Pages

Friday, February 19, 2010

အွန်လိုင်းပေါ်မှာဗျာ..



 ဆရာ လှထွဋ်ဦး ရဲ့ အွန်လိုင်း အကြောင်း ထိထိမိမိ ကလိ ထားတာတွေပေါ့ဗျာ..။
"တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည် ပါတယ်"  လို့ ပြောတဲ့ ကိုရင်ငြီမ်း ရေ.....
ဒီဆေး ကို  ပေါက်ကျိုင်း မလဲ နေ့စဉ်နဲ့အမျှ မှီဝဲ နေပါ သဗျာ....။
အသက်ကလေးရယ်တဲ့ရှည်စေလိုရယ်ကြောင့်ပါ...။

ဒါလီလင်း က လှူပ်..ပေါက်ကျိုင်း က ငုတ်တုတ်....

အများ သိပြီး ဖြစ်တဲ့ အောက်တိုဘာလ (၁၇) ရက်က သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နာဂစ်ရန်ပုံငွေ ပဒေသာကပွဲမှာ “တောဂေါ်လီ” သီချင်းဖြင့် ခပ်ကြမ်းကြမ်း ကပြ ဖျော်ဖြေခဲ့တဲ့ မင်းသမီး ဒါလီလင်းအပေါ် ပရိသတ်ရဲ့ ဝေဖန်ပြစ်တင်သံတွေ သောသောညံ နေတာကြာလှပြီ..

 ရွှေတံဆိပ်ဆုရှင် မြန်မာ့ရိုးရာ အက မင်းသမီးတစ်ယောက် အနေနဲ့ အခုလို Sexy ကကွက်တွေနဲ့ မဖျော်ဖြေ သင့်ဘူးဆိုပြီး လူပြောများနေတာပါ။မင်းသမီးဒါလီလင်းမှာ ၂၀၀၅ ခုနှစ် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဆို၊ ငို၊ ပြော အကပညာရှင်အဆင့် ပထမဆု ရရှိထားသူဖြစ်ကာ လက်ရှိမှာလဲ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ရွှေမန်းသဘင် ဇာတ်မှာ နှစ်ပါးသွား မင်းသမီးအဖြစ် ကပြနေသူလဲဖြစ်ပါတယ်..။ ပြီးတော့ ဒါလီလင်း နာမည်နဲ့ ဇာတ်အဖွဲ့တစ်ခုကိုကိုလဲ ထူထောင် ထားသူ ဆိုတာလဲ ပေါက်ကျိုင်း သိရပါတယ်..။ အဲဒီလို သောသောညံနေတဲ့ ဒါလီလင်းရဲ့ အိုးလှူပ် အကကို အများသူငါ မြင်မြင်သမျှ တွေး ရေး ထားတာလေး တွေကို ကျွန်တော်ပေါက်ကျိုင်း တစ်ယောက် တွေ့ရသဗျ..။

သူတို့အမြင်.
ဒါလီလင်း“ပရိသတ် မျက်စိထဲမှာ ကောင်းတာပဲ မြင်မြင်၊ ဆိုးတာပဲမြင်မြင် ကျမ တင်ဆက်တဲ့ အနုပညာကို သူတို့ကြည့်လိုက်ရ တယ်ဆိုရင် ကျေနပ်ပါတယ်.."

“မြန်မာ့ ဇာတ်သဘင်က တော်တော် ပျက်သွားတာပါ၊ နှစ်ပါးသွား တို့မှာတောင် ရိုးရာဆိုင်းဝိုင်း ကြီးတွေနဲ့ တီးတာမျိုး မရှိတော့ဘဲ ဒရမ်တွေ၊ ဂစ်တာတွေနဲ့ တီးတဲ့ အထိကို ဖြစ်လာတယ်၊ အထူးသဖြင့် မင်းသမီးတွေ မပေါ့်တပေါ် ၀တ်တာ တွေက အရမ်းဆိုးတယ်”

