Pages

Monday, October 18, 2010

သီဟိုဠ်ကျွန်းမှ အလွမ်းသဝဏ်လွှာ ....

ပေါက်ကျိုင်း တို့ ရွှေမြန်မာ တွေ နိုင်ငံအသီးသီး အရပ်ရပ်ဆီကို ကိုယ့်ဘဝ ရည်မှန်းချက်တိုးတက်ဖို့ အတွက် အလုပ်လုပ်သွားလုပ်ကြ ပညာတွေ အရင်းအနှီးများစွာနဲ့ သွားရောက် သင်ယူကြ နဲ့ ... ဘဝအမောတွေ နဲ့ ရူံးနှိမ့် သွားသူများလဲ ရှိသလို ဘဝအောင်မြင်မြင့်မား သွားကြသူများလဲ ရှိကြသဗျာ.....။

မနေ့ည က ပေါက်ကျိုင်း အားအားယားယား ကမ္ဘာ့ကြွက်သိုက် ထဲ ဝင်မွှေ ရင်း အင်တာနက်ချစ်သူ  ဆိုတဲ့ စာမျက်နှာလေး ကို ဝင်ကြည့်မိတော့ ( ဒီ ဆိုဒ် လေး ရဲ့ အရေးအသား တင်ပြပုံလေးတွေ ကြိုက်လို့ ပေါက်ကျိုင်း တစ်ကောင် မန်ဘာဝင်ထား ပါတယ် ခင်ဗျ ) “ သီဟိုဠ်ရောက် ကိုရင်လေး နှင့် ဆရာလေး များ၏ ရင်းတွင်းက လွမ်းသ၀ဏ်လွှာလေးတွေပါ ” ဆိုတဲ့ ပို့စ် လေးကို ဖတ်မိရင်း လူငယ်လေးတွေ နိုင်ငံတကာမှာ ဒုက္ခဆင်းရဲအမျိုးမျိုးနဲ့ ပညာသင်ကျောင်းတက်ကြရာမှာ အခု သိရိလင်္ကာ ကို သွားပြီး လူဝတ်ကြောင် ကိုစွန့် ပညာသင်ယူကြတဲ့ ကိုရင်လေး.. ဆရာလေး တွေတွေ့လို့ ပေါက်ကျိုင်းတစ်ကောင် တို့များ ဘာသာ ဿသနာ အတွက် ဂုဏ်ယူလေးစားဦးညွှတ် ကန်တော့မိပါတယ်....။

ဒါပေမဲ့ .. ဿာသန အမွေခံ ကိုရင်လေး ဆရာလေး များရဲ့ မြန်မာပြည်လွမ်း သဝဏ်လွှာ လေး နှစ်စောင် ကို ဖတ်မိတော့ ပေါက်ကျိုင်း ရင်နဲ့အမျှခံစားမိပါတယ် ....။ ဒီစာနှစ်စောင်လေး ကို စာဖတ်သူတွေအတွက် အင်တာနက်ချစ်သူ ကနေ တဆင့် ပြန်လည် မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ...။

ကိုရင်လေး.. ဆရာလေး တို့ အားမာန်မလျှော့ ပဲ ဿာသန အကျိုး ဆထက်ပို ထမ်းဆောင် နိုင်ပါစေ ဘုရား...။












No comments:

Post a Comment

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..