Pages

Monday, November 29, 2010

စိတ်ကူးနဲ့ရူး ....



ဒီVideo ကိုကြည့်ပြီး ဒီလိုတောင် မင်္ဂလာဆောင်ချင်စိတ်ပေါ်သွားမယ်ဗျာ...  ရယ်လည်း ရယ်ရတယ်..။ ပျော်လည်း ပျော်စရာကောင်းမှာ...  ကတဲ့လူတွေကလည်း ရုပ်တည်ကြီးတွေနဲ့ကို ကကြတာ....ပျော်စရာကြီးဗျာ..။ ကြည်နူးစရာလည်းကောင်းတယ်နော်..

ပေါက်ကျိုင်းမလဲ လူပျိုကြီးဇာတာ မပါလောက်ဘူးလို့ သူငယ်ချင်း ဗေဒင်ရူး သန်းစိန်က ဘီယာနှစ်လုံး ဝီစကီနှစ်ပက် မျိုဆို့ပြီး အာဝဇွမ်းရွှင်ရွှင် တံထွေးတစ်ဖွားဖွား နဲ့ဟောပြောမိန့်ကြားထားခဲ့ပေမဲ့ အခုထိ ဘယ်လို ဘယ်ဟာမှ မဟိုဒင်းသေးတော့ ပေါက်ကျိုင်း ခမျှာ ငှက်ပျောတုန်းကြီး ကိုပဲ စိတ်ထဲပြေးပြေး မြင်မိတော့ သဗျို့...။

အင်း ... အူတူတူ လဒူကြီးပေါက်ကျိုင်း ကြိတ်ပြီး ကျူနေတဲ့ ရန်ကုန်က အပျိုကြီး ထလေးလေး ( သူ့ကိုသူ ထလေးလေး ( ခလေးလေး ) လို့ပြောသဗျ .. ဂျဂါးလဲ အပီဘူး အပျိုကြီးက ဟီဟိ..) နဲ့ စိတ်ကူးထဲမှာ မင်္ဂလာဆောင်ဖြစ်ရင် သီလဝါက အမမေစောလွင်ကို ဒီ ဗွီဒိယို ထဲကလို ကဖို့ ဖိတ်ထားဦးမှ ..
ဒီလို ဒိုးဒိုးဒန့်ဒန့် မကတတ်ဘူး ဆိုရင်လဲ မုံရွှေရည် အက လေး ကတတ်ရင်လဲ ဖြစ်တာပ .. ထူးထူးခြားခြား လေးပေါ့လေ.. သူ့ရဲ့ ကြင်ရာတော်ကိုလဲ မျက်မှန်မဲ ကြီးတပ်ခိုင်းပြီး ဂျွမ်းတွေ ဘာတွေ ထိုးခိုင်းဦးမှလေ.. ဟီဟိ ...

လူပျိုကြီးပေါက်ကျိုင်း တစ်ကောင် အပျိုကြီး ထလေးလေး နဲ့ မင်္ဂလာဆောင်ဖြစ်ရင်ပြောပါတယ် ...ဒီလို ပုံလေးနဲ့  ထူးထူးခြားခြား လုပ်ဦးမှလေ  .. ပြောစရာလေး ဖြစ်သွားရအောင် ....။


                                                            ၊


                                                           

2 comments:

  1. ဟိုဒင်း အ၀ှာဖြစ်ရင် ကျနော့်ကိုကြိုပြော...လက်ဆောင်ကောင်းပေးမယ်..

    ReplyDelete
  2. very funnyy. he heeee

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..