့ဆိုင်ကယ်နဲ့ဘဲ နှစ်ကောင်သား အားရဝမ်းသာ ဒီလင်မယား အိမ်ကို သုတ်ခြေတင် လာပါရော ဗျား.... ။

အိမ်ရောက်တော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခေါင်းလုံးဖွေးဖွေးဖြူနေတဲ့ မွန်ကြီး အဝင်း နဲ့ အရင်ကလိုဘဲ သေးသေးသွယ်သွယ် ချောလှ အရွယ်တင်နေသေးတဲ့ ထားဝယ်သူ သီသီစိုး တို့ ကျောပိုးအိပ်ကြီး ကိုးယို့ကားယားနဲ့ ပေါက်ကျိုင်း ကို ကြည့်ရင်း မမှတ်မိဘူးထင်ပါရဲ့ ရခိုင်ထွန်းဇံ ကို မျက်စတပြစ်ပြစ်နဲ့ ဘယ်သူလဲ ဆိုတဲ့သဘောပေါ့ ….၊ ဒီတော့မှ ရခိုင်ထွန်းဇံ လဲ ငယ်ဝသီအတိုင်း အဆဲလေးနဲ့ ..

“ ငါ့လရှီးမှဘဲ မင်းတို့ မမှတ်မိကြတော့ ဘူးလား ဒါ ချီးထုတ် မောင်မောင်လေ ( အဲဒီတုန်းက ပေါက်ကျိုင်း နာမည်က မောင်မောင်ပါ ) နင့်မိငါရိုး ဒါ ဟောင်းလောင်းသရဲကြီး လေကွ ..”

ဆိုမှ ကျွဲနွားများ အဝယ်မမှားရအောင် တစ်စိမ့်စိမ့်ကြည့် တဲ့ အကြည့်နဲ့ ကြည့်ရင်း မှတ်မိလာဟန်တူပါရဲ့ မျက်ရည်တွေ ဝိုင်းလာပြီး

“ ဟာကွာ ဟာကွာ .. ချီးထုတ်မောင်မောင်ကြီး ..”

ဆိုပြီး ပေါက်ကျိုင်းရဲ့ ထွားကျိုင်းကြူံလှီလှတဲ့ ရင်ဘတ်ကြီးကို တအုန်းအုန်း သူ့လက်သီးကြီးနဲ့ စွတ်စွတ်ထိုးနေလို့ ပေါက်ကျိုင်း ရင်ဘတ်ကိုအောင့်လို့..။

ပြီးမှ စပ်မိစပ်ရာ ဘာညာသာရကာ.. ပြောရင်းဗျာ .. နယ်မြေလို့ သတ်မှတ်ခံရတဲ့ စူငယ်ဘာလိုင်းချောင်းဖျားကြီး ကျေးရွာအိမ်စုလေးမှာ တနှစ်ပျော့ပျော့ ဝေလေလေ လုပ်ခဲ့တုန်းက တေဖေါ်တေဖက် သူငယ်ချင်း တွေဖြစ်တဲ့ အညာသား ကြွက်တွင်း ဖာထမ်းမိုးသော်..၊ အဲဒီတုန်းက ရာဇာနေဝင်း မပေါ်သေးဘဲ သူ့စတိုင်အပြည့်နဲ့ ဘုတ်ပြင်းသား ချီးထုတ်ဝင်းအောင် …၊ အရက်များမူးလာရင် သူတို့ရိုးရာ ကျင်ခတ် တယ်ဆိုပြီး သူတကာကို အပျော်သဘော စစ ပြီး နပန်းလုံးတတ်တဲ့ ရခိုင်ကြီး စံလှဘော်..၊ စတဲ့ ချီးထုတ်ဘော်ဒါတွေကို မေးစမ်းရင်း အဲဒီ အိမ်ခြေစုလေးမှာ ပေါက်ကျိုင်းရှေ့က အဝင်း နဲ့ သီသီစိုး တို့ လူတကာပါးစပ်ဖျားမှာ တဟီးဟီးနဲ့ ပြောမှတ်စရာ ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်သွားတာ ကို တွေးမိရင်း ...  ဒီလင်မယားကို ပေါက်ကျိုင်း မျက်လုံးစွေပြီး ကြည့်လိုက်တော့ ခုနက ရခိုင်ထွန်းဇံ ပြောလိုက်လိုက်တဲ့ .. ဟောင်းလောင်းသရဲ ဆိုတာ ကြားမိပြီး အမယ် .. သူတို့ ခမျှာ မျက်နှာက ရှက်ကိုးရှက်ကန်း စပ်ဖြီးဖြီး .. ဟီဟိ ...။

တစ်ခါတုန်းက ကော့သောင်း နဲ့ မြိတ် ကို ဒီနယ်က တစ်ခုတည်းသော (၂၆၂ )တပ်ရင်း ၊ ဘီအီး ၊ ဂျီအီး တပ်ဆွယ်လေးတွေ နဲ့ အကြံအဖန် သစ်ခိုးထုတ်နေတဲ့ ထိုင်းက ကုမ္မဏီ တွေ… မဟာဗျူဟာ လမ်းမကြီး ဆိုပြီး အစိုးရက မြေသားလမ်း စဖေါက် နေတဲ့ အချိန်ပေါ့ ခင်ဗျာ ..၊ အဲဒီမြေသားလမ်း ဘေး တောထဲ တစ်မိုင် လောက်မှာ ပေါက်ကျိုင်း ဝေလေလေလုပ်တဲ့ စူငယ်ဘာလိုင်း ချောင်းဖျားကြီး ကျေးရွာဆိုတဲ့ အိမ်ခြေ ၂၀ သာသာ အိမ်စုလေးမှာ လူတွေက လွှတိုက် ကြိမ်ခုတ် မုဆိုး အမဲလိုက် နဲ့ ကြုံရာကျပန်း အလုပ် လုပ်ကြသဗျ.. လူတွေက ရခိုင် ၊ မွန် ၊ ထားဝယ် ၊ မြန်မာ ၊ ကုလား ၊ ယိုးဒယားရှမ်းအနွယ် ၊ စသဖြင့် တစ်အိမ်ထောင်စုစီရှိကြပေမဲ့ လူဦးရေအလွန်နဲတော့ကာ တစ်ဦးကိုတစ်ဦး ညီအကိုမောင်နှမ သားချင်းတွေ တစ်ဖွယ် အလွန်ချစ်ခင်ကြသဗျို့..။

ဒီရွာလေးမှာ ဇတ်လိုက်ကြီး အဝင်း က တဲလေးတစ်လုံးထိုး ပြီး တကိုယ်ထဲ တောချက်အရက် ဆိုင်လေး ဖွင့်ရောင်း နေသဗျ.. မုဒုံသား အဝင်း ဟာ ရုပ်ရည်လေးကလဲ သန့်ပြန် အသောက်အစားကလဲ ကင်း.. စုစုဆောင်းဆောင်း သမားဆိုတော့ ဒီအိမ်ခြေစုလေးထဲက မရှိတဲ့ အပျို နှစ်ယောက်တစ်ပိုင်း ကလေးများက မျက်စောင်းလေး တစ်ချိတ်ချိတ်နဲ့ … ၊ အဲဒီ ထဲမှာ ထားဝယ်ကနေ ရေကြည်ရာမြက်နုရာ ရှာရင်း ရောက်လာတဲ့ မိသားစုထဲက သီသီစိုး လဲ ပါသပေါ့ဗျာ.. ဒီ ထားဝယ်သူ သီသီစိုး ကလဲ တောထဲတောင်ထဲမှာဆိုတော့ကာ အနူတောထဲက လူချော ပမာ .. ။

ပေါက်ကျိုင်းတို့ မျက်စိကလဲ ရွာဘေး ချောင်းကလေးမှာ အဝတ်ထိုင်ထိုင်လျှော် တတ်တဲ့ ကုလားမကြီး ဇန်နဘီ ကို မြင်.. မြင်ပါများ လှလှ လာလို့ အကြည့် ဘရိတ်အုပ် ရတာလဲ အကြိမ်ကြိမ် မို့ … သီသီစိုး တို့ မိသားစု ဒီရွာလေးကို ရောက်လာလို့ ကာလသား ပေါက်ကျိုင်းတို့ တတွေ သူ့ရဲ့ တဲအိမ်လေး နဘေးမှာ ညည အရက်လေးတထွေထွေနဲ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် လုပ်နေတတ်ပေမဲ့ အမယ် သူက ပေါက်ကျိုင်းတို့ ငမူးငရူပ် ကာလသားတွေကို ဖုတ်လေတဲ့ ငပိ ရှိတယ် လို့တောင် မထင်ဘဲ တဲမျက်စောင်းထိုးက မဟာချက်အရက်ဆိုင် ပိုင်ရှင်ကြီး အဝင်း နဲ့ မျက်စပြစ်၍ တဖုံ ခြေဆောင့်၍ တစ်နည်းနဲ့ ပဲများနေတော့ ကာ ပေါက်ကျိုင်းရဲ့ ခြေအေးဝမ်းရောင်ကြီး ကို စိတ်နာနာနဲ့ ရပ်လိုက်တော့ သဗျား ...။

တစ်နေ့သားမှာ ပေါက်ကျိုင်း နဲ့ ဖာထမ်းမိုးသော် ( အညာကနေ ဖာတောင်းကြီး နှစ်လုံးထဲမှာ ခြုံစောင် ၊ ဖိနပ်က နေ အပေါစား မိတ်ကပ် နုတ်ခန်းနီ ဆံညှပ် …စတဲ့ တိုလီမုတ်စ ထဲ့ပြီး ထမ်းပိုး နဲ့ ထမ်းကာ ထမ်းကာ ရွာစဉ်လှည့် ဈေးရောင်းသူ ) တို့ အဝင်းဆိုင်မှာ ချက်အရက်လေး တလုံး အကြွေးယူပြီး ဒီဆိုင်ကဘဲ အလကားရတဲ့ မျောက်ညိုချီးခါးဟင်း ကောင်းကောင်းနဲ့ ဆွဲလိုက်တာ ပုလင်းတစ်လုံး လဲပြောင်တော့ ဒီ ဖာထမ်းကောင်က သူ့တစ်နေ့တာ လျှာထားချက် မပြည့်မှီသေး ဘူး ဆိုပြီး ဆိုင်ရှင် အဝင်း ကို မျက်နှာချိုသွေးပြီး သကာလ နောက် တစ်လုံး ယူ မျောက်ချီးခါးဟင်းရည်လေးပါ မရမက အပါဆွဲလာပြီး ဒီရွာစုလေး နဲ့ ၄ ဖာလုံ လောက်ဝေး တဲ့ ပေါက်ကျိုင်းတို့နေတဲ့ တဲဘုံနန်းလေး ဆီကို သက်ကယ်တောကြီး ဖြတ်ပြီး ပေါက်ကရသီချင်းတွေ ဆိုပြီး တထွေထွေ နဲ့ ပြန်လာပါလေရောဗျ..

“ ဟဲ့ကောင် မောင်မောင် သီချင်းဆိုကွာ.. ဒါမှ မင့်ရဲ့ အမင်္ဂလာ အောင်မောင်း အသံကြီးကြားမှ တောဝက်တွေ မလာရဲမှာ …. ”

“ အားပေး တယ် လာ့.. ”

“ ခရီးလမ်းမ တွင် အလယ် …. ခလုတ်ကန်သင်း တိုက်ကာလဲ ဟယ် … ပုလင်းလေး ကျကာ ကွဲတယ် … ပုလင်း လေးက စကားပြောလာ ပြီကွယ် ..သား လူလေး ရေများများ ရောပါ သားရယ်.. သား မှား ..မှား....  ”

“ ဟဲ့ကောင် ..တွံတေးသိန်းတန် ကြားရင် သူ့သီချင်းဖျက်ရကောင်းလား ဆိုပြီး ဖနောက်နဲ့ လာပေါက် နေဦးမယ်… ဒါကြီးဘဲ ထပ်နေတယ် .. ဒီ့ပြင် ဟာဆို.. ”

“ ဒါဘဲ ရတယ်ဟ.. ဖာထမ်းကောင်ရဲ့ ဒါဆို မင်း ကဗျာ ရွတ်ကွာ.. ”

“ အိမ်း.. မင်းက ငါ့ရဲ့ မော်ဒန်ကဗျာ ကို အလွန်နှစ်သက် မြတ်နိုးစွာ နားဆင်ချင် သပေါ့ လေ ငြီမ်ငြီမ်ပိပိ နားထောင် .. အဟမ်း .. အဟမ်း ”

အဲဒီတုန်းက ခေတ်စားစပြုနေတဲ့ မော်ဒယ် လား မော်ဒန် လား မော်ဒက် ဆိုလား တောသား ပေါက်ကျိုင်း ဘယ်လိုမှ နားဝင်မချိုတဲ့ စာလိုလို ကဗျာလိုလို ဟာကြီးကို မိုးပေါ် လက်နှစ်ဖက် ဆန့်တန်းပြီး သွတ်ပြားပေါ် ကြောင်ခြစ်တဲ့ အသံနဲ့ …

  “ မိုးပေါ်ကလမင်း .. နဲ့ စစ်ခင်းမိတဲ့ ကျုပ်

      တိုက်ပွဲကို ပုလင်းတစ်လုံးခြား..

       ပွတ်ကာသီကာ ရှံးနိမ့်ခဲ့ရင်း
  
       ဒီ သက်ကယ်တောကြီးပေါ် ပြုတ်ကျ ..

       ကျုပ် .. ဖာထမ်း ထမ်းပိုးကြီး ကျိုးဘူးတယ်..”

ဘယ်လို ဘယ့်နှာ မှန်း မသိ ကဗျာကြီးက ပေါက်ကျိုင်း မျိုထားဆို့ထားတဲ့ အရည်လေးတွေ ပြန်ထွက်ချင်လာအောင် အီလယ်လယ်ကြီး ဖြစ်လို့ .... ။

စတာက ပေါက်ကျိုင်း ....
ရွာက အထွက် လေး ကတည်းက မျောက်ချီးခါး တန်ခိုး နဲ့ ဗိုက်က တရစ်ရစ် နာလာလို့ ရွာအထွက် တစ်ခေါ်လောက်က ပေါက်ကျိုင်းတို့တတွေ မူးလာရင် ပေါက်ကရလေးဆယ်သီချင်း ပေါက်ကရ ကဗျာ တွေကို တက်တက်ဆိုရွတ်နေကြ စတိတ်စင်ကြီး လဲဖြစ် .. ဘယ်အချိန်ကတည်းက လဲကျခြောက်သွေ့ သေဆုံးနေမှန်းမသိတဲ့ ရင်စို့လောက်ရှိတဲ့ ကညင်ပင် ခြောက်ကြီး ပေါ် နှစ်ကောင်သား ကုတ်ဖဲ့တွယ်တက်ပြီး အပေါ်မှာဘဲ ဗိုက်ထဲက ချက်အရက်နဲ့ မျောက်ချီးခါး ရောသမမွှေပြီး ထွက်ပေါက်တွေ ပိတ်မထား ပါနဲ့ ဆိုတော့ကာ တဘွတ်ဘွတ် … တဗြစ်ဗြစ် နဲ့ တူးမန်းရှိုး ပွဲကြီးကို ခြိမ့်ခြိမ့်သည်း ကျင်းပနေရ သဗျ ..( အောက်မှာဆို ခြင်၊ ဖြုပ် နဲ့ ပေါ လိုက်တဲ့ တောဝက်ရန်ကလဲ ကြောက်ရသေး သကိုး ) ဖာထမ်း ကောင် ကို စောင်းဌဲ့ ကြည့်လိုက်တော့ မသေခင်ထဲက ပုတ်ဆော်နံနေတဲ့ ကောင်ကြီး ဆိုပြီး နံလှသည်ထင့် ဟိုး ပင်ခြေရင်း သစ်မြှစ်ဆုံကြီး ပေါ်မှာ အရက်ကလေး တစ်ငုံစွတ်လိုက် မျောက်ချေးခါးလေးကိုမြည်းလိုက်နဲ့ ခုနက အဆက် မော်ဒန်ကြီးကို ဆက်ဟဲ နေသဗျာ ..။

ဒီလိုနဲ့ ဗိုက်ထဲစစ်တိုက်နေတာကို ဆောင်ကြောင့်ထိုင် ရှင်းလင်းနေတုန်း ပေါက်ကျိုင်း အောက်က ခါးလည်လောက် ရှိတဲ့ သက်ကယ်တောကြီးကို တရှဲရှဲ တိုးပြီး ကုန်းကုန်း ကုန်းကုန်း နဲ့ မဲမဲကြီးနှစ်ခု မြင်ရသဗျ ..
ဘုရား ဘုရား ..ကံသီပေလို့ တောဝက်တွေ ထင်ပါ့ .. အောက်မှာဆိုရင် ဖင်စအိုပွင့်ပြီ ဆိုပြီး ကြက်သီးတဖြန်းဖြန်းထနေတုန်း.. ဖြတ်ကနဲ အောက်စိုက်ထိုးထားတဲ့ ဓါတ်မီး အလင်း .. လူ … လူ..ဟ.. အချိန်မတော်ကြီး ဒီနေရာကို အန္တရယ်မကြောက် ဝက်မကြောက် နဲ့ ဘာလာလုပ်ပါလိမ့် .. မုဆိုးတောလည်ရအောင်လဲ လာကတည်းက မီးကို တောက်လျှောက် မကစားထား .. ဒီနေရာရောက်မှ ခပ်အုပ်အုပ်အောက်စိုက်ပြီး မီးကို ထိုးတယ်ဆိုတော့ကာ .. ဘယ်သူလဲ လို့ ပေါက်ကျိုင်း အတွေး ..

“ ဘာလို့ ဒီကိုခေါ်လာရတာလဲ .. ရွာနဲ့ နဲနဲလှမ်းတယ် .. သီ ကြောက်တယ်နော် ”

   ဟမ်… ရွာထဲက ပေါက်ကျိုင်းတို့ အသဲကုန်အူတုန် သီသီစိုး ရဲ့ ခပ်အုပ်အုပ် အသံ..

“ အဟီး .. သီလေးကလဲ ကိုဝင်းတို့ လွတ်လွတ်လပ်လပ် တွေ့ ရအောင် ဒီကို ခေါ်လာတာ အဟိ..ရွာနားမှာဆို ခွေးတစီစီနဲ့ .. ဒီမှာ ဆို အေးဆေး အေးဆေး..”

အမယ်.. ပေါက်ကျိုင်းတို့ ကျေးဇူးရှင် အဝင်း အသံကြီး ဟ..

“ ဝက်တွေကလဲ ပေါတယ်နော်.. ကြောက်ပါတယ်ဆိုမှ သူ့ကိုလဲ ကြောက်တယ်..အဟင့် ”

“ ကြောက်နဲ့နော်..ဒီမှာ ကိုဝင်း တယောက်လုံးရှိပါတယ် အားကိုးလိုက်စမ်းဘာ..ဘုန်း ဘုန်း ( နံရိုးကျဲကျဲ ရင်ဘတ်ပြဲ ကြီးကို ထုသံ ) ”

“ ဟင့်အင်း.. ဟင့်အင်း ..သီကြောက်တယ် .. သူ့ကို ချစ်လို့သာ ချိန်းလိုက်ရတာ မကဲ ရဘူးနော် ဒါဘဲ …”

ဘာညာသာရကာ တွေနဲ့ သူတို့ကိစ္စ သူတို့ အလုပ်ရှပ်နေကြပြီး သင်းတို့ မွှန်နေ လိုက်ကြတာ ..ငုတ်တုတ်ထိုင်ယိုနေတဲ့ အပေါ်က ပေါက်ကျိုင်းခမျှာ ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားဟာ တယ်ပြီးမှန်ပါလား လို့တောင်တွေးမိ လိုက်သေး သဗျာ…။
သင်းတို့ က ငုတ်တုတ်ပေါက်ကျိုင်းကို မမြင်လို့ မရှက်ပေမဲ့ ဒီက ရှက်တာက တမျိုး ကိစ္စကလဲ ..အင်ဂျူရီတိုင်း ရောက်နေပြီ ဆိုတော့ကာ သူတို့နဲ့ ဝေးရာကို  ကဏန်း သွားလေး ဘေးတိုက် သွားရင်း ရှင်းမဟဲ့ လို့လုပ်နေတုန်း အောက်က သင်းနှစ်ကောင် ချစ်နလန်ထ တာ ပြီးသွားပြီထင့် ….

“ ကိုဝင်း က သိပ်ဆိုးတာဘဲ သွား.. မကောင်း ဘူး ..ဟွန့် ”

“ အော်..ဟောဟဲ.. ကိုဝင်းက ချစ်လို့ ပါ ..ဟောဟဲ ..စိတ်မဆိုးလိုက်ပါနဲ့နော်..မျက်နှာ..ဟောဟဲ ..ကြီးကလဲ ဟောဟဲ..”

အဝင်း အမောဖေါက် သံကြီးနဲ့ ညူ့နေတာ.. ညူ့နေတာ ... ။

“ ကိုဝင်း ပုပ်ဆော်ကြီး ကလဲ နံလိုက်တာ ဘယ်နားကလဲ မသိဘူး ”

“ ဟောဟဲ .. ရှူးရှဲ… ရှူးရှဲ.. ဟုတ်တယ်.. သီ မကြောက်နဲ့နော် ”

အမယ်..ခုန တုန်းကတော့ မွှန်ထူနေပြီး.. အခုမှ သတိကပ်လာလိုက်တာ..

“ ဒီနားမှာ အရက်သမား အေးသောင်ကြီး ဝက်ပက် လို့ သေဘူးတယ်မလား.. အဲမိဝေး.. သီ…သီ ကြောက်တယ် ကြောက်တယ်…ပြန်စို့..ပြန်စို့..”

“ မ…မ ..ကြောက်နဲ့ သီလေး.. ကိုဝင်း တစ်ယောက်လုံးရှိသေးတယ်လေ.. အားကိုးလိုက်စမ်းဘာ..”

အရေးထဲ.. အဝင်း က အသံတုန်ခတ်ခတ်နဲ့ သီသီစိုး ကို မဟားဒယား ဖက်ထားပြီး လွှတ် အသားယူနေသေးတယ် ....။

ဒီတော့ ပေါက်ကျိုင်းမလဲ သူတို့မြင်သွားမှာစိုးလို့ ချွေးတဒီးဒီး နဲ့ သစ်ပင်ခြောက်ကြီးပေါ်မှာ ကဏန်းသွား လေးနဲ့ ငုတ်တုတ် တရွှေ့ရွှေ့သွားနေ… ဗြုန်းဆို ဓါတ်မီးရောင်က ငုတ်တုတ်ပေါက်ကျိုင်း ကို ပင့်အထိုး.. ဒီကလဲ မီးရောင်ကြောင့် တလှုပ်လှုပ်နဲ့ ကဏန်းသွားလေး ဘေးတိုက်သွားနေတာ ရပ်ပြီး ကြောင်ကြည့်နေတုန်း..

“ အောင်မယ်လေး.. ငုတ်တုတ် သရဲကြီးဗျ.. ငါရိုးမသား..သရဲ ..အီးဟီးဟီး ”

“ ဒေါင် ”

“ ဝါး…အား.. အား..ဘုန်း.. ”

ဒီကောင် အဝင်း.. သရဲထင်ပြီး သူ့ဓါတ်မီးနဲ့ ကောက်တွယ် … ပေါက်ကျိုင်း နဖူးကို ဒါရိုက်ဟစ် ဖူးစာစုံပြီး အောက်ကို ခွေးကျ ကျ သွားလိုက်တာ… အရက်ပက်ချင်ချိန်တဲ့ လက်က တည့်လိုက်တာလဲ အလွန်..
အောက်လဲ ရောက်ရော လူးလဲထပြီး ဒီ ချစ်ပလူးသွားတဲ့ နှစ်ကောင် ကို ကဗျာကယာ ဖုတ်ဖက်ခါထ ပြူးတူးပြဲတဲ လှမ်းကြည့်လိုက်တော့ … အဝင်းတစ်ကောင် သူ့အချစ်တုံးကြီး သီသီစိုး ကိုချန်ထားပြီး သက်ကယ်တောကြီးကို ပုဆိုးကွင်းသိုင်းပြီး ခုန်ပျံကျော်လွှား ပြေးသွားလိုက်တာ ပါးစပ်ကလဲ ဒီလို ပေါက်ကရတွေ အော်ဟစ်သွားသေးသဗျာ ....

“ အောင်မယ်လေး .. ငုတ်တုတ်သရဲကြီးပါဗျ .. ဟောင်းလောင်းသရဲကြီး ခြေထောက်ငုတ်တို သုံးချောင်းတောင်ရှိတဲ့ အေးသောင်သရဲကြီး ဗျ.. ”

“ ကိုဝင်း ..ကိုဝင်း .. စောင့်ပါအုံး .. ဟဲ့ ..အဝင်း ငါ့ ကိုစောင့်အုံး .. သေချင်းဆိုး သေနာကြီး ..အီးးဟီးဟီးးး ဟောင်းလောင်း သရဲ ကြီး ပါတော့….”

နောက်ဆုံးအသံက သီသီစိုး အသံပါ .. အော် သူ့မလဲ ထမိန် ကို ပုခုံးထိ မတင်ပြီး သူ့ ရဲ့ အားကိုးလိုက်စမ်းဘာ ဆိုတဲ့ ချစ်လှစွာသော အဝင်း နောက် ပြေးလိုက်သွားတာ .. ချိုကားကားနဲ့ ဆတ်ဖါးကြီး လူတွေ့ လို့ ကြောက်လန့်ပြီး ကဆုန်ပေါက် ပြေးသွားသလို ဖင်တဖွေးဖွေးတပြောင်ပြောင် နဲ့ ကြည့်လို့ကို မကောင်းဘူး တစ်ကယ် ..

သူတို့ ခုန်ပျံကျော်လွှား မပဋာမြေလူး အက ကို မျက်စေ့တစ်ဆုံးကြည့်ပြီးမှ သစ်ပင်ပေါ်က ကဗျာရွတ်ရင်း ဆက်တော်ခေါ်နေတဲ့ ကဗျာရူး ဖာထမ်းမိုးသော် ကို ကဗျာကယာ ခြေထောက်ဆွဲနိုး .. ဒီကောင် ကလဲ တအင်းအင်း တအဲအဲနဲ့ ထတော်မမူလို့ ပေါ်တာ.. ပေါ်တာ လို့ ပြောမှ အရက်ပုလင်းကို ပိုက်ပြီး ကဆုံပေါက် ပေါက်ကျိုင်း နောက်ကနေ ပြေးလိုက်တော်မူတယ် ..ဒီကောင် ပေါ်တာ ကိုတော့ အကြောက်သား…။

ဒီနယ်မှာက အပမှီလို့ ဒါမှမဟုတ် တောတွေဘာတွေ ခြောက်ရင် သေနတ်တွေနဲ့ ဝိုင်းပြီး ပစ်ခတ် နှင်ထုတ် တတ်ကြလွန်းလို့ နောက်ကျခြေထောက် သစ္စာဖေါက် ဆိုပြီး ခြေကုန်သုတ်လိုက်ရတာဗျာ .. ပေါက်ကျိုင်းတို့ တဲဘုံနန်း ဆီလဲရောက်ရော ဟိုး ရွာဖက် ဆီက သေနတ်သံတွေ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေလိုက်တာ တော်တော်နဲ့ မစဲတော့ ဘူး..
ဟူး … ကံသီပေလို့ …။

အရင်းစစ်လိုက်တော့ဗျာ .. ဒီလိုဒီလိုဗျ.. ပေါက်ကျိုင်း ရွာက အထွက် ဗိုက်နာလို့ သစ်ပင်ခြောက်ကြီးပေါ် ကုပ်ကပ်တက်ပြီး နောက်ဖေးသွားနေတုန်း အဝင်းနဲ့ သီသီစိုး ဒီကနေ့မှ ဖြစ်ခဲ့တဲ့ ရည်စားအသစ်စက်စက် ပူနွေးနွေး လေး တို့သစ်ပင်ခြောက်လဲကြီးဘေးမှာ လာ ချိန်းတွေ့ ရင်း ပေါက်ကျိုင်းကို သရဲထင်ပြီး ပြေးကြလွှားကြ တာနဲ့ တူပါတယ် … ထင်လဲ ထင်စရာ ကိုး.. ဒီနေရာက ဟိုးအရင် လေးငါးလ တုန်းက အဝင်းရဲ့ ဖေါက်သည်ကြီး အရက်သမား အေးသောင် ဒီနေရာမှာ ဝက်ပက်ပြီး ဆုံးဘူးသေး..ပြီး ပေါက်ကျိုင်းရဲ့ ရုပ်ရည်ရူပကာ ကလဲ နာနာဘာဝ နဲ့ နင်လားငါလား ဆိုတော့ ကာ ထင်လဲ ထင်စရာကိုး..ပြီးတော့ ခြေထောက်ငုတ်တိုသုံးချောင်းသရဲ ဆိုတော့ တချောင်းက ဘယ်ကနေ ဘယ်လို ပေါ်လာတယ် မသိ.. ပေါက်ကျိုင်းကငုတ်တုတ်ကြီးဆိုတော့ သူတို့ မျက်စိမှားပြီးများ.. အဟေး ဟေး..။

နောက်နေ့ရောက်တော့ အဝင်းနဲ့ သီသီစိုး တို့ ချိန်းတွေ့ ကြတာ လူသိရှင်ကြားဖြစ်သွားတာရယ် .. ည က အဝင်း ပေါက်ကျိုင်းကို အလန့်တကြား ကောက်ထုလိုက်တဲ့ ဓါတ်မီး ကို သူ့ဆီပြန်ပေးလိုက် လို့ ငုတ်တုတ်သရဲ က ပေါက်ကျိုင်း ဖြစ်နေတာ သိသွားတာရယ် .. ရွာရှိ လူကုန် တဟီးဟီး တဟားဟားဖြစ်ကုန်လို့ အဲဒီနေ့မှာဘဲ အဝင်းနဲ့ သီသီစိုး တို့ တတွေ .. ကျွန်တော်အဝင်းနှင့်ကျွန်မသီသီစိုး တို့သည် ပေါ့ဗျာ.. အဝင်းအရက်ဆိုင် တဲလေးမှာဘဲ ပေါက်ကျိုင်းတို့လို အမူးသမားတွေ တသိုက် အကြိုက် မင်္ဂလာပွဲလေး လုပ်လိုက်ရပါရောဗျာ.. ပေါက်ကျိုင်းတို့ မလဲ စဉ့်အိုးကြီးထဲ ထဲ့ထားတဲ့ အရက်ကို ခပ်သောက်လိုက် အသင့်ထား ထားတဲ့ တောနွားသားခြောက်ကြော် လေးတစ်ဖတ်ဝါး လိုက် ရင်ပူလာရင် တဲဘေးက ချောင်းလေးထဲ ဒိုက်ဗင်ထိုး ရေစိမ်လိုက် နဲ့ ခွန်နှစ်ရက်ခွန်နှစ်လီ မူးရူးသောင်းကြမ်း နေလိုက်ကြတာ ကံကောင်းလို့ ဦးနှောက်သွေးကြောပြတ်ပြီး မသေတာ…။

စာရင်းချူပ်လိုက်တော့ ..  သီသီစိုးတော့ ဘယ်လိုနေမယ်မသိ .. အဝင်းကတော့ သက်ကယ်တောကြီးထဲမှာ ပုဆိုးကွင်းသိုင်းပြီး ခုန်ပျံကျော်လွှား ပြေးသွားလို့ သူ့ရဲ့ ဖွားဖက်တော်ကြီးက သက်ကယ်ပင်ရှပြီး ယောင်ကား နေလိုက် တာများဗျာ.. နွား ဟိုဒင်း ကို ဓါးနဲ့ မွှန်းပြီး မီးကင်ထားတဲ့ အတိုင်း ရဲပဒေါင်းခတ် လို့ မင်္ဂလာဦးည ကလဲ သူ့အတွက် ဟိုဒင်းဟိုဟာ လဲ မဟိုဒင်း နိုင်ဘဲ တစ်ပတ်ကျော်ကျော် ကားတားကားတား နဲ့ မို့ သူ ညည်းပါတယ်.. ။

“ မောင်မောင်ရာ .. ငါ့မလဲ မနေ့ကမှ ရည်းစားဖြစ်တယ် ည တစ်ခါ ဘဲ ချိန်းချက်  တွေ့လိုက်မိပါတယ်.. လူလဲမိ ဖွားဖက်တော်ကလဲ ဖွဲ့စည်းပုံပျက် .. မင်း တော်တော် ချေးထုပ် ကျ တဲ့ ကောင်ကွာ.. ”

“ ဘာကွ.. ငါ့ဟာငါ အပေါ်မှာ အေးအေးဆေးဆေး ချေးပါနေတာ မင်း တို့ နှာခေါင်းမွှန်ထူပြီး ဘာကိုမှ မမြင်ဘဲနဲ့.. အင်း…. မြင်ရတာတော့ .. မင်းတစ်ခါဘဲ ချိန်းတွေ့ တယ် ပြောသေး .. မင်းမလဲ လက်သွက်ခြေသွက်လိုက်တာလဲ အလွန်.. ဦးအေးမောင် ဗွီဒီယိုရုံ က ညနက် ကားကြည့်လိုက်ရ သလိုဘဲ .. ပြီးတော့ .. အဟိ ..”

“ ဟေ့.. ဟေ့ ကောင် တော်တော့ .. သွား ထပ်မပြောနဲ့တော့ မီးဖိုချောင်ထရံ မှာ ဝက်သားခြောက်မီးဖုတ် ရှိတယ်.. သွားယူ မြည်း ..”

ဒီလိုနဲ့ .. ပေါက်ကျိုင်း တစ်ယောက် ထိုင်းနယ်စပ် က နမ့်တွန်ချောင်း လေးဖက်ဆီကို ထီးထမ်းလမ်းလျှောက်လုပ်ဖို့ ဖြစ်လာလို့ ပေါက်ကျိုင်း အလွန်ချစ်တဲ့ ဒီရွာလေးနဲ့ ချစ်သူငယ်ချင်း တွေကို ခွဲရဖို့ အကြောင်းဖန်လာပြီး ဝေးသွားလိုက်တာ.. အခု အဝင်း တို့ ကိုမထင်မှတ်ဘဲ တွေ့လိုက်ရတော့ အဝင်း ကတော့ တခေါင်းလုံးဖွေးဖွေးဖြူပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့် အဘိုးကြီး ဖြစ်နေပြီ.. ခါးလဲ ကိုင်းတိုင်းတိုင်းဖြစ်နေပြီ..  ဒါပေမဲ့ အာ ကတော့ အရင်အတိုင်း.. ပါဝါ အပြည့် ..။

“ အအေး ယူခဲ့ လက်ဖက်သုတ် ဟေ့ ..ထမင်းစားပြီးမှ ဟိုဖက်ကမ်း ကူး သွား ကွ ”

နဲ့ ပြာယာပြာယာ နဲ့ ဧည့်ဝတ်ဖြည့်သဗျ .. ဒိတော့ မှ ပေါက်ကျိုင်းတို့မလဲ အအေးလေး သောက်လိုက် လက်ဖက်သုပ်လေး ဆွဲလိုက် နဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောလိုက်နဲ့ လေပေါနေတုန်း .. ဒီကောင် အဝင်း သူ့သားတော်မောင် မျောက်လောင်း လေး ကောင် ကို ခေါ် ရှေ့မှာ ငုတ်တုတ်လေးတွေ ထိုင် ခိုင်းထားတာများ ဗုံတို လေးတွေ တန်းစီ ပြီး စီစီရီရီ ချထားသလို ပါ့ဗျာ..

“ ဒီမှာ သားတို့ရေ ဒီ ဦးဦးကြီး ( ပေါက်ကျိုင်း ) ဟာ အဖေ့ရဲ့ တပည့်ပေါ့ကွာ .. ”

လို့ အစချီပြီး ပေါက်ကျိုင်း အပေါ် သူဘယ်လို အုပ်ချူပ်ခဲ့ပုံ ( အဲဒီရွာ လေးမှာ လဲ ရွာ လူကြီးလဲ ဖြစ်ဘူး သကိုး ..သူက ) ၊ ဘယ်လို နားရင်းအုပ်ခဲ့ရပုံ ၊ ပေါက်ကျိုင်း ဘယ်လောက် ဆိုးပုံ ၊ မင်းတို့အဖေနဲ့ အမေ မင်္ဂလာဆောင် တုန်းက ပေါက်ကျိုင်း မူးရူးသောင်းကျန်းပြီး တဲရှေ့ ကွပ်ပြစ် ပေါ်မှာ ခွန်နှစ်ရက် ခွန်နှစ်လီ ဖင်ပေါ် အောင် ကွေးတတ်ပုံ .. မူးပြီးရစ်တတ်လွန်းလို့ သောက်မြင်ကပ်ပြီး ချောင်းထဲ ကန်ချ ခဲ့ရပုံ ..၊ စသဖြစ်ဗျာ.. မှန်တာနဲနဲ ကို မဟုတ်တာများများ ရောလို့ ပေါက်ကျိုင်း ကို တွယ်ပါလေရော ဗျို့ .. ဒီက တော့ ဘာမှပြန်မပြောပေါင်ဗျာ.. ပေါက်ကျိုင်း ကို ချစ်ခင်လို့ ကျီစယ် ပြောနေတာဘဲ ဖြစ်လို့ .. သူ့ သား လေးကောင် နဲ့ ပေါက်ကျိုင်း .. သူ့ကို ပြုံးဖြဲဖြဲ နဲ့ သာ ကြည့် နေလိုက်ရ သပေါ့ ဗျာ..။

သူ့စကား ဆုံးသွားတဲ့ အခါကျမှပေါက်ကျိုင်း တကောင် အချိန်ရှိတုန်း ဟိုဖက်ကမ်း ကူးရဦးမယ် ပြောလဲပြော  သီသီစိုး လှမ်းခေါ် ထိုင်ခိုင်း … တယောက်အိပ် ရွက်ဖျင်တဲ ကနေ အရက်ပုလင်းပြားလေး အလယ် ၊ အပ် အပ်ချည် အဆုံး.. ပါတဲ့.. ကျောပိုးအိပ်ကြီးကို အသေအခြာ အကျအန ပိုး ပြီး.. ရှေ့ မှာ ရှိတဲ့ တနှစ် တသားကျ ပြီး မွေးအားကောင်းလို့ တရွယ်ထဲ ဆိုက်တူဖြစ်နေတဲ့ သူတို့ရဲ့ သားတော်မောင် မျောက်လောင်း လေးကောင်ကို ပေါက်ကျိုင်း လက်ညိုးတထိုးထိုး ရေတွက်ရင်း ..

“ အဝင်း .. မင်းမှာ ကလေး ဘယ်နှစ်ယောက် လဲကွ ”

“ လေးယောက် ဘဲလေကွာ .. ခုနက မီးဖိုချောင်ထဲ ဝင်သွားတာ က အလတ်ကောင် .. အအေးဖျော် နေတာက အထွေးဆုံးကောင် ခုနက ကျောင်းပြန်လာတဲ့ ကောင်နှစ်ကောင်က နို့ညှာ နဲ့ အကြီး ကောင် ..”

ဒီတော့ မှ ပေါက်ကျိုင်း အိမ်ရှေ့တံခါးဝမှာ ဖိနပ်ကို အသေအချာ စွတ် .. ကျောပိုးအိပ်ကြီး ကို ခါးပတ်ကြိုးပတ် .. ပြီး ...။

“ မသိလို့ မေးလိုက်ဦးမယ်နော် … အဟဲဟဲ .. အဲဒီ လေးယောက်ထဲ မှာ ဘယ်သူက အကြီးဆုံး ကောင် ဟောင်းလောင်းသရဲ လေး လဲကွ .. အဝင်း ရဲ့ ..ဟီဟိ ..”

ပြောပြီးပြီးချင်း ဆိုင်ကယ် ပေါ်ကို အူယားဖားယား တက်ထိုင် ပြီး ရခိုင်ထွန်းလှ ကို ကပြာကယာ ခါးတို့ အမြန်မောင်းခိုင်း လို့ လီဗာ လေးတင်နေတုန်း.. အိမ်ခန်းထဲက အဝင်း ရဲ့ မွန်သံဝဲဝဲကြီးနဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲသံကြီး ထွက်လာပါ ရောဗျား..

“ ဟာ .... ဒီကောင်..၊  ငါ ......  မ ....... သား ....... သေချင်းဆိုး ... မောင်မောင် ”



( ကော့သောင်း က ချစ်သူငယ်ချင်းများ သို့ အမှတ်တရ )

Friday, April 30, 2010

မင်း .. ထီး ..ထီးလဲ မပါဘူး..

တွေ့မရှောင်ပေါက်ကျိုင်း တစ်ယောက် သူဧ။်အပြစ်ကို သင်းအုပ်ဘုန်းတော်ကြီးထံသို့ ဝန်ချ တောင်းပန်နေသည်။

( ဘုန်းတော်ကြီး ) မင်းမှာဘာအပြစ်ရှိလို့လဲ ....

( ပေါက်ကျိုင်း ) ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ် .. သူ့အိမ်ရောက်တော့ သူကမရှိဘူး ..  အိမ်မှာသူ့မိန်းမပဲရှိတယ် ခင်ဗျ ..ဒါနဲ့ ကျွန်တော် ပြန်မယ်လုပ်တော့  မိုးက ၀ုန်းကနဲဆို ရွာချရော .. ထီးကလည်းမပါဘူး ..ဒါနဲ့ပဲ သူငယ်ချင်းမိန်းမ က မိုးခိုရင်း ကော်ဖီသောက်လိုက်ဆိုပြီး ကော်ဖီဖျော်တိုက်တယ် ..
အဲ ... မိုးကလည်းတော်တော်နဲ့ မစဲဘူး .. အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့ မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်တော်မူပါ ဘုန်းဘုန်း..။

( ဘုန်းတော်ကြီး ) ရပါတယ် ..  ဒါကလူတိုင်းဖြစ်နိုင်တာပဲ .. ခွင့်လွှတ်ပါတယ်။

( ပေါက်ကျိုင်း ) မပြီးသေးဘူး ခင်ဗျ .. လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်တော်ယောက္ခမအိမ်ကို သွားလည်တယ် ..မိန်းမကလည်း မအားလို့မလိုက်တော့ဘူး .. ယောက္ခမအိမ်ရောက်တော့သူမရှိဘူး .. Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေဆိုပြီး ပြန်မယ်လုပ်တော့
မိုးကရွာရော  ထီးကလဲ မပါလာပြန်ဘူးခင်ဗျ..  ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး .. အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ် ...။

( ဘုန်းတော်ကြီး )  အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ် ...။

( ပေါက်ကျိုင်း ) နောက်တစ်ခုကျန်သေးတယ် ဘုန်းဘုန်း ခင်ဗျ ..  မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ် ..အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ ..  ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး
သူကလည်းအိမ်မှာမရှိဘူး .. သူ့ရဲ့သားပဲအိမ်မှာရှိတယ် .. ကျွန်တော်ပြန်မယ်လုပ်တော့
မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ.. အဲဒါနဲ့သူ့ရဲ့သားကကော်ဖီဖျော်တိုက်တယ်..ဒီတစ်ခါလဲ  ထီးမပါတော့ပြန်လို့မရဘူးပေါ့ အဲဒီ့မှာပေါ့ ... အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး
ဆိုတော့ကျွန်တော် လဲ အဟဲဟဲ ...။

( ဘုန်းတော်ကြီး ) ဟေ ...  တော် .. တော် တော့ .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်..
ပြီးပြီမဟုတ်လား..  မင်း မင်း... မြန်မြန်ပြန်ပါတော့မောင်ရာ ..  မင်းဒီကိုလာတာထီးလည်းမပါဘူး..
အခုအပြင်မှာမိုးအုံ့နေပြီ ..
ဟူး.. တော်ပါသေး ရဲ့ ကံသီပေလို့ ..


( မေးလ် တစ်ပုဒ်ပါ ခင်ဗျ .. အဟဲ ဟဲ ..)

Wednesday, April 28, 2010

ဂျန်းဂန်း တီပူး ...

ပေါက်ကျိုင်း တစ်ကောင် နလံထစ ဟိုစပ်စပ် ဒီစပ်စပ် ကမ္ဘာကြွက်သိုက်ထဲ ဝင်ပြီး မွှေကြည့်မိတဲ့ အခါ ထာဝရ သူငယ်ချင်းများ  ဆိုတဲ့ စာမျက်နှာလေးမှာ“ မလေးရှားရှိ မြန်မာအလုပ်သမားများ အတွက် သတင်းကောင်း ” ဆိုပြီး စာလေးတပုဒ် တွေ့ သဗျ.. အဲဒီမှာ ရေးထားတာတွေက ရွှေမြန်မာ ကိုကိုမမ များ အတွက် မစားရ ဝခမန်း ဆိုတော့ကာ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်ကို  ပေါက်ကျိုင်း ဝမ်းသာအားရ မေးမြန်းစုံစမ်း ဖို့ ကြည့်လိုက်တဲ့ အခါ နံပါတ်က ၈ လုံးကြီး ဖြစ်နေသဗျို့.. မလေးရှားမှာ ဟန်းဖုံး နံပါတ်က ၇လုံးဘဲ ရှိပါတယ် ဥပမာ... မလေးရှားမှာ ဟန်းဖုန်း နံပါတ်တွေဟာ ရှေ့မှာ ၀၁၂ ၊ ၀၁၃ ၊ ၀၁၆ ၊ ၀၁၇ ၊ ၀၁၉ ၊၀၁၈ ၊ ခံပြီး နောက်မှာ ၇လုံး နံပါတ်ရှိပါတယ်.. ၀၁၂ ******* ဆိုပါတော့ ဗျာ.. ဒီလောက်နိုင်ငံကာတကာ ကုမ္ပဏီ ကြီး က ဒီလိုဖုန်း နံပါတ် နဲ့ဆိုတောကာ...အင်း ... ပေါက်ကျိုင်းမလဲ ထိုင်း က သူငယ်ချင်းတွေ လုပ်စားခံလိုက်ရတာ တွေကို တွေးတွေးပြီး...
အောက်မှာ သူ့စာအပြည့်အစုံပါ ....။

မလေးရှားရှိမြန်မာအလုပ်သမားများအတွက် ယခုလက်ရှိအလုပ်အပြင်အပိုဝင်ငွေရနိုင်ခြင်း မိမိအနာဂတ်အတွက်သာမကသားစဉ်မြေးဆက် လက်ဆင့်ကမ်းလုပ်နိုင်သောအလုပ်မျိုးလုပ်လိုသူများအတွက်သတင်းကောင်း။

မလေးရှားရှိမြန်မာအလုပ်သမားများအများစု ခံစားနေရသောပြသနာများ-
x အလုပ်ရှင်၏ဖိနှိပ်ချုပ်ချယ်မှု
x အလုပ်သမားများကြီးကြပ်သူများ၏မတရားခေါင်းပုံဖြတ်မှု
x တစ်နေ့ လုပ်ချိန်လိုသည်ထက်ပိုလုပ်ရမှု
x ကိုယ်ကြိုးစားသလောက်လုပ်အားခမရနိုင်မှု
x အဆင့်အတန်းခွဲခြားမှု
x နေထိုင်မကောင်းသော်လည်းခွင့်ခံစားခွင့်မရရှိမှူ
x နာမကျန်းခွင့်ယူသော်လည်းလုပ်အားခဖြတ်တောက်ခံရမှု
x အနာဂတ်အတွက်မရေရာမသေချာမှု.............စသောအလုပ်သမားအခွင့်အရေးဆုံးရှုူံးနေသောမြန်မာအလုပ်သမားများအတွက် အောက်ပါရောဂါဝေဒနာများခံစားနေရသောမြန်မာအလုပ်သမားများ-

x ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါခံစားနေရသူများ
x သွေးလှည့်ပတ်မှုဆိုင်ရာရောဂါခံစားနေရသူများ
x အစာအိမ်ရောဂါဝေဒနာခံစားနေရသူများ
x ဆီးနှင့်ကျောက်ကပ်ဆိုင်ရာဂါနေရသူများ
x အရိုးအကြောဆိုင်ရာဝေဒနာခံစားနေရသူများ
x အရေပြားဆိုင်ရာဝေဒနာခံစားနေရသူများ
x ကိုယ်ခံအားနှင့်ပက်သက်သောရောဂါဝေဒနာခံစားနေရသူများ
x ဆီးချို၊ သွေးတိုးရောဂါခံစားနေရပြီး အနောက်တိုင်းဆေးများကို

နှစ်ရှည်လများစွားသူံးစွဲနေရသူများ

x လေဖြတ်ပြီးကိုယ်တစ်ပိုင်း၊ ကိုယ်တစ်ခြမ်းမလှုပ်ရှားနိုင်သူများ
x အထက်ပါခံစားချက်များထဲမှရုံးထွက်လိုပါသလား
x မိမိကြိုးစားအားထုတ်မှူအလျှေုာက်အကျိုးခံစားခွင့်ရလိုပါသလား
x ပညာအရည်အချင်းမရှိသော်လည်းဝင်ငွေကောင်းကောင်းရရှိလိုပါသလား
x အနာဂတ်အတွက်အလုပ်အကိုင်နေရာသေချာရေရာလိုပါသလား
x အရင်းအနှီးအနည်းငယ်မျှဖြင့်ကိုယ်ပိုင်စီးပွားရေးလုပ်လိုပါသလား
x အထက်ပါရောဂါဝေဒနာများကိုငွေကုန်ကြေးကျနည်းစွာဖြင့်မနာမကြင်မပူမစပ် ဆေးကုသလိုပါသလား

မိမိခံစားနေရသောရောဂါဝေဒနာများကိုဆေးကုသခံရင်းဖြင့် ကိုယ်ပိုင်စီးပွားရေးကိုပါ  Aircon အခန်းထဲတွင်သက်တောင့်သက်သာစွာအဆင့်အတန်းရှိရှိလုပ်ကိုင်လိုသူများ

- ဆက်သွယ်ရန်
- mickeyboy27992@hotmail.com
- mickeyboy27992@gmail.com
- 012-97937852
-http://www.one2u.com/main.html  သူ့ရဲ့ဝက်ဆိုက် လိပ်စာ..

comment  တွေ သူသူငါငါ ရေးထားတာတွေ အဲဒီထဲမှာ တစ်ထောကြီး ခင်ဗျ.. အမယ် တစ်ယောက် ကတောင် ဒီလို comment ပေးထားသေးတယ်.. မလေး လို “ jangan tipu ” ( မြန်မာ လို မညာနဲ့ ပေါ့ဗျာ ) တဲ့ .. အဟေး..

Sunday, April 25, 2010

မင်း .. သေပြီ သာမှတ်..

နိုင်ငံခြားရောက်နေသော သူဌေးက အိမ်မှသူ့တပည့်ဆီသို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေဘယ်လိုရှိလဲ..အေးဆေးပဲလား"

"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"

"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."

"ကျွေးပါတယ်ဆရာရယ်..."

"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"

"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"

"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"

"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်.. ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."

"အေးပါ...မြန်မြန်ပြောစမ်းပါ..."

"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."

"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."

"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."

"ဟေ ... ”

"သူကတော့ပင်ပန်းပြီးသေတာဆရာ"

"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."

"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."

"ဘာ ...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို..ဟိုလေ....မီးလောင်လို့..."

"ဘာ....  မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."

"ဆရာ.အိမ်ပေါ့ဆရာရယ်"

"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"

"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"

"ဆရာ့အမေ...."

"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား... အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်ရတာလဲ"

"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်... ဖျတ်ခနဲမြင်တာနဲံ့..ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ.. ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."

"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."  ....။

မေးလ် လေး တစ်ပုဒ်ပါ..

( ပေါက်ကျိုင်း မလဲ အခုမှ အဖျားပျောက်ခါစ ဆိုတော့ ဘာမှလဲမရေးနိုင် .. ရေးထားတဲ့ စာလေး တစ်ပုဒ်တော့ ရှိပါရဲ့.. “ ကျွန်တော် လူပျိုကြီး နှင့် ကျွန်မ အပျိုကြီး တို့ သည် .. ” ဆိုတဲ့ စာလေး က ကိုယ့်ပေါင် ကိုယ် လှန်ထောင်း ထားတာဆိုတော့ ဟိုး အဝေးက ပေါက်ကျိုင်း အူတုန်အသည်းကုန်
အပြိုကြီး ရဲ့ ခွင်ပြုချက် ပါမစ်လေး ကို စောင့်နေရသပေါ့လေ.. မပြောမဆို တင်လိုက်လို့ ဒီ အပြိုကြီး ကောက် ကက် သွားရင် ချော့လို့ ဆုံးရတော့မှာမဟုတ်ဘူး ..

ပေါက်ကျိုင်း ခမျှာ ဒီ အပြိုကြီး ရဲ့ယောင်္ကျားချော ချော တဲ့  ဆယ်ပြားစေ့မျက်နှာကြီး ကိုဘဲ  တစ်စိမ့်စိမ့်ကြည့် အသည်းပီတိ ဂွမ်းဆီထိ ဖြစ်နေတော့ကာ .. အခု ပေါက်ကျိုင်း ဖျားနေတုန်း သတိရလိုက်တာ .. ဟိုအရင် ဖျားတုန်းက ( ဖျားတာကနဲနဲ ပဲများချင်တာက ခပ်ကဲကဲ ) အပြိုကြီး က ကော်ဖီလေးများ လာခွန့်ရင် “ ဟင့်အင်း ဟင့်အင်း သောက်ချင်ဘူး သောက်ချင်ဘူး မန်မန် ဘဲ စားမယ် မန်မန် ဘဲ စားချင်တယ် အဟင့် .. ” ဆိုလိုက်ရင် သူက မငြီးမငြူ ကျွေးပါသဗျ.. ထမင်း ပြောပါတယ် တစ်လွဲတော့ မတွေးလိုက်ပါနဲ့ .. အဟဲ ဟဲ..

အခုတော့ ဖုန်းမောင် တစ်ယောက် အိပ်ရာထဲမှာ ပက်လက်.. အရမ်း သတိရတယ် .. )

Monday, April 19, 2010

လူငယ်ထု အတွင်းမှာ ရေပန်းစားနေတဲ့ နတ်ဒေ၀ီလေး (သို့)့ Ecstacy



မူးယစ်ဆေး ရောင်းနေတယ်လို့တော့ မထင်ပါနဲ့ဗျာ ဒီနေ့ လူငယ်ထု အတွင်းမှာ ရေပန်းအစားဆုံး နတ်ဒေ၀ီလေး တစ်ပါးအကြောင်း ပြောပြချင်လို့ပါ။ သူ့နာမည်ကတော့ Ecstacyတဲ့။ ဒီနေ့မှာတော့ လူငယ်လူရွယ် ဆင်းရဲမရွေး ချမ်းသာမရွေး သူ့ကို ချစ်ကြပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာတော့ သူ့ကို အီး(န)လို့ ခေါ်ကြ ပါတယ်။ ခေါင်းလှုပ်ဆေး လို့လည်း ခေါ်ကြပါတယ်။သူကို ခု ကျွန်တော်နေထိုင်နေတဲ့ မလေးရှားနိုင်ငံမှာတော့ စိတ်ကြွမူးယစ်ဆေးလို့ကို မယူဆတော့ဘူး။သူတို့အတွက် ဒီဆေးဟာ နိုက်ကလပ်တွေ၊ဒစ်စကိုကလပ်တွေမှာ လူတိုင်းသုံးစွဲနေကြတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။

ဒီလိုစိတ်ကြွ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်ကို ၁၉၉၀ ပြည့်နှစ်တွေမှစပြီးတော့နယ်စပ်ဒေသတွေကနေ မန္တလေးကို စ၀င်လာပါတယ်။အဲဒီအချိန်တုန်းက ဗမာပြည်အောက်ပိုင်းဒေသတွေမှာ ဒီလို စိတ်ကြွ မူးယစ်ဆေးဝါးတွေ ခေတ်မစားသေးပါဘူး။အဲဒီအချိန်လောက်တုန်းကဆိုရင် အောက်မြန်မာပြည်မှာ ခေတ်အစားဆုံးကတော့ ဘိန်းအခြေခံ မူးယစ်ဆေးဝါးတွေပဲ။ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက် ဒီလောက်ပဲ။ ကိုကင်းတောင် သိပ်မသုံးကြပါဘူး။မြန်မာပြည်အထက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ စိတ်ကြွမူးယစ်ဆေးကိုသုံးစွဲနေကြပါပြီ။

၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာပြည်အောက်ပိုင်းကို စိတ်ကြွဆေးတွေ သိသိသာသာစတင်ဝင်ရောက်လာပါတယ်။စသုံးတာကတော့ မြန်မာပြည်ရဲ့ ရေပေါ်ဆီ အထက်တန်းလွှာက လူငယ်ထု ပြီးတော့ ငွေကြေးကို လွယ်လွယ်ကူကူရတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ ဒီအဆိုတော်တော့ နံပါတ်ဖိုးနဲ့ လျှောသွားပြန်ပြီ ဟိုသရုပ်ဆောင်တော့ ဆေးစွဲနေပြီ စတဲ့ သတင်းတွေ ကြားရပါတယ်။ ခုလည်းကြားနေရတုန်းပဲ ရှိနေတုန်းပဲ။ သူတို့ ဘာကြောင့် ဒီမူးယစ်ဆေးကို စွဲသွားကြလဲ... ဒီမူးယစ်ဆေးကြောင့် သေဆုံးကြရသလဲဆိုတာကိုကျွမ်းကျင်ပညာရှင်တွေ လေ့လာ ကြည့်တော့ ငွေကြေးကို လွယ်လွယ်ရလို့ဆိုတာ သွားတွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ပြောတာပါ။

မြန်မာပြည်မှာတင် မဟုတ်ပါဘူး၊ တကမ္ဘာလုံးမှာရှိတဲ့ အနုပညာရှင်တွေဟာ မူးယစ်ဆေးကို တနည်းနည်းနဲ့ စွဲသွားတတ်ကြပါတယ်။စသုံးတာက အထက်တန်းလွှာလူငယ်ထု ပြီးတော့ အနုပညာရှင် တွေ။ ဘယ်နေရာမှာ သုံးလဲဆိုတော့ ပါတီပွဲတွေ၊ နိုက်ကလပ်တွေမြန်မာပြည်မှာ ဒီနိုင်ငံမှာလို ဒစ်စကိုကလပ်ဆိုတာတွေ ခုထက်ထိ မရှိသေးပါဘူး။ခုရန်ကုန်မှာခေါ်နေတဲ့ ဒစ်စကို ဆိုတဲ့ နေရာတွေဟာ တကယ့် ဒစ်စကို အဆင့်အတန်းကို မမှီပါဘူး။အဲဒီတော့ဗျာ ဒီလိုနေရာတွေမှာ ဒီလိုချစ်စရာကောင်းတဲ့ နတ်ဒေ၀ီလေးကို မချစ်မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲဗျာ။

တကယ်လို့များ ခင်ဗျားတို့ ဒီလို နတ်ဒေ၀ီလေးနဲ့တစ်ခါလောက်ကြုံဖူးသွားရင် မစွဲလန်းပါဘူးလို့ ပြောရဲမလား ကျွန်တော်တော့ မပြောရဲဘူးဗျ။ဘာဖြစ်လို့ မပြောရဲလဲဆိုတာတော့ မပြောတော့ဘူးဗျာ။ သိတယ်မဟုတ်လား ဟဲ..........ဟဲ။ ခုတော့ ဒီဆေး Ecstacy ကို ရန်ကုန်မြို့မှာ ပေါပေါလောလော ရနိုင်နေပါပြီ။ပေါပေါလောလောဆိုလို့ ငါတို့လည်း စမ်းသုံးကြည့်ရအောင်လို့များ မစဉ်းစားလိုက်ပါနဲ့ ခုလောလောဆယ် ရန်ကုန်မှာ အီး တစ်လုံးရဲ့ကာလပေါက်ဈေးဟာ ထုတ်လုပ်တဲ့ နိုင်ငံကို လိုက်ပြီးတော့ မြန်မာငွေ ၆သောင်းခွဲကနေ ၁သိန်း ၃သောင်းဝန်းကျင်ရှိပါတယ်။ နောက်ပြီးတော့ ၀ယ်ချင်တိုင်း ၀ယ်လို့မရဗျ။

သူ့ရဲ့သဘာဝတွေတော့ ဒီလိုဗျ။
Ecstacy စိတ်ကြွမူးယစ်ဆေးလုံးပုံစံတွေကတော့ အပေါ်ကပုံမှာ တွေ့ရတဲ့ အတိုင်းပဲ မသိရင် အကိုက်အခဲပျောက်ဆေးလေးတွေ အတိုင်းပဲ ဒါပေမယ် တွေ့ဖူးရင် သူက သိသာပါတယ်။ ပုံမှန်ဆေးတွေက ဆေးလုံး နည်းနည်းပါးတယ်ဗျ၊ သူကတော့ ထူတယ် ထူတာမှ သိသိသာသာကိုထူတယ်။သူ့ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံက 3-4 methylenedioxy- methamphetamine ဖြစ်ပါတယ်။ ဦးနှောက်ကိုပျက်စီးစေတဲ့ အခြားဆေးဝါးများနဲ့ ဖွဲ့စည်းပုံဆင်တူပါတယ်။
အဲဒီ ဓါတုဗေဒပစ္စည်းတွေကို အဆင့်မြင့်ဓါတ်ခွဲခန်းကြီးတွေမှာ အသေအချာ ဓါတ်ခွဲပြီးတော့ သူတို့မှာပါတဲ့ မော်လီကျူးတွေကို ပုံဆောင်ခဲအဖြစ် ပုံပြောင်းပါတယ်။ပြီးတော့မှ ဆေးလုံးရိုက်တဲ့ စက်ထဲကိုထည့်ပြီးတော့ ဆေးလုံးရိုက်တာပါ။ ဒီဆေးကို ၁၉၈၀ပြည့်နှစ်လောက်မှာ အနောက်နိုင်ငံတွေက နိုက်ကလပ်တွေမှာ စသုံးပါတယ်။

သူ့ကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ ဂျာမနီ၊အင်္ဂလန်၊ဟော်လန်၊အမေရိကန်စတဲ့ နိုင်ငံတွေပါပါတယ်။
ခုနောက်ပိုင်းမှာတော့ အာရှဖက်ကို ဒီစိတ်ကြွဆေး ထုတ်လုပ်တဲ့ ဖော်မြူလာ ရောက်လာပါတယ်။ ဒါပေမယ့် အာရှနိုင်ငံ တော်တော်များများက ဒီဖော်မြူလာကို မရကြတာများပါတယ်။တရုတ်၊ယိုးဒယား၊မလေးရှား၊ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေမှာတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံ ကလာတဲ့ ဆေးပြားတွေကို ချေပြီးတော့ ပြန်လုပ်ကြပါတယ်။
ဥပမာဗျာ ဟော်လန်တစ်ပြားကို ဒီမှာ ၅လုံးရအောင် ပြန်လုပ်ပါတယ်။ ဟော်လန်ထုတ်တစ်ပြားရဲ့ အာနိသင်ဟာ လူ၃ယောက်စာ သုံးစွဲလို့ရပါတယ်။ဒါပေမယ့် ဒီမှာကျတော့ အဲဒီ ဟော်လန် တစ်ပြားတည်းကို ချေပြီးတော့ ၅လုံးရအောင် ပွားယူလိုက်တော့လူတစ်ယောက်ကို ၂လုံးသောက်ရတာတို့ ဒီထက်ပို သောက်ရတာတို့ ဖြစ်လာပါတယ်။ဒီတော့ ရေရှည်မှာ ဟော်လန်တို့ အမေရိကန်တို့ကလာတဲ့ ဆေးထက် ဒီမှာထုတ်တဲ့ ဆေးတွေက ပိုပြီးတော့ ခန္ဓာကိုယ်ကို ပျက်စီးမြန်စေပါတယ်။

မြန်မာပြည်ကို ၀င်နေတဲ့ Estacy ကတော့ တရုတ်၊ ယိုးဒယား၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကနေ ၀င်ပါတယ်။ခုလောလောဆယ်မှာတော့ ယိုးဒယားဆေးနဲ့ မလေးရှားဆေးက အကောင်းဆုံးလို့ သိရပါတယ်။ ဆေးတွေမှာ တံဆိပ်ပေါင်းစုံ ရိုက်ထားတယ်။ဒီမှာဆိုရင် ငါးမန်းတံဆိပ်နဲ့သရဖူတံဆိပ်ဟာ ကောင်းတယ်။ မြန်မာပြည်မှာတော့ ဘယ်တံဆိပ်တွေ ၀င်နေလဲ မသိရဘူးဗျ။ Ecstacyရဲ့သဘာဝတွေကတော့ ဆေးပြားတွေကို စသောက်သောက်ချင်း အင်မတန်မှကို ခါးသက်ပါတယ်။ ဒီတော့ သူ့ကို coke ဒါမှမဟုတ်ရင် beer နဲ့ရောသောက်ရပါတယ်။ သောက်ပုံသောက်နည်းက Ecstacy ဆေးပြားကို ကျေညက်အောင် ၀ါးစားလိုက်ရပါတယ်။ တချို့ကတော့ ဆေးများသောက်သလို မျိုချပစ်ပါတယ်။အများစုကတော့ ၀ါးစားကြတာပါ။ ပြီးရင် coke သောက်ချလိုက်ပါတယ်။ ဒါမှလည်း လျှာပေါ်မှာ စွဲပြီးတော့ ကျန်ရစ်ခဲ့တဲ့ ခါးသက်သက်အရသာကို ဖျောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီဆေးသောက်ပြီးပြီးချင်း မူးယစ်ဆေး အာနိသင် မပြပါဘူး။ လူရဲ့ ဆေးသောက်ပုံသောက်နည်း၊ ပြီးတော့ အစာအိမ်ထဲရှိ သွေးကြောတွေကနေ မူးယစ်ဆေးကို စုပ်ယူနိုင်စွမ်း၊ မူးယစ်ဆေး သုံးစွဲမှုနှုန်းတို့ အပေါ်မူတည်ပြီးတော့ အချိန် နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် စောင့်ရပါတယ်။
သဘောကတော့ဗျာ ဒီမူးယစ်ဆေးကို သုံးစွဲတော့မယ်ဆိုရင် ပထမ အစားသိပ်စားမထားရပါဘူး (အစာ အ၀စားထားရင် ပြန်ပြီးတော့ အန်တတ်ပါတယ်)၊နောက်တစ်ခု ဆေးစွမ်း မြန်မြန်ပြစေချင်ရင် တစ်ခါတည်း ဆေး ၂လုံးလောက် ဆင့်သောက်တာမျိုးတို့ကို ပြောတာပါ။တချိုကျတော့ ပါးစောင်မှာ လျှာပွတ်ဆေးများ စားသလို လှိမ့်ပြီးတော့ စားကြပါတယ်။
မှတ်ချက်။ ။ခုမှဆေးသုံးစွဲမဲ့သူတွေဟာ တစ်ခါတည်း ဘယ်တော့မှ ဆေးတစ်လုံးလုံး မသောက်ရဘူး။တခြမ်းချင်းစီ သောက်ရပါတယ်။တစ်ခါတည်း ဆေးတစ်လုံးလုံး သောက်လိုက်ရင် ဆေးအာနိသင်ကို မခံနိုင်ပဲ အရက်များ အဆမတန်မူးသလို ခံစားရပြီးတော့ လဲကျသွားတတ်ပါတယ်။

နာရီဝက်လောက်နေရင် မူးယစ်ဆေးရဲ့ အစွမ်းပြလာပါလိမ့်မယ်။ ပထမ လေတွေဆန်တက်ပါလိမ့်မယ်။
carbonated soft drink တွေသောက်လိုက်ရင် လေတက်သလို တက်လာပါတယ်။ အစားများများ စားထားတဲ့ သူတွေဆိုရင် ပြန်အန်ပါတယ်။
လေတက်တာတို့ အန်တာတို့ ဖြစ်ပြီးရင်တော့ မူးယစ်ဆေးအာနိသင် စပြပါပြီ။ ဆေးအာနိသင်ပြပြီဆိုတာနဲ့ စိတ်ထဲမှာ အရင်ဆုံး ပျော်လာပါလိမ့်မယ်။အလိုလိုကို ပျော်လာတာ။ ပြီးရင်တော့ နိုက်ကလပ်တို့၊ ဒစ်စကိုတို့က နှလုံးမခံနိုင်လောက်အောင်၊ နားမခံနိုင်လောက်အောင် ဖွင့်ပေးတဲ့ သီချင်းသံ ပြင်းပြင်း သွက်သွက်နောက်ကိုခင်ဗျားတို့ စိတ်တွေက လိုက်သွားလိမ့်မယ်။ အဲဒီအခါ ခင်ဗျားတို့ခေါင်းတွေက ဒီဂျေက တီးပေးတဲ့ တီးလုံးသံနောက်ကို စီးချက် ကျကျ လိုက်ခါ လိမ့်မယ်ဗျ။
တကယ်တန်းကျတော့ ဒီမူးယစ်ဆေး သဘာဝကိုက တေးသံကို အင်မတန်မှကို ကြိုက်ပါတယ်။
ဘယ်လို တေးသံမျိုး လဲဆိုရင် အင်မတန်ဆူညံပြီးတော့ နှလုံးကို အင်မတန် ခုန်စေလောက်တဲ့အထိ ပြင်းထန်တဲ့ တေးသံမျိုး၊ပြီးတော့ နားစည်ပေါက်ထွက်သွားအောင်ကို အဆမတန် ချဲ့ကားထား တဲ့ တီးလုံးသံ သွက်သွက်လက်လက်ကို တောင်းဆိုပါတယ်။ သဘောကတော့ဗျာခင်ဗျား အိမ်မှာ ခင်ဗျား Estacyတစ်လုံးသောက်ပြီးတော့ ဘိန်းမှိန်းသလို မှိန်းလိုက်မယ်ဆိုရင်တော့ ခင်ဗျားအတွက် မူးယစ်ဆေးရဲ့ အရသာကို ခံစားရမှာမဟုတ်ဘူး။ခုဏကကျွန်တော် ပြောသလို မူးယစ်ဆေး အရသာကို ခံစားနိုင်အောင် နိုက်ကလပ်တို့၊ ဒစ်စကိုတို့ကို သွားရပါတယ်။

အဲဒီနေရာတွေရောက်ရင် အဲဒီနေရာတွေက ဖွင့်ပေးတဲ့ တေးသွားတွေကို နားထောင်ရင်းနဲ့ မူးယစ်ဆေးသုံးစွဲရင်းနဲ့ တဖြည်းဖြည်း ခေါင်းကလေး လှုပ်ခိုင်းလိုက်၊ခြေကလေး လှုပ်ခိုင်းလိုက်၊ လက်ကလေး ခါခိုင်းလိုက်နဲ့ ကျွန်တော်တို့ရဲ့နတ်ဒေ၀ီလေးက သူ့ရဲ့ အစွမ်းကို ထုတ်ဖော်ပြပါလိမ့်မယ်။
ဆေးအာနိသင် ဟာ ၆နာရီကနေ ၁၀နာရီကြာအောင် ပြပါတယ်။ဒီမူးယစ်ဆေးရဲ့ အလုပ်လုပ်ပုံကတော့ အစာအိမ် သွေးကြောများ၊ ပါးစောင်သွေးကြောများကနေ မူးယစ်ဆေးကို စုပ်ယူပြီးပြီဆိုတာနဲ့တပြိုင်နက် ဦးနှောက်ကို ပို့ပါတယ်။တချို့သော မူးယစ်ဆေးအပိုင်းအစတွေဟာ ဦးနှောက်မှာရှိတဲ့ လူကိုပျော်ရွှင်စေတဲ့ ဂလင်းတွေကို အဆမတန်လုပ်ခိုင်းပါတယ်။

ဒါကြောင့် လူဟာ အလိုလိုနေရင်းကကို ပျော်လာပါတယ်။ နောက်ပြီးတော့ အစားစာချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ သည်းခြေရည်ထုတ်ဂလင်းတွေကို ဖြတ်တောက်လိုက်ပါတယ်။ဒီတော့ လူဟာ ဒီတီးလုံးသံနောက်လိုက်ရင်းကနေ ပျော်နေတယ်။ ပြီးတော့ အင်တိုက်အားတိုက် ကပါတော့တယ်။
တချို့ကျတော့လည်း သိပ်မကဘူး ခေါင်းလေးကို ဘယ်ဖက်ရမ်းလိုက် ညာဖက်ရမ်းလိုက် ဒီဂျေကဖွင့်ပေးတဲ့ သီချင်းလေးကို လိုက်ဆိုလိုက် လုပ်ကြပါတယ်။
ဒါကြောင့် ဒီမှာ ရှိတဲ့ မြန်မာ အသိုင်းအ၀ိုင်းကတော့ ဒီဆေးကို ခေါင်းလှုပ်ဆေးလို့ ခေါ်ကြတာပါ။
သူက ဆေးစွမ်းပြ နေချိန်မှာဆိုရင် အဲလို ခေါင်းကို ဘယ်ညာရမ်းရတာ အင်မတန်ကို အရသာရှိပါတယ်။
ခေါင်းထဲကနေ ဘာမှန်းမသိတဲ့ ခံစားချက်တစ်မျိုးကို ထုတ်ပေးနေသလိုကို ခံစားရတယ်။ခေါင်းရမ်းရတာကိုပဲ ရပ်လိုက်ရင် ချက်ချင်းကြီးပဲ ကိုယ့်လွတ်လပ်မှုတွေ ဆုံးရှုံးသွားရသလိုလို၊ တစ်စုံတစ်ခုကို ဆုံးရှုံးသွားရသလိုလို ခံစားရတဲ့အတွက်ကြောင့်ခေါင်းကို တရားလွန်အောင် လှုပ်တော့တာပါပဲ။ (တချို့ဆို လေထဲမှာ လွင့်နေတယ်ဆိုပဲ။ ဤကား စကားချပ်။)

ဆေးစွမ်းပြယ်သွားတဲ့ အချိန်မှာတော့ ခံပေတော့။ တစ်ညလုံးလိုလို ကထား ၊ ခေါင်းတွေ ဘယ်ညာ တရားလွန် ရမ်းထားတဲ့ အတွက်ကိုယ်လက်ကိုက်ခဲခြင်း၊ ဇက်နာခြင်း၊ အုံးလွဲခြင်း၊ သည်းခြေရည်ကို မူးယစ်ဆေးက ဖြတ်ထားတဲ့ အတွက်အစားမစားချင်ခြင်း၊ သည်းခြေရည်မထွက်သဖြင့် ခံတွင်းပျက်ခြင်း၊ ကလပ်ထဲတွင် အချိုရည်တွေ ဘီယာတွေ အဆမတန်သောက်ထားခြင်းကြောင့်ကျောက်ကပ်မှ အဆမတန် အလုပ်လုပ်ရသဖြင့် မကြာခဏ ဆီးသွားရခြင်း (ဘာကြောင့် ဆီးသွားရသလဲဆိုရင် ဆေးအာနိသင်ကြောင့် တရားလွန်အောင် ကတယ် ...ကတော့ မောတယ် မောတော့ သောက်တယ် သောက်တော့ ပေါက်တယ်) စတဲ့ ဝေဒနာတွေကို တသီကြီးခံစားရပါလိမ့်မယ်။ ဒါက ရေတိုခန္ဓာကိုယ်ပျက်စီးမှုတွေ။

ရေရှည်ပျက်စီးခြင်းတွေကတော့ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။ဆေးတွေကို ရက်ဆက်သုံးလာရင် တဖြည်းဖြည်းနဲ့ စိတ်တွေ တိုလာမယ်။ ဘာမှဟုတ်တဲ့ ကိစ္စကလေးတွေကိုတောင် စိတ်က ရုတ်တရက် တိုသွားတတ်တယ်။နောက်ပြီးရင် မှတ်ဥာဏ်တွေလျော့ လာမယ်။ စကားတစ်လုံး အကြောင်းအရာ ကလေးတစ်ခုကို ခဏလေးနဲ့ မေ့မေ့သွားတတ်တယ်ကျောင်းသွားတွေအနေနဲ့ဆိုရင် ဘယ်လောက် စာကျက် ကောင်းပါတယ် ဆိုတဲ့သူပဲ ဖြစ်ဖြစ် ဒီဆေးသုံးဖူးပြီဆိုရင် စာတပုဒ်၊ပုစ္ဆာတစ်ပုဒ်ကို လွယ်လွယ်နဲ့ မရတော့ဘူး အရင်က ၁၅မိနစ်လောက် ကျက်လို့ရတဲ့ စာကို ခု၁နာရီလောက် ကျက်နေရပြီ။ ပြီးတော့ မှတ်မိလားဆိုတော့ အင်း .... မှတ်မိသလိုပဲ ....
အဟဲ .... သိပ်မသိတော့ဘူး ဆိုတာတွေ ဖြစ်လာမယ်။ နောက်တစ်ချက် ကတော့ အကြောတွေ ပျက်စီးလာမယ်။ ဘာကြောင့် ပျက်စီးလာသလဲဆိုရင် ဒီဆေးက လူအရိုးတွေမှာ ကပ်နေတဲ့ အကြောမျှင်တွေ တခါတည်း ဆွဲဆန့်ပစ်လိုက်လို့ပါ။

ဘယ်နေရာကနေစပြီးတော့ ပျက်စီးသလဲဆိုရင် ကိုယ်နေစဉ် အသုံးပြုနေရတဲ့ အစိတ်အပိုင်းက အကြောတွေက စပြီးတော့ ပျက်စီးကုန်ပါတယ်။ ဥပမာဗျာ ခင်ဗျားက နှုတ်ခမ်းကိုက် တတ်တယ်ဆိုပါတော့ တဖြည်းဖြည်းနဲ့ ခင်ဗျားနှုတ်ခမ်းကို ခင်ဗျားကိုက်မိမှန်းမသိ ကိုက်တတ်လာတယ်။ခင်ဗျားသတိထားမိတဲ့ အချိန်မှာ ဒီအကျင့်ကြီးက စွဲသွားပြီ။ ညအိပ်ပြီဆိုရင် ခြေထောက်တွေက အကြောဆွဲပါတယ်။ ဆတ်ခနဲ ဆတ်ခနဲ တွန့်ပြီးတော့ အကြောဆွဲတာ။ပြီးတော့ လန့်လန်နိုးပါတယ်။ ညဖက်အိပ်နေရင်းနဲ့
နုလုံးကတအားခုန်လို့ မောတတ်ပါတယ်။ တချို့ဆို ဆေးသုံးရင်း ကရင်းနဲ့ ဒစ်စကိုထဲတင် နုလုံးကွဲပြီးတော့ သေသွားတာတို့၊ ဆေးသုံးများသွားပြီးတော့ လေဖြတ်သလို အကြောတွေ သေသွားလို့

ထမ်းထုတ်သွားရတာတွေ အိမ်မှာတင် ဆေးကို သုံးရင်း သုံးရင်းနဲ့ ရူးသွားပြီး ကိုယ့်ကိုယ်ကို သတ်သေကြတာ တိုက်ပေါ်ကနေ ခုန်ချကြတာတွေ ဖြစ်ကြပါတယ်။ဆေးကို ၁ပတ်လာက် ရက်ဆက်သုံး ပြီးတော့ ၂ရက်လောက် ပြတ်သွားပြီ ဆိုရင်တော့ ခင်ဗျားကောင်းကောင်းကြီး ဒုက္ခရောက်ပြီ မှတ်ပေတော့။မက်ပါပြီ အိပ်မက်ဆိုးတွေ။ သရဲတပ်ကြီးနဲ့ ကိုယ်တစ်ယောက်တည်း နောင်ချိန်ချရတာမျိုးတွေ၊ လမ်းမှာ တွေ့သမျှကားတွေ လိုက်တိုက်တာတွေ၊
သရဲက ကိုယ့်ကို ခေါင်းဖြတ်သတ်နေပါပြီ ကိုယ့်လည်ပင်းကို သရဲညှစ်ပါတယ်လို့ ထင်လိုထင် အဲသလို အိပ်မက်ဆိုးတွေ မက်ပါတယ်။ ဒါတွေက ရေရှည်ဆိုးကျိုးတွေ။

ဒီတော့ကောင်းပြီ ဘာကြောင့်ဒီလောက် ဆိုးကျိုးတွေ ပေးတဲ့ Estacy ကိုမှ လူငယ်တွေ ဘာကြောင့် မက်မက်မောမောသုံးစွဲနေကြသလဲ။နေ့စဉ် သုံးစွဲလိုကြသလဲ။ ဘာကြောင့် လူငယ်တွေ Ecstacy ကိုစွဲလန်းသလဲဆိုရင် လူငယ်သဘာဝ နိုက်ကလပ်တို့ စတိတ်ရှိုးတို့ဆိုတာ သွားကြပါတယ်။ ကျွန်တော်ဆို ငယ်ငယ်က ဘာစတိတ်ရှိုးမဆို အကုန်သွားပါတယ်။ ဘာကြောင့်သွားလဲ လို့တော့ မမေးပါနဲ့ ရည်ရွယ်ချက်ကို မရှိတာ။အဲဒီနေရာတွေကို အဲဒီလို လူငယ်အချိန်တွေတုန်းက သွားကိုသွားချင်တာ။ ဒီလိုသွားရင်းကနေ Ecstacy ကို စမ်းသုံးဖြစ်ကြပါတယ်။

ခုခေတ်လူငယ်ဆိုတာ ကားသော့တစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံးနဲ့ စမတ်ကျကျ ၀တ်စားသွားလာနေကြတဲ့ သူတွေ များပါတယ်။အသက်ကလည်း ငယ်ငယ် ဘာကိုမဆို စူးစမ်းချင်တဲ့ အရွယ် ဘယ်အရာကိုပဲ ဖြစ်ဖြစ် ငါလုပ်လိုက်မယ်ကွ ချလိုက်မယ်ကွလို့ ဖြစ်နေတဲ့ အရွယ်တွေဟာ မူးယစ်ဆေးရဲ့သားကောင်တွေဖြစ်လာပါတယ်။ မူးယစ်ဆေး ရောင်းချသူ တွေဟာ ဒီလို လူငယ်တွေကိုပဲ ပစ်မှတ်အဖြစ် ရှာတတ်ကြပါတယ်။

နိုက်ကလပ်မှာ သူငယ်ချင်းတွေ သုံးရင်း ကြုံလို့ တစ်ပြားလောက်ပါကွာ နောက်နေ့တွေကျတော့ တစ်ပြားလောက်ပါကွာ ဆိုပြီးတော့ သုံးစွဲကြရင်းကနေမူးယစ်ရဲ့ သားကောင်တွေ ဖြစ်လာကြရင်း နောက်ဆုံး အဖိုးတန်လှပါတဲ့ အသက်တစ်ချောင်းကိုပါ ပေးဆပ်လိုက်ရပါတယ်။ကျွန်တော်တို့ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အိမ်မက်တွေပါ။ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးကြရတဲ့ သူတွေပါ။ ကျွန်တော်စာရေးတော်တော်လေး ပျင်းပါတယ်။

ဒါပေမယ် ဒီ Ecstacy စိတ်ကြွမူးယစ်ဆေး အကြောင်းကို ဘာကြောင့် ဒီလောက် အသေးစိတ် ရေးဖြစ်လဲဆိုတော့ဒီမူးယစ်ဆေးဝါးကို အများဆုံး အသုံးပြုနေတာ လူငယ်တွေ ဖြစ်နေကြလို့ပါ။ဘယ်ခေတ်ကိုပဲ ကြည့်ကြည့် လူငယ်တွေဟာ မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြ ရပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့တယ်။ ဖြစ်လည်း ဖြစ်နေဆဲပဲ။ဒီမှာဆိုရင် Estacyကို မူးယစ်ဆေးလို့ကို သတိမမူ ကြတော့ဘူးဗျာ။ ကျွန်တော်တို့ လူငယ်တွေ မူးယစ်ဆေးသုံးကြရလို့ ဘာများ အကျိုးကျေးဇူးရခဲ့ဖူးကြသလဲဗျာ။ ကျွန်တော်တို့ရဲ့ လှပမြင့်မားလှတဲ့ အနာဂတ်တွေကို မူးယစ်ဆေးက လောင်တိုက်သွင်းပစ်လိုက်တယ်။

နုပျိုလန်းဆန်းလှတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ၀ါးမြိုပစ်လိုက်တယ်။ ကျွန်တော်တို့မိဘတွေရဲ့ မျော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တယ်။ကျွန်တော်တို့ ပင်ပန်းကြီးစွာရှာထားရတဲ့ ငွေကြေးဥစ္စာတွေကို တခဏအတွင်း လုယူသွားတယ်။
မူးယစ်ဆေးဟာ ကျွန်တော်တို့ လူငယ်ထုအတွက် ဘာများ ကောင်းသလဲဗျာ။ကျွန်တော်တို့ လူငယ်တိုင်း လူငယ်တိုင်းရဲ့ လှပမြင့်မားတဲ့ အနာဂတ်၊ ကျွန်တော်တို့တိုင်းပြည်ကြီးရဲ့ အိမ်မက်တွေ၊ မိဘတွေရဲ့ မျော်လင့်ချက်တွေ၊ငွေကြေးဥစ္စာတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ပိုင်ဆိုင်နိုင်ဖို့အတွက်အတွက် မူးယစ်ဆေးကို ဝေးဝေးကနေ ရှောင်ရှားကြပါစို့လားဗျာ။

ခုလေးတင်မှ ရောက်လာတဲ့ မေးလ် လေးကို ပြန်လည်ဝေမျှ ပေးလိုက်တာပါ.... မူးရစ်ဆေး ကင်းဝေးကြပါစေ ....

Sunday, April 18, 2010

ကဲ အခုဘဲ စလိုက်ကြမလား ..

လူဦးရေလွန်စွာမှနည်းပါးလှသောနိုင်ငံ တစ်ခုတွင်.. နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်.. လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်ရရှိထားပြီး ဖြစ်ရပါမယ် တဲ့..။  ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှကြီးကြပ်၍ ယောက်ျားတယောက်ကို စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအားမိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာတော့ အခုထိကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့..
ယောက်ျားလုပ်သူက ...

"မိန်းမရေ... ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ .. ဒီကနေ့ သက်ဆိုင်ရာရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ် .. ဘယ်တတ်နိုင်မှာလဲ အချစ်ရာ ..ကိုယ်ကမှအဖြစ်မရှိခဲ့တာကိုး ..မင်းသာဖြစ်လာသမျှကို သတ္တိရှိရှိနဲ့
ရင်ဆိုင်ပေတော့နော် ... ကိုယ်သွားတော့မယ်ကွာ..."

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ ... မျက်လွှာကို အောက်ကိုချပြီးစိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်..။ သူ့အမျိုးသမီးကတော့အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့ ။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ် .. တကယ်တော့တံခါးဝမှာ စောင့်နေတဲ့သူကသက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး..။မွေးကင်းစအရွယ်ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်း
အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း( ဓါတ်ပုံဆရာ)တယောက်ပါ..အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့... "

"သိ.. သိ.. သိပါတယ်ရှင့်... ဦး.. အဲ ကိုဘယ်သူ... "

"ကျနော့်နာမည် ဝေဘာဂီပေါက်ကျိုင်း လို့ ခေါ်ပါတယ် ခင်ဗျာ... ကျွန်တော် အထူးပြုထားတဲ့အလုပ်အကိုင်က... "

"သိ.. သိပြီးသားပါရှင်  ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ ... "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ ...  ဒီကိစ္စကိုဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်... "

"ဟုတ်ကဲ့ခင်ဗျာ... အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ .. "

"ဟို.. ဟိုလေ... ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း ... ဘယ်ကဘယ်လိုစရမယ်
 မသိဘူးနော်.. "

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးလိုက်စမ်းဘာဗျာ  အင်း...  ကျနော့်အထင်တော့ဒီဆိုဖာပေါ်မှာရယ်  ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်..  ရေချိုးခန်းထဲမှာ..အင်္ကျီဗလာနဲ့.. ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်ကအဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ ... "

"ဘုရား..ဘုရား..  အဲလောက်ကြီးတောင်လား ... "

"ဟုတ်တယ်လေဗျာ ... တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ ..ပုံစံခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ ... "

"ကျမတောင်းပန်ပါတယ်ရှင်..  အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ .."

"ဒီလိုပေါ့ဗျာ.. ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား... "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ ..."

"ရှင်ဖန်တီးခဲ့တာ... အင်း ..ပြလေ... ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား .. "

"ဟာ... အလောသုံးဆယ် မလိုပါဘူးဗျာ.. ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ... "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

" ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ  "

"ဟင်း ... ဂလု ...(သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော် ကလေး လေးက ချစ်စရာလေး...  ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့...  နားနားပြီး ဆက်လုပ်ရတာပေါ့..  ကြည့်စမ်းပါဦးဗျာ.. ဒီအောက်ကပုံကိုကြည့်စမ်းပါ.. အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ ဗျ ..”

"ကားခေါင်မိုးပေါ်မှာ..  အမေလေး...  မကြားဖူးတာတွေ ကြားနေရတယ်..  ထူးဆန်းပါပေ့ရှင်.. "

"ဒီလိုဗျ...  အမျိုးသမီးတယောက် ... သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ... သူက သူ့အမျိုးသားကို အထူးအဆန်းပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့..  အတွေ့အကြုံရှိနေတော့လဲမခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်ကတကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ.. "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ.. "

"ပန်းခြံထဲမှာဆိုတာက လူတွေနဲ့လေ.. လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ် ဟုတ်လား..... သူများတွေက ဝိုင်းကြည့်နေမှာပေါ့.. "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ.. ကုန်ကုန်ပြောမယ်  ကျနော်ကလူတမျိုးဗျ .. လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေကတောက်ပြောင်လေပဲ ...  အဲဒီတခေါက်ကတော .. ဘယ်လိုပြောမလဲ.. အမေလုပ်သူကဗီဒီယိုမင်းသမီးဗျ..  သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ .. အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ.... "

"ဗုဒ္ဓော.. ဘုရား.. ဘုရား.. "

"ဟုတ်တယ်ဗျ .. နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်..။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ..  အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့..  အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ.."

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုး ရေး အိုး ရေး.. "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်.. ပရိတ်သတ်ကလဲ ပွဲကျပြီးလက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါ ဘဲ  ကျနော်ကိုယ်တိုင်ကပဲ
ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့ .. နောက်တော့ ရဲတွေရောက်လာပြီးကျနော့်ကို လူကူရှင်းပေးတယ်.. အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ ..
ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့…

(အယ်လ်ဘမ်ကို ပြန်ပိတ်၍ )

ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "

ပြောပြောဆိုဆို ဝေဘာဂီပေါက်ကျိုင်း သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်(Tripod)ကိုအိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော....
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ.....၊။။

မနေည က ရောက်လာတဲ့ ပေါက်ကျိုင်း နပန်းလုံးဖက် သူငယ်ချင်း သနပ်ခါး ရဲ့ မေးလ် လေးတစ်ပုဒ်ပါ..။
ဒီကောင် ပဲပုပ် နဲ့ နောင်ဂျိန်ပလေးပြီး အလံဖြူ ပြလာရပြန်ပြီနဲ့ တူပါတယ်..
ဒီ လင်မယား နှာကစ် နေရင် .. ဒီလိုဘဲ သူထက်ငါ ပေါက်ကျိုင်း ဆီ ပေါက်ကရ တွေ ပို့ နေကြ .. ဒီ တစ်ခါ သနပ်ခါး ပထမ ဆု ပွတ်ကာသီကာ ရသွားပါကြောင်း...ဟီဟိ..
 

မိန်းမ နဲ့ ယောင်္ကျား ..

ပေါက်ကျိုင်း မေးလ် ထဲကို ရောက်ရောက်လာတဲ့ ချစ်ခင်တဲ့ သူငယ်ချင်းများ ရဲ့ စာစုအတိုအစ လေးများကို ကောင်းနိုးရာရာ စုစည်းတင်ပြပေးလိုက်တာပါ..
အော် .. ကမ္ဘာဦးစ ကတည်းက နီး တစ်ကျက်ကျက် ဝေး တစ်သက်သက် ဆိုသလို ကျွန်တော် ကျွန်မ တို့ တစ်တွေ အကြောင်းလေး ..

မျက်မမြင်ယောင်္ကျား ...

တခါက church တစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်းခံရတယ်။အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံတွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့(လူရှင်းချိန်)ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ဆေးဆက်သုတ်ကြတယ်။ဒီအချိန် တခါးခေါက်သံကြားရတယ်။
“ဘယ်သူလဲ?”
“ကျွန်တော် မျက်မမြင်တစ်ယောက်ပါ။ ၀တ်ပြုချင်လို့ပါ။”
ဒါနဲ့ ဖွင့်ပေးလိုက်ကြတယ်။ အခန်းထဲရောက်လာတဲ့ မျက်မမြင်ဟာအခန်းပတ်လည်ကိုကြည့်တယ်။ ပြိးတော့ သူတို့ကိုလည်း လှမ်းကြည့်ပြီးတော့ဒီလိုရေရွတ်လိုက်တယ်တဲ့။
“အို ဘုရားသခင် ကျွန်တော်ကို အခုလို အချိန်အခါမျိုးမှာ မျက်လုံးမြင်ခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ ”

ပြောထားလေ ...

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကိုရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။ နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်ကိုရွေးချယ်လို့ရကြတာပေါ့လေ ။အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။

ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီးတစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။ ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။

အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကိုပစ်သတ်လာခဲ့ပါပေါ့ ..အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ
ပြန်ထွက်လာတယ်.. အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ ..အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

ညီမျှသလိုဘဲ ...

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအားအိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့ကမင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......
မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက် ၁၆ နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

လက်တည့်လာလို့ပါ ...

လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာသူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။
ဒါကြောင့်သီးမခံနိုင်တာပ­ါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ

မရှိရင် ပိုကောင်းသေး ...

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ ။ ။ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင်တော်တော်စိတ်ညစ်ရမယ်၊ မိန်းမတွေရှိနေလို့သာရှင်တို့ပုဆိုးတွေ၊ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား ။ ။အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေဝတ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ မလိုဘူးကွ´

မထူးပါဘူး ..

ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့... ဟို "ဆွံ့အနားမကြားမ" ကိုပါပို့လိုက်

အတွေးကိုယ်ဆီ ရှိကြသည် ...

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်"
အသက် ၂၀-အရွယ်လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်..”
 အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်”
 အသက် ၅၀-အရွယ် က ပြောတယ်..

ငရဲ ...

 " ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ ”

ပင်ပန်းတယ် ...

 ယောင်္ကျားလုပ်သူထံ ထောင်ဝင်စာလာတွေ့ပြီး မိန်းမလုပ်သူသည် .. ထောင်မှုးကြီးအားသွားတွေ့ကာ မေတ္တာရပ်ခံသည်။
“ထောင်မှုးကြီးရှင့်… ကျွန်မရဲ့ယောင်္ကျားကို ဒီထက်သက်သာတဲ့အလုပ် မပေးနှိုင်ဘူးလားဟင်”
“စာအိပ်ပေါ်တံဆိပ်ကပ်ရတဲ့အလုပ်ထက်ပဲ သက်သာတာရှိဦးမလားဗျာ…”
“ဟုတ်တော့ဟုတ်ပါတယ်ရှင်…ဒါပေမဲ့..ညတိုင်းညတိုင်း တခြားထောင်သားတွေနဲ့အတူ မြေအောက်လှိုင်ခေါင်းတူးရတာ ပင်ပန်းတယ်ပြောလို့ပါ”

အထူတူဘဲ ..

 ယောင်္ကျား ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
 မိန်းမ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော .. ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
ယောင်္ကျား ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

အိပ်မက်ဆိုး ..

မိတ်ဆွေနှစ်ယောက် ဆုံကြသည်။ တစ်ယောက်ကမေးသည်။
"ဟေ့လူ၊ ခင်ဗျားမျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်လို့လဲဗျ"
"ညက အိပ်မက်ဆိုးမက်တယ်။ ထက်ထက်မိုးဦးရယ်၊ နန္ဒာလှိုင်ရယ်၊
အိန္ဒြာကျော်ဇင်ရယ်၊ ပန်းဖြူရယ်ပေါ့ဗျာ ကျုပ်ကို သူပိုင်တယ် ငါပိုင်တယ်ဆိုပြီးကျုပ်မိန်းမနဲ့ ငြင်းကြရင်းနဲ့ ရိုက်ပွဲကြီးဖြစ်သွားတယ်ဗျာ"
"ဘယ်လို အဆုံးသတ်သွားလဲ"
"ကျုပ်မိန်းမ အနိုင်ရသွားတယ်ဗျာ၊ တောက်"

ကမ္ဘာမြေရဲ့ငြိမ်းချမ်းရေး ..

မိန်းမတစ်ဦး နတ်ပြည်ရောက်နေရင် ဘယ်လိုခေါ်မလဲ....
နတ်သမီးတစ်ပါးပေါ့....
မိန်းမတစ်အုပ် နတ်ပြည်ရောက်နေတာ ဆိုရင်ကော...
နတ်သမီးအစုအဝေးပေါ့....
ဒါဆိုရင် မိန်းမတွေအားလုံး နတ်ပြည်ရောက်နေရင်ကော....
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးပေါ့ကွာ....

နွားတစ်ကောင်၏မှတ်တမ်း ..

ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို
တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်လိုက်၏။ သို့သော် သိပ်မကြာပါ။ချစ်သူကကျွန်တော့်ကို အသာတွန်းပြီး ရုတ်တရက် ထရပ်လိုက်၏။
ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။ ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်း နားလည်လိုက်ပါသည်။ သြော်…သူအိပ်ချင် ရှာပြီကိုး။
ကျွန်တော် သနားစိတ်ဖြင့် ထ ပြန်ခဲ့ပါသည်။ ...............

မမြင်ချင်ဘူး ဟေ့ ...

ညဥ့်အတော်နက်နေပြီ။ သမီး၏ ချစ်သူက မပြန်သေး။ ချစ်တေးတွေ ကျူနေဆဲ။
``အချစ်ရယ်…. မင်းဟာ မောင့်ဘ၀ရဲ့ အလင်းရောင်ပါကွာ၊ မောင့်နှလုံးသားရဲ့
အလင်းရောင်ဟာလည်း မင်းပါပဲ။ နောက်ပြီး….မောင့်မျက်လုံးအစုံရဲ့ အလင်းရောင်´´
သူ့စကားမဆုံးခင်မှာ အခန်းအပြင်ဘက်က ဖခင် အတော်စိတ်တိုလာပြီး…
``ဟေ့…သမီးမေရီ၊ အဲဒီ အလင်းရောင်တွေကို ပိတ်ပြီး အိပ်တော့´´ ဟု အော်ပြောလိုက်၏။


အပျော်အပါးမလိုက်စားသော ယောင်္ကျား ...
 စုတ်ပြတ် နုံချာနေသော အ၀တ်အစားဝတ် လူတစ်ဦးသည် လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။ သားနားခန့်ညားစွာ ၀တ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။
“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ"
“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊ ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”
“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”
“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”
“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”
“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”
“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ...”
လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……
“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ ဘယ်လိုဖြစ်တတ်တယ်ဆိုတာ ငါ့မိန်းမကိုမြင်အောင်ပြချင်လို့….”

တစ်ခုတည်းသောဆု ..

အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကိုအပျင်းပြေ တူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။
ပထမတော့ ကောင်မလေးကခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကိုစပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ်ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။ အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှမျက်ရည်များ
စီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။

အလွန်အံ့သြစရာကောင်းသော အရာများဖြစ်လာသည်။ ဖာရိုးဘုရင်လေးသည် မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။ ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး ညင်သာသောအသံဖြင့် -

" မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။ မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။ မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။ ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေးမယ်"

အလွန်အံ့သြနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့် တိုးတိုးလေးပြောသည်။

" ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့် (၁၀)ခါ ဖြည့်ဆည်းပေးရမယ်နော် "

ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင် ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။

ဒါလဲဟုတ်ထာဘဲ ...

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

အတွေးကိုယ်ဆီ ...

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ..မနက်ကျရင်ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။

မရှိရင်ပိုကောင်းသေး ...

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ ။ ။ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊ မိန်းမတွေရှိနေလို့သာရှင်တို့ပုဆိုးတွေ၊ဘောင်းဘီ၊ အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား ။ ။အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ မလိုဘူးကွ´

သူ့အမေ ရင်ကျိုးအောင် ...

မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…  ``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။
``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´
``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊သမီး သူ့အခန်းကိုပဲ သွားပါတယ်။  သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´

Sunday, April 11, 2010

ပန်းတိုင် သို့ နည်းလမ်းအသွယ်သွယ်ဖြင့်..

အခုတလော မှာ အငြင်းအခုံဖြစ်နေရတဲ့ ကိစ္စတစ်ခုကတော့ ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ လွှတ်တော် ရွေးကောက်ပွဲကို အဓိကအတိုက်အခံအင်အားစုကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဝင်ရောက်ယျဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း ဆုံးဖြတ်ထားတဲ့ အပေါ်မှာ မှားတယ်မှန်တယ် ဝေဖန်တာဘဲ ဖြစ်ပါတယ်.. အဖွဲ့ချုပ်ရဲ့ အဓိကအကြောင်းပြချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဘဲဖြစ်ပါတယ်.. ဒီ ဥပဒေ ပြဌန်းချက်များဟာ တရားမျှတမူ့မရှိတဲ့ အတွက် ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ အဖွဲ့ချုပ်ရဲ့ကျေညာချက်မှာဆိုပါတယ်..။

အခုလိုကြေညာတာနဲ့ ပတ်သက်လို့ သုံးသပ်သူအချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးနောက်နဲ့မဆုံးဖြတ်ဘဲ နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့ပါတယ်.. အချို့ကလဲ အစိုးရရဲ့ ထောင်ချောက်ထဲ ကို တည့်တည့်တိုးဝင်သွားတာဖြစ်တယ် .. အချို့ကလဲ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ဒီမိုကရေစီရေး ပိုမိုခက်ခဲစေတယ် စသဖြင့် အမျိုးမျိုးဝေဖန် ပြောဆို ရေးသား နေကြပါတယ်..။
ပကတိအတိုင်း သုံးသပ်ရရင် အဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးဝင်များဟာ သူတို့ပါတီရဲ့ ရပ်တည်မူ အနေအထား ပါတီခေါင်းဆောင် ဒေါ်စုကြည် ရဲ့ သဘောထား ပါတီဝင်များရဲ့ သဘောထားကို ကြားနာပြီး ဆုံးဖြတ်ခဲ့တာဖြစ်လို့ လေးစားထိုက်တယ်လို့ ဆိုရမှာပါ ..၊ ဒီလိုဖြစ်ရပ်မျိုး မှားတယ်မှန်တယ်ဆိုတာ မရှိပါဘူး.. ၊ ဒီမိုကရေစီသဘောအရ ကြည့်ရရင် အယူအဆခြင်းမတိုက်ဆိုင်တဲ့ အတွက် ကန့်လန့်မလိုက်ဘဲ လက်ရှောင်ပေးလိုက်တာကို ချီးမွမ်းသင့်ပါတယ်..၊ ရွေးကောက်ပွဲဝင်လိုတဲ့ ပါတီဝင်များ အနေနဲ့လဲ အဖွဲ့ချုပ်ကို ထောက်ခံသူများ ထံမှ မဲရရှိဖို့ အခွင့်အရေးတရပ် ဖြစ်တာမို့ တရားတဖြင့်ကျိုးစားသင့်ပါတယ်..

 အဖွဲ့ချုပ်ကို ထောက်ခံသူများအနေနဲ့လဲ NLD မပါရင် လမ်းဆုံးပါပြီ လို့ စိတ်မလျှော့သင့်ပါဘူး .. NLD ဟာ နိုင်ငံရေး အတွေ့အကြုံရှိပြီးဖြစ်တာမို့ သူ့နည်းသူ့ဟန်နဲ့ ဆက်လက်ရပ်တည်ဖို့ ကြိုးပမ်းပါလိမ့်မယ်....။
ဒီနေရာမှာ အလျဉ်းသင့်လို့ စာပေနိုဗယ်ဆုရ ဂျာမန် စာရေးဆရာကြီး ဟာမန်ဟက်စ် ရဲ့ သိဒ္ဓတ္တ ဆိုတဲ့ ဝတ္ထုထဲက စာပိုဒ်အချို့ကို ပြန်ပြီးသတိရမိပါတယ်.. ၊ စိတ်ကူးသက်သက် ဝတ္ထု ဖြစ်တဲ့ အတွက် ဗုဒ္ဓဝင်ကြောင်းနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး ...၊ ဝထ္တုထဲမှာ သိဒ္ဓတ္တ နဲ့ ကောဏ္ဍည တို့ဟာ ငယ်သူငယ်ချင်းများဖြစ်ကြပါတယ် .. ၊ သူငယ်ချင်းနှစ်ယောက် အမြိုက်တရားကို ရှာဖွေရင်း တစ်နေ့မှာ ဒေသစာရီ လှည့်လည်လာတဲ့ ဂေါတမဗုဒ္ဓ နဲ့ တိုးပါသတဲ့ ..၊ အဲဒီမှာ ကောဏ္ဍည တစ်ယောက် ရဟန်းခံပြီး ဗုဒ္ဓ ရဲ့ နောက်လိုက် ဖြစ်သွားပါတယ်..၊သိဒ္ဓတ္တ နဲ့ ဗုဒ္ဓတို့ တွေ့ဆုံခန်းက စိတ်ဝင်စား စရာကောင်းပါတယ်..၊  ဗုဒ္ဓ က သူဟာ သံသရာမှ လွတ်ကြောင်းတရားကို ဟောကြားသူဖြစ်တယ်လို့ ဆိုပါတယ်..၊ ။

သူ့သူငယ်ချင်း ရဟန်းပြုသွားတာကို စိတ်မကောင်းတဲ့ သိဒ္ဓတ္ထ က တော့
“ အမြိုက်တရား ရဖို့ အတွက် မကျင့်ကြံဘဲ ရဟန်းပြုပြီး ဗုဒ္ဓတရားတွေနာ ၊ ဗုဒ္ဓကိုကြည်ညို ၊ ဗုဒ္ဓနောက်က လိုက်နေရခြင်းကို ဂုဏ်ယူနေမယ်ဆိုရင် တရားရနိုင်ပါ့မလား ”
လို့ စောဒက တက်ပါတယ် ..၊
ဗုဒ္ဓဘုရားရှင်က..
“ ဟုတ်ပါပြီ .. ယခု ရဟန်းဝတ်သူများ လူထွက်ပြီး ကာမရာဂတွေ လွှမ်းခြုံနေတဲ့ လောကထဲ ပြန်သွားကြရင် ကော သူတို့အတွက် ပိုကောင်းလာပါ့မလား ”
လို့ ပြန်လှန်မေးခွန်းထုတ် လိုက်ပါတယ် ...၊  သိဒ္ဓတ္တ က..
“ ဒီလိုဆိုတော့လဲ ဟုတ်ပါတယ် အရှင် ” လို့ တလေးတစားလျှောက်ထားပြီး တစ်ကိုယ်တည်း တရားရှာဖို့ ဆက်လက် ထွက်ခဲ့ပါသတဲ့ ...၊ ဝတ္ထုကြောင်းအရ သိဒ္ဓတ္တ နဲ့ ကောဏ္ဍည တို့ နောက်နှစ်ပေါင်းများစွာကြာပြီး ဇရာထောင်းနေတဲ့အခါ ပြန်လည်တွေ့ဆုံကြပါသေးတယ်.. ဘယ်သူ တရားရသလဲ ဆိုတဲ့ ဇတ်သိမ်းခန်းကို သိလိုရင်တော့ ဝတ္ထုကို ရှာဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ..။

ဒီနေရာမှာ သင်ခန်းစာ ထုတ်ချင်တာကတော့ ... လောက မှာ အမှန်တရား လို့ မဆိုနိုင်ပေမဲ့ အမှားဖြစ်နေတာမျိုး မဟုတ်တဲ့ အရာတွေလဲ ရှိနိုင်တယ်... ဆိုတာဘဲ ဖြစ်ပါတယ်..၊ တစ်နည်းမဟုတ် အခြားတစ်နည်းနဲ့ ကြိုးစားနိုင်ကြပါတယ်.. ၊ ဟိုလိုမှန်တယ် ဒီလိုမှားတယ် အပြန်အလှန် အပြစ်ဖို့နေကြမဲ့ အစား ကိုယ်ကျရာ နေရာကနေ ပန်းတိုင်ကို ရောက်လိုစိတ် မမှိတ်မသုန် ထားဖို့သာ ပဓာန ဖြစ်ကြောင်းပါ ခင်ဗျာ.... ၊။

“အင်း.. ဝေဖန် ၊ လေကန် ၊ လေကြောရှည် နေတာနဲ့ သဘက်ခါ သင်္ကြန်မှာ မယ်လိုဒီ လေးနဲ့ ချိန်းထားလို့ လက်လက်ထဒီဇိုင်းလေးတွေ ရွေးထားဦးမှ .. အန်းတိတ်ကြီးပေါက်ကျိုင်း ကြောင့် သူကလေး လူပုံအလယ် မျက်နှာမငယ် ရအောင် ပေါက်ကျိုင်း ဂေါင်း ကို ဗြူတီဆလွန်း မှာ ဖို့ထားညှပ်ထားဦးမှဘဲ .. အထုတ်အပိုးတွေ ပြင်ဆင်ပြီး လာပြီနော်.. လမ်းမှာနည်းနည်းကြာမယ်... နောက်ကျလို့ ဒီဒီလေး ကောက်နဲ့နော် သိလား.. ”