Pages

Tuesday, December 29, 2009

သံမဏီကြက်ခြေ၊ဘော်လ်ကာစစ်ဆင်ရေးနှင့်...

မကောင်းဆိုးဝါးတွေ ငရဲကို ပြန်သွားစေဖို့..

လွမ်းပ..

"လွမ်းပ"

... လွမ်းပ
အနမ်းရေ
နှလုံးသားကို
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
သောကနဲ့ ကျပ်ထုပ်နေတဲ့ ညနေရီ
သက္ကယ တစ်ခုကြောင့်ပဲ
အလေ့ကျ ပေါက်နေတဲ့သူ့မှာ
ဒီရုပ်ဒီရေကလေးနဲ့ အသည်းကွဲနေရလို့တဲ့
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရိစ္ဆေဒတွေ
လွမ်းပ။
ကံတရားမျက်လုံးထဲ
အသူတစ်ရာနက်တဲ့ အပြုံးရှိတာသိရက်နဲ့
သူ
ခုန်ချ
လွမ်းပ။
ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုံးတွေကြား
ရွပ်ရွပ်ချွံချွံ
လွမ်းပ။
အနမ်းရေ
နှလုံးသားထဲ ဘာလို့ ညာညာပြီး
ညနေစောင်းချင်ရတာလဲ နေ့တွေလဲ ဝမ်းနည်းစွာ ပြန်သွားခဲ့
သူ့မှာ
ကမ္ဘာမရှိတော့။

Kဇော်
မိုးဝေမဂ္ဂဇင်း ( ဧပြီ/၁၉၈၇)

တောင်ကြီးမြို့ မီးပုံးပျံ အလှ..

ကိုကိုရွှေများနှင့်အလုပ်ရှင်...

သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ရေးသားသူ - ဇော်ကြီး
သောကြာနေ့၊ မတ်လ 13 ရက် 2009 ခုနှစ်

မလေးရှားအိမ်တွင်းလက်မှုလုပ်ငန်းရှင် မစ္စတာကူးမားအား မလေးရှားနိုင်ငံ၏ ဥပဒေ ချိုးဖောက်မှုနှင့် မြန်မာ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် မလေးရှား ရဲတပ်ဖွဲ့က ...
ဖမ်းဆီးလိုက်သည်။
ယင်းသတင်းနှင့် ပတ်သက်၍ မလေးရှား NGO တခုက အကြောင်းကြားလာသည်ဟု မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC) အတွင်းရေးမှူး ကိုရဲမင်းထွန်းက ယခုလို ပြောသည်။
“Tenaganita ဆိုတဲ့ ကျနော်တို့ NGO က ပရိုဂရမ် မန်နေဂျာ မစ်ဖော်ရီဒါ က ကျနော့်ကို ဖုန်းဆက် လာတယ် ကနေ့ညနေ သုံးနာရီခွဲမှာ ဒီ မစ္စတာကူးမားနဲ့ အပေါင်းပါ ၁၂ ယောက် ကို ရဲက ထိန်းသိမ်း လိုက်ပြီးတော့ statement ယူနေပြီ ဆိုတဲ့အကြောင်းပေါ့။”

မစ္စတာကူးမားသည် မြန်မာအလုပ်သမ ၁၅ ဦးမှ အလုပ်သမား အခွင့်အရေးချိုးဖောက် ခံရမှုကို တင်ပြရာ၌် လက်မခံသည့်အပြင် အလုပ်မှထုတ်ပယ်၍ စွန့်ပစ်ခဲ့ပြီး ကူညီပေးထားသည့် (BWRPC) အဖွဲ့ရုံးသို့သွား၍ အဖွဲ့ဝင်များအား ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် မလေးရှား NGO အဖွဲ့များနှင့် မိမိတို့က တရားစွဲဆိုထား သည်ဟု ၎င်းကဆက်ပြောသည်။
“ရဲအမှုပေါင်း သူ့မှာ ၁၃ မှုလောက် ဒီ NGO တွေကသူ့ကို ကျနော်တို့အတွက် ဖွင့်ထားတယ် labour case က ရှစ်မှုဗျာ ကျန်တဲ့ ငါးမှု ကတော့ ရာဇ၀တ်မှုပေါ့၊ ဥပမာ ကိုဖြိုးကို သူဖမ်းပြီး ခေါ်သွားတဲ့ ဟာက ပြန်ပေးဆွဲမှုပေါ့။ နောက်ပြီးတော့ ရိုက်မှုပေါ့၊ နောက်ချိန်းချောက်မှုပေါ့၊ နောက်ပြီးတော့ ဒီမိန်းခလေးတွေရဲ့ ကာမအိနြေ္ဒပျက်စီးမှုပေါ့၊ နောက်ညဉ်းပန်းနှိပ်စက်မှု ဒီမိန်းခလေးတွေကို အခန်းထဲထည့်ထည့်ပြီးတော့ သော့ပိတ်ထားမှု အဲလိုမျိုး မတရားချုပ် နှောင်မှု အဲဒီအမှုတွေပေါ့။”
အလုပ်ရှင်ကို ဖမ်းဆီးပြီး တရားစွဲရာတွင် မြန်မာသံရုံးမှ ပါဝင်ကူညီပေးမှု ရှိ မရှိနှင့် ပတ်သက်၍ ကိုရဲမင်းထွန်းက “မြန်မာသံရုံးရဲ့ဖိအားကြောင့်ဆိုရင် ကျနော်တစ်ခုရှင်းပြမယ်၊ ဒီရဲစခန်းရဲ့ report မှာ မစ်ဖော်ရီဒါ Tenaganita ရဲ့ပရိုဂရမ်မန်နေဂျာ၊ နောက်ပြီးတော့ ဒီအမှုနဲ့ ပါတ်သက် ပြီးတော့ အနီးကပ် မျက်မြင်သက်သေရယ် အစအဆုံး ပြန်ပြောတဲ့လူ နောက်ဘာသာပြန်တဲ့ သူက ကျနော်ပါခင်ဗျ။ case ကိုသွားတင်ထားတာ သံရုံးကမပါပါဘူး ခင်ဗျ။” ဟုပြောသည်။

အလားတူဖြစ်ရပ်မျိုး ၎င်းတို့အဖွဲ့အစည်း သက်တမ်းတလျှောက်တွင် ဒုတိယအကြိမ်မြောက် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
မန်မာအလုပ်သမ ၁၅ ဦးအား မတရားဖမ်းဆီးထိန်းသိမ်းထားမှုဖြင့် မြန်မာအမျိုးသမီးရေးရာ အဖွဲ့က (BWRPC) အဖွဲ့ကို တရားစွဲဆိုရန်သတင်းများထွက်ပေါ်နေသော်လည်း အလုပ်သမ ၁၅ ဦးက ထိုကိစ္စမဟုတ်မှန်ကြောင်း ပြန်လည်ပြောဆိုသည်။

မြန်မာ ပေါ့အဆိုတော် ဖြူဖြူကျော်သိန်း MTV EXIT ကင်ပိန်း သံအမတ်အဖြစ် ရွေးချယ်ခံရသည်

သံသရာ တကွေ့ကွေ့ မှာ.....



ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင် အင်းသုံးဆယ် ကျေးရွာတွင် ကျောင်းတကာတဦး သေဆုံးပြီးနောက် ဇီးကွက် (ဒေသအခေါ် ခေါင်တောက်) ဖြစ်သွားပြီး သူအား ရက်လည်ဆွမ်း ကုသိုလ် ကောင်းမူ ပြုလုပ်ရာသို့ လာရောက်လည် ပတ်သွားခဲ့သည်ဟု အဆိုပါ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ပြောသည်။

“တော်တော်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပါ။ ရိုက်ယူထားလိုက်တဲ့ ဓါတ်ပုံတွေက
ထူးဆန်းတဲ့ ဖြစ်ရပ်အတွက် သက်သေ အထောက်အထားတွေဘဲ ဖြစ်ပါတယ်။ သူတို့မိသားစုက ရက်လည် ဆွမ်းကျွေးတော့ ကျောင်းတကာကြီးက ဇီးကွက်ဘ၀နဲ့ ဘုန်းတော်ကြီးကျောင်းကို လာတယ်။ သူလှူဒါန်းထားခဲ့တဲ့ ကျောင်းက တိုင်မှ စနားတယ်။ ပီးရင် သူလှူဒါန်းထားခဲ့တဲ့ နာရီမှာနားတယ်။ နောက်ပီး သူလှူဒါန်းထားခဲ့တဲ့ လေပင်ကာပေါ်မှာ နားတယ်။ အဲဒီက ပျံသွားတယ်။ နောက်ဆုံး သူလှူဒါန်းထားခဲ့တဲ့ အုတ်နံရံပေါ်မှာ လာနားတယ်။ အဲသလို နားနေတဲ့ အချိန်က ကောင်းမူ စလုပ်တဲ့ ညနေ ၆ က စနားနေတာ ၂၄ နာရီပြည့်ပြီး နောက်တနေ့ညနေ ၆ နာရီမှ ပျံသွားတယ်၊ ပျံသွားတော့လည်း သူနေအိမ်ကို တန်းပြန်သွားတယ်။ သူ့အိမ်မှာ ၄ နာရီလောက်နေတယ်။ နောက်တော့ ဘယ်ပျံသွားမှန်း မသိဘူး။ ပျောက်သွားခဲ့ပါတယ်။”

ယခုကဲ့သို့ ကျောင်းတကာကြီး ဇီးကွက်ဘ၀ဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရက်လည်ဆွမ်း ကောင်းမူ ပြူလုပ်နေစဉ် လာရောက်လည်ပတ်ခြင်းကို လူပေါင်း ၆၀၀ နီးပါးခန့်က လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ကြည့်ရှု့သူများထဲတွင် ငယှက်ကြီး၊ ကုရခါလီ၊ ဆောင်တူဝ ရွာကြီး၊ ရွာချေနှင့် အင်းသုံးဆယ်မှ ကျေးရွာသားများလည်း ပါဝင်သည်။
ယခုကဲသို့ ကျောင်းတကာကြီးမှ ဇီးကွက်ဘ၀ဖြင့် ကုသိုလ်ကောင်းမူ ပြုလုပ်ရာသို့ လာရောက်ကြည့်ရှု့ရခြင်း နောက်ကွယ်တွင် အကြောင်းခြင်းရာများ ရှိကြောင်းကို ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။

“ အဲဒီ ကျောင်းတကာကြီးနာမည်က ဦးမဲအောင်၊ အသက်က ၇၆ နှစ်ဖြစ်ပါတယ်။ သူမသေမှီ အသက်ထွက်လုလု အချိန်မှာ သူ့ရဲ့ သားသမီးတွေ အပါအ၀င် ဦးဇင်းကို ခေါ်ပြီးတော့ သူသေဆုံး သွားတဲ့အခါ ရက်လည်ဆွမ်းသွပ်ရင် သူတပါး အသက်တွေ ဖြစ်တဲ့ ၀က်သား၊ နွားသား၊ ကြက်သား စတာတွေနဲ့ ကောင်းမူ ကုသိုလ် မလုပ်ဘဲ သတ်သတ်လွတ် လုပ်ဖို့မှာခဲ့ပါတယ်။ သူမှာခဲ့တဲ့ အတိုင်း ကုသိုလ် ကောင်းမူ လုပ်မလုပ်ကို ရက်လည်ဆွမ်းသွပ်တဲ့ အခါ သူလာကြည့်မယ်ဆိုပီး မှာခဲ့ပါတယ်။ အဲဒီနောက် သူသေသွားတော့ ခုလို ဇီးကွက်ဘ၀နဲ့ ကောင်းမူ လုပ်တဲ့ နေ့က သူမှာတဲ့ အပေါ်မှာ သားသမီးတွေ လိုက်လုပ် မလုပ်ကို လာကြည့်တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ခုလိုဘဲ ယုံကြည်ပါတယ်။ ထူးဆန်းတာက အဲဒီဇီးကွက်က လူလိုက်ထုတ်ရင်လည်း မသွားဘူး။ အနီးကပ်သွားပြီး ဓါတ်ပုံ သွားရိုက်ရင်လည်း ပျံမသွားဘူး။ ခုလို အဟိတ် တိရစ္ဆာန် တကောင်က လူတွေကို မကြောက်ဘဲ နေရဲတယ်ဆိုကတည်းက အဲဒီ အဖြစ်အပျက်က တော်တော့ကို ထူးဆန်းနေပြီ ဖြစ်ပါတယ်။”

သို့သော်လည်း အဆိုပါကောင်းမူ လုပ်သည့်နေ့က ဦးမဲအောင် ၏ သားသမီးများနှင့် ဆွေမျိုးများက သူမှာခဲ့သည့် စကားကို လိုက်နာခြင်း မရှိဘဲ ၀က်သားဟင်းဖြင့် ကုသိုလ် ကောင်းမူ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Sunday, December 20, 2009

ဟိုရှေးရှေးတုန်းက လူ့ဘီလူးကြီးတွေ..









ဘယ်နိုင်ငံကလဲမသိပါ...ဒီလို လူ့ဘီလူးကြီးတွေ ဟိုး...ရှေးရှေးတုန်းက ရှိခဲ့ဘူးတယ် ဆိုတာ ဒီပုံတွေမြင်မှဘဲ ..သိရတော့တယ်..ဒါပေမဲ့ ဒီပုံတွေက အမှန်အကန်လား အကြံအဖန် လားဆိုတာ မသိပါ..ဟိုတလောတုန်းကလဲ စကာင်္ပူ ကမ်းခြေတခုမှာ ငါးမန်းတွေပေါ်တယ် ဆိုလို့ လူတွေ တော်တော်လန့်သွားပါတယ်... ဓါတ်ပုံနဲ့တကွ တင်ထားတာကို ၀က်ဆိုက်တခုမှာ တွေ့မိပါတယ်...နောက်မှ ဒီပုံတွေက အင်ကြီးမှန်းသီတော့ လူတွေ အလန့်ပြေသွားပါတယ်..စကာင်္ပူ က တာဝန်ရှိတဲ့ သူတွေတော်တော်လေးဖြေရှင်းလိုက်ရပါတယ်..အဲဒီပုံတွေ ဟာ အမှန်ကန်လားဆိုတာ သိတယ်သူရှိရင် ပြောပြပေးပါခင်ဗျာ..ဘယ်နိုင်ငံ ကလဲဆိုတာကိုရောပေါ့....

Saturday, December 19, 2009

ဓါတ်ပုံများ..



ကျွန်တော် ဒီနေ့တော့ ပုံလေးတွေ ထပ်တင်ပေးလိုက်ပါတယ်..