အင်္ဂလန် ဘရာဇီး တွေနဲ့
တယ်ပြီးတော့ မယုံချင် ...။
ဘောပွဲတွေ အကြောင်းပြပြီး
သန်းခေါင်ကျော် ထွက်ပေါက်ရှာတဲ့
မတော်ရာ ကြားလာလို့တော့
“ မောင်းကျိုးပြီ ” “ ဘော်ဒီရှူံးတယ် ” နဲ့
ဘတ်ငွေ တွေ စာရင်းလိမ် လို့
ကျူပ် သိအောင် လိုက်စုံစမ်း မယ်ပါ့
ရပ်တန်း က ရပ် ဆင်ခြင်
အသာတကြည် မရ ရင်ဖြင့်
နှစ်ဝါ တစ်နီ အသင့်ပြင်ထားပေရော့
တောသူမ ဖလိုင်းကစ် နဲ့
တိုင်း သိအောင် ကြော်ငြာ ထည့်မယ်