စာရေးဆရာတစ်ဦး..
“ဓနိကာထားတဲ့ ဇာတ်ရုံတွေထဲမှာ ကျပ်ညှပ်ပြီး သန့်ရှင်းမှုမရှိတဲ့အခါကျတော့ အထက်တန်းမပြောနဲ့၊ လူလတ်တန်း စားတောင်မကြည့်ကြတော့ဘူး၊ ပရိသတ်လူတန်းစားနိမ့်သွားတော့ စင်ပေါ်က ဖျော်ဖြေတဲ့ လူကလဲ ပြက်လုံးကအစ ခါးအောက်ပြက်မှ ရယ်တယ်ပေါ့၊ အဆင့်အတန်းနိမ့်ကျလာတာပေါ့”

ကျွန်တော့်အမြင်ကတော့ အငြိမ့်မင်းသမီးနှင့် ဒီလိုအကတွေကတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တရားလွန်ဖြစ်အောင် ကပြဖျော်ဖြေခြင်းကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မြန်မာပြည်က တစ်ချို့သော အနုပညာသည်တွေဟာလည်း ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းမျဉ်းတွေကြောင့် ပြည်ပဖျော်ဖြေပွဲတွေဆိုရင် တရားလွန် ဝတ်စားဆင်ယင်ပြီး ကပြဖျော်ဖြေတာကို တွေ့ရပါတယ်။ သို့ကြောင့် သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးနဲ့ပဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တရားလွန် မဟုတ်ခဲ့ရင်ပေါ့ဗျာ..

ခွန်မြလှိုင်..အမြင်..
လျှပ်ပေါ်လော်လည်တဲ့ အ၀တ်အစားတွေ ကို ခေတ်မီတယ် ထင်ပြီး ၀တ်လို့ ဖြစ်နိုင်တဲ့ ဆိုးကျိုးက ကိုယ့် အန္တရာယ် ကိုယ်လက်ယပ်ခေါ်နေတာပါပဲ။ တကယ်တမ်း အားမနာတမ်း ပြောရရင် ကိုယ့်နိုင်ငံက မဟာပုရိသ မြန်မာ ယောက်ျားသား များထဲ နှမချင်းစာနာပြီး ယဉ်ကျေးသူက ခုခေတ်မှာ နည်းလာပါပြီ။ ဒီလိုပြောလို့ မဟုတ် သူများ မနာပါနဲ့။ မိန်းကလေး တယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လို့ ချွတ်ချက်အော် မကြားတကြား ဖြစ်စေ အုပ်လိုက် လှောင်စိန် ကျပြီး ဖြစ်စေ ပါးစပ် အရသာခံတဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။

လဒူပေါက်ကျိုင်း အမြင်..
အင်း...ပေါက်ကျိုင်း အမြင်ကိုပြောရင် ..ဘယ်လိုပြောရမလဲပေါ့နော် ..ဒီလိုဘဲပေါ့နော်..အ ဟင်း ဟင်း.....။

   

Wednesday, February 17, 2010

ဦးကျော် ..ဘိလပ်ရည် နှင့် ပေါက်ကျိုင်း..

 ဒီကနေ့မောင်ပေါက်ကျိုင်း တရုပ်နှစ်သစ်ကူး အလုပ်တွေပိတ်တာနဲ့ ပေါက်ကျိုင်း မင်းသားကြီးဦးကျော်ဟိန်းရဲ့ သူရဟန်းမခံခင် မြန်မာပြည် တနံတလျှား သူ့ရဲ့ ပရိတ်သတ် တွေကို လိုက်လံနုတ်ဆက်တဲ့ ဒီဗွီဒီ ခွေလေး ကို စက်ထဲထိုးထည့် ဒီနိုင်ငံမှာ ပေါပေါပီးပီး ရတဲ့ ငါးခူရဲယိုရွက် ဟင်း ကို ဗိုက်ခွေးနမ်းအောင် ဆွဲပြီးသကာလ ငါးခူမှိန်းမှိန်းပြီး ပေါက်ကျိုင်းခရေဇီ ဦးကျော် ဘယ်လက်နဲ့မိုက်ခွက်ကို ပါးစပ်နား အသာကပ် ညာလက်ကို အပေါ်ကို မြောက်ကာပင့်ကာနဲ့ “ လူသားအားလုံးကို လေးစားတယ်” ဆိုတဲ့ ဦးကျော်ရဲ့ ပုံကို ပေါက်ကျိုင်း စိတ်ထဲမှာ အထပ်ထပ်အခါခါ ရေရွက် မြင်ယောင်နေမိပါတယ်..အော် ဦးကျော်တောင် လူ့လောက ကို စွန့်ခွာ တသက်လုံး မြင့်မြတ်တဲ့ ရဟန်း ဘဝ ကို မွေ့လျှော်တော့မယ်ဆိုပါလား အနုပညာလောက မှာ သြချ ရလောက်အောင် ပြောင်မြောက် သမ္ဘာရင့် အနုပညာကဝေ လို့ တင်စားလောက်ရတဲ့ အထိ ဦးကျော် ဟာ ပါရမီ ရှင်ပါ..သူ့ရဲ့ ဘော်ဘော်တွေ ဆွေမျိုးသားချင်း တစ်လှေကြီးနဲ့ တမြို့ဝင်တစ်မြို့ထွက် သူ့ရဲ့ ချစ်ပရိတ်သတ်တွေကို ကားပေါ်ကဆင်း ထဲထဲဝင်ဝင် လူကြားထဲ လိုက်နုတ်ဆက် ကခုန်ပွေ့ဖက် သီချင်းတွေဆိုတာ ပေါက်ကျိုင်း မြင်ရတော့ ကြက်သီးထပီတိဖြစ်မိတယ် ပြည်သူတွေ ချစ်တဲ့ အနုပညာရှင်ကြီးပါလား....

ပေါက်ကျိုင်းချာတိတ် တုန်းက ဦးကျော် ရဲ့ ကားတွေဆို လက်မှတ်တိုး ခုန်ပျံကျော်လွှား ဘောင်းဘီကွဲ ဒူးပြဲ ချွေးသံအရွှဲရွှဲနဲ့ တစ်ကျပ်တန်းကနေ အမြဲအားပေးနေကြ.. အခုတက်ထိ ဦးကျော် ခွေ ဆိုရင် မလွတ်တမ်းကြည့် တုန်း..။ အဲဒီလို ပေါက်ကျိုင်းက ကျော်ဟိန်းခရေဇီ ..။ ဟိုးငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ် တောင်ကြီးကနေ ရန်ကုန်ကို အမေကြီးလို့ပေါက်ကျိုင်းတို့ နုတ်ကျိုးနေတဲ့ အဖွား ဆီကို အလည်လာရင်း ဦးလေးတစ်ယောက် က ရုပ်ရှင်ရိုက်တဲ့ ခြံကြီးတစ်ခြံ လမ်းကြုံလို့ ခေါ်သွားဘူးပါတယ်..။ အဲဒီမှာ ဦးကျော် ကိုအပြင်မှာ အရှင်လပ်လပ် မြင်ဘူးတာဆိုတော့အပျော်လွန်ပြီး ရွစိရွစိကြီးကို ဖြစ်လို့..။ ..ဟုတ်တယ် တောင်ကြီးက နှပ်ချေးတွဲဘော်ဘော် တွေကို ဆရာကြီးလေနဲ့ ကြွှားရတော့မှာကိုး…။ ....မင်းသမီးက ဆွေဇင်ထိုက် ..ဘာဇတ်ကားလဲ မမှတ်မိ.။ .ထားတော့ .. ရိုက်တဲ့ ဇတ်ဝင်ခန်းက လမ်းပေါ်မှာ ဦးကျော်နဲ့ ဆွေဇင်ထိုက် လမ်းလျှောက်လာတုန်း ဟိုတုန်းက ပေါက်ကျိုင်း နှပ်တွဲလဲ ဘော်ဘော် တွေရဲ့ မဟာ့မဟာသောက်မြင်အလွန်ကပ်တဲ့ လူကြမ်း ချီးဘူး တို့တစ်သိုက် က မင်းသမီးကို ထိကပါးရိကပါး လုပ် မင်းသားက တောင်းပန် ချီးဘူး က သူ့ရဲ့မူပိုင်အိုက်တင်ဖြစ်တဲ့ မှန်ထိုးထားလို့ လက်လက်ထနေတဲ့ မဟာ လောက်စာလုံး ခေါင်းကို ထိပ်ကနေ လက်ယျာရစ်ပွတ်ရင်း နုတ်ခမ်းမွှေး တသသနဲ့ ငါးခူပြုံးပြုံးပြီး မင်းသားကို ရန်လုပ် မင်းသားနဲ့ချီးဘူး ဖိုက်တင်ပလေးကြ ..အဲဒီမှာ နှပ်ချေးပေါက်ကျိုင်း ကလေးပီပီ အလွန့်အလွန်သဘောခွေ့တဲ့ ဦးကျော် လုပ်ပုံလုပ်ပုံ....။

 တောင်းပန်နေတုန်း ချီးဘူး ထတဲ့ပြီး ဗိုက်ကို လက်သီးနဲ့ ထိုးလိုက်တော့ ဦးကျော် အကြောတွေဆွဲပြီး ဖြေးဖြေးချင်း မြေကြီး ပေါ်ကို ဒူးထောက်ဗိုက်ပွတ်ရင်း ကျသွား (ပေါက်ကျိုင်းထင်ပါတယ် )အဲဒီမြေကြီး ပေါ်မှာ ၂ မိနစ် လောက် လူးလိမ့် နေတာ .. ပြီး ဆလိုးမိုးရှင်းနဲ့ ထလာ ဘယ်လက်ကိုနံကြားမှာကပ် ညာလက်သီးစုတ်ကို ဖြေးဖြေးချင်းဆန့်ထုတ်..သူ့ရဲ့မူပိုင် သန်းခေါင်ရည်းစားခေါ်လေသံနဲ့ “ ယား “ လို့ အော်(အဲဒီ ယား လဲ ၂မိနှစ် လောက်ကြာပါတယ်..) လူကြမ်းချီးဘူးကလဲ ဦးကျော် ပြန်အထိုးကို ယား တာမပြီးသေးခင် စိတ်ရှည်လက်ရှည်စောင့် ..(အဲဒီ အချိန်မှာ နှပ်ချေးပေါက်ကျိုင်း စိတ်ထဲရွစိရွစိ ဖြစ်နေပြီ ) ဦးကျော် က ချီးဘူးမျက်ခွက် ကို လက်သီးနဲ့ အသာထိုးလိုက်တာ ချီးဘူး နောက်ဂျွှမ်းထိုးပြီး လဲ ကျသွား တော့ နှပ်ချေးပေါက်ကျိုင်း ပါးစပ်ကနေ လွှတ်ကနဲ ကျော်ဟိန်းကြီး မိုက်တယ်ကွာ လို့အော်မိလားမသိ..စိတ်ထဲကပ်မိတဲ့ အချိန်မှာတော့ လက်ခုပ်ကိုအားရပါးရတီးနေတုန်း။…” ကပ်” ဆိုတဲ့ အသံပြဲ ကြီး ကြားမိတော့မှ နှပ်ချေးပေါက်ကျိုင်းအလန့်တကြား ဘေးဘီကိုကြည့်မိတော့ မှန်ထိုးသမားတွေ မိုက်ခွက်မ, ကင်မရာမင်း လူအားလုံး နှပ်ချေးပေါက်ကျိုင်းကို ဘီလူးချဉ်ဖတ်စားမိသလို မျက်နှာတွေနဲ့ ဝိုင်းကြည့်နေပြီ..။

နှပ်ချေး ပေါက်ကျိုင်း လဲဟိုဟိုဒီဒီ ဘေးဘယ်ကြည့် လက်မ ကိုစုပ် မျက်နှာအငယ်သားနဲ့ ။..ဦးလေးကလဲ “ ဟေ့ကောင် ပေါက်ကျိုင်း ဒါရုပ်ရှင်ရိုက်နေတာကွ တောမှန်းတောင်မှန်းသောက်မှန်းမသိတဲ့ လဒူတောသားရဲ့ “ ဆိုပြီး ရှက်ရမ်းရမ်း နားထင်ကိုနှစ်ခါဆွဲလိမ်ပြီးပြီ...။ အဲဒီအချိန်မှာဘဲ (ပေါက်ကျိုင်းအထင်တော့ ဒါရိုက်တာ ဦးဝင်းဖေ ထင်ပါတယ် ) ပေါက်ကျိုင်းတို့ခေါ်ခေါ်နေတဲ့ ဂျပိုးဦးထုပ်ဆောင်းထားတဲ့ သူတစ်ယောက် ပေါက်ကျိုင်းဦးလေးကို စွတ်ဟောက်နေတော့တာ..။ “ ဟေ့လူ ခင်ဗျားဒါရုပ်ရှင်ရိုက်နေတာမသိဘူးလား ကိုယ့်ကလေးကို မထိန်းထားဘူးလား ဖလင်ဈေးက ဘယ်လောက်လဲသိလား ရှုတင်တစ်နေ့စားရိတ်က ဘယ်လောက်လဲသိလား “ တလားလားနဲ့ဆိုတော့.. သူလဲရှက်ရမ်းရမ်းမိပြီး နားထင်ဆွဲ၂ ခါးစောင်းလီမ် ၃ နားရင်းအုပ် ၁ နဲ့ အသားလွတ်ကိုတွယ်တော့ နှပ်ချေးပေါက်ကျိုင်း ရဲ့ ဝဏ္ဍကျော်ထင်စိန်အောင်မင်းတောင်အရူံးပေးရတဲ့ ငိုသံပြဲက အဲဒီ ရုပ်ရှင်ခြံထဲမှာ သောသောညံ….. ။ ဟုတ်မှာ ပေါက်ကျိုင်းဦးလေးက လူပျိုလေး ဆိုတော့ ခမျာ ရှက်ရှာမှာပေါ့.. သူ့မျက်လုံးက မင်းသမီး ဆွေဇင်ထိုက် ဆီနားမှာ တဝဲဝဲ ကိုး….။

ဒီလိုနဲ့ ပေါက်ကျိုင်းက အော် ဦးလေးကဆော် နဲ့ သောသောညံ ကနေ ဗြုန်းဆို ဦးကျော် တစ်ယောက် သူ့ရေခဲဗူး ထဲ တစ်ခုခုနိုက်ပြီး ပေါက်ကျိုင်း ဆီကို စောင်းငန်းစောင်းငန်းနဲ့ ရောက်လာပါတယ် ..။ ဦးလေး က ပေါက်ကျိုင်းကိုတွယ်ပြီးပြီဆိုတော့ ဘာများထပ်လုပ်အုံးမလဲ ထင်ပြီး အလစ်ကို မပေးရဲတော့ဘူး..။ ဟုတ်တယ်လေ သူတို့ ရုပ်ရှင် ရိုက်တာပျက်သွားတယ်ဆိုပြီး ကလေးတွေးနဲ့ ဘေးဘီကြည့်ပြီး ပြေးဖို့ အပေါက်ရှာနေပြီ..။
အမှန်တော့ ဦးကျော်ကိုင်လာတာက ငယ်ငယ်ကခေါ်ဝေါ်နေတဲ့ ဘိလပ်ရည် ဆိုတဲ့ အချိုရည်ပုလင်းကို ဖွင့်ပြီး ပေါက်ကျိုင်းကိုသောက်ဖို့ပေးရင်း မငိုဖို့ သူ့ကိုချစ်ရင် ငြိမ်ငြိမ်လေး ကြည့်ဖို့ နောက်တစ်ခန်းကျရင် ချီးဘူးကို သူ မထနိုင်အောင် အပြတ်ချပစ်မှာလို့ ပြောပြီး ခုန က ဇတ်ဝင်ခန်း ကိုပြန်ရိုက်ပါရော..။ အဲဒီအခါမှ ပေါက်ကျိုင်းမလဲ ဘိလပ်ရည် ကိုစုပ်လိုက် နှပ်ကိုသုတ်လိုက် ဦလေးဆီကိုကြည့်လိုက် ကားရိုက်နေတာကို ကြည့်လိုက်နဲ့ တောင်ကြီးက ကောင်တွေကို ကြွားရတော့မဟေ့ ဆိုတဲ့ အတွေးနဲ့ ပီတိတွေတဝေဝေ ….။ ဦးလေးကိုသာ ကြောက်နေရလို့ သတိထားနေရတာ သူ မလဲ မင်းသမီး နဲ့ ပါလာတဲ့ ရွယ်တူကောင်မလေး တစ်ယောက်နဲ့ မျက်လုံးချင်းတစ်ချိတ်ချိတ်နဲ့ အမယ်…သူလဲ ပီတိတွေတစ်ဝေဝေ….။
နောက်ဆုံး ..အရှံးထဲကအမြတ် ဆိုသလို ဦးကျော်ရဲ့ဘိလပ်ရည် နဲ့အချော့ခံ ပေါက်ကျိုင်း ပြီး မင်းသမီး ဆွေဇင်ထိုက် အော်တိုလက်မှတ်နဲ့ ပြုံးဖြီးဖြီး ပေါက်ကျိုင်းဦးလေး တူဝရီးနှစ်ယောက်သား သာကေတကို
ကားတိုးစီး ပြီး ပြန်ခဲ့ကြောင်းပါ..။

ဟောဗျာ..အခု ပေါက်ကျိုင်း ဦးကျော်ရဲ့ဓါတ်ပုံလေးတွေ လိုချင်လို့ ရှာတုန်း ဒီစာမျက်နှာ နဲ့ဒီစာမျက်နှာ မှာ သူ့ရဲ့အကောင်းအဆိုး သူသူငါငါ အတွေးအမြင်တွေကိုမြင်ရသဗျ..။

(ပေါက်ကျိုင်း မလဲ ဦးကျော် သာဿနာ့ ဘောင်ဝင်သွားပြီ ဆိုပြီး ဝမ်းသာအားရ သွားကတော့ ဖို့လုပ်နေတုန်း ဗြုန်းဆို လူထွက်သွားပြီ ဆိုတော့ အူတူတူ လဒူပေါက်ကျိုင်းတစ်ယောက် အချိုရည်တစ်ကပ် ဝယ်ထားပြီး..အူလည်လည်..)

Tuesday, February 16, 2010

ဆယ်ခြောက်ချက်လား .. နဲတောင်နဲ သေး...


မောင်ပေါက်ကျိုင်းလဲ ဒီကနေ့ ပြည်ကြီးသားတွေ ရဲ့ နှစ်သစ်ကူး အလုပ်ပိတ်ရက် ဆိုတော့ တာချီလိတ်က ပေါက်ကျိုင်းရဲ့ လက်ကုတ်တိုးတိုးဖေါ်(ဟိုလင့်ကလေးကလန်းတယ် ဒီဆိုက်ကလေးကဇယားလေးတွေက လန်ထွက်နေတယ် ကိုပေါက်ကျိုင်း ငုတ်တုတ်မေ့သွားမယ် ဝင်ကြည့်ဖြစ်အောင် ဝင်ကြည့် ဆိုတဲ့ ) ဇယားဆရာကြီး လေဒီကြောက်ညီညီ ရဲ့ လက်ကုတ်သတင်းပေးတာကြောင့် ဧဒင်ဥယျာဉ် ဆိုတဲ့ စာမျက်နှာ တစ်ခုကို ဝင်ကြည့်မိပါတယ်..အဲဒီမှာ အခုခေတ်ကလေးတွေရဲ့အတွေးအရေး လေးတွေက ပေါက်ကျိုင်းတို့ခွန်နှစ်အိုရှစ်အိုအတွက် တမျိုးလေးဖြစ်နေတယ်..ထားတော့ ..အဲဒီဆိုက်ထဲ

 ရုပ်ရှင်လင့်ကလေးကို ဝင်မွှေမိတဲ့အခါ Singapore Punishment ဆိုတဲ့ ဗွိဒီယို ကလစ်လေး က လား လား....ပေါက်ကျိုင်းတုံးတယ်ဘဲပြောပြော အခုမှ မြင်ဘူးတဲ့ ကြိမ်ဒဏ် ပါဘဲ.. စင်္ကာပူ ကထင်ပါတယ်..ဟုတ်မဟုတ်တော့ မသိပါခင်ဗျား..ဒါပေမဲ့ သူတို့သုံးနေတဲ့ တစ် နှစ် သုံး လေး...ပြောနေတာက မလေး စကားပါ..ဒါပေမဲ့ စလုံးကလဲ မလေးစကားလဲအသုံးပြုလို့ရတယ်ဆိုတာ ပေါက်ကျိုင်း စလုံး ရောက်တုန်း အဲဒီ စင်္ကာပူတရုပ်ဈေးသည်တွေနဲ့ပေါက်ကျိုင်း တွင်တွင်ကြီး အသုံးပြုခဲ့သေးသဗျ..ပြီး မြန်မာစကားပြောတာလဲကြားမိပါတယ်..အရိုက်ခံရတဲ့သူကလဲ ဘာလူမျိုးတော့မသိ..( အလ္လာ အာကဘာ ..စာလုံးပေါင်းမှားရင် ခွင့်လွတ်ပါခင်ဗျာ.) ဆိုတဲ့အော်သံတာကြားရတာပါ..တစ်ချက် နှစ်ချက် သုံးချက်..နောက်ဆုံး...အနန်းပလပ် ဆိုတဲ့ ဆယ်ခြောက်ချက်ရိုက်ပြီးတော့ အမယ်လေးဗျာ..အဲဒီအခါမှ ရိုက်တာရပ်တော်မူတယ်..သူဟာ ဘာပြစ်မူနဲ့ဘာတွေလုပ်ခဲ့လုပ်ခဲ့ ပေါက်ကျိုင်းရင်ထဲမှာတမျိုးကြီးကိုဖြစ်နေတာ..ဒါလေးကိုကြည့်မိရင်းကြက်သိမ်းထမိသဗျာ..

အင်း.....အူတူတူလဒူကြီး မောင်ပေါက်ကျိုင်းလဲတနေ့နေ့တချိန်ချိန် အဲဒီလိုကြိမ်ဒဏ်ဥပဒေပြဋ္ဌန်းထားတဲ့ နိုင်ငံ တွေဆီများရောက်ခဲ့ရင်( ရောက်နိုင်တဲ့ အရည်အချင်းလဲရှိပါဘူး ပေါက်ကျိုင်းမှာ..ဟီး.) ဘာမှ ပြစ်မူတွေ မရှိအောင် ဆင်ချင်မှ ဆင်ချင်မှ .. ဒါမှမဟုတ် မလေးရှားနာမည်ကြီးအဆိုတော်မလေး စီတီနော်ဟာလီဇာ လေးက အဘန်းကိုကိုပေါက်ကျိုင်းကြီး ကို မတွေ့ရရင်မနေနိုင်အောင် တမ်းတမ်းစွဲ နေပြီဆိုရင်တော့ ပေါက်ကျိုင်းဖင်ဘူဒိုဇာနဲ့ထယ်ထိုးသလို ဒလကြမ်းဖြစ်နေပါစေ မမူရေးချမမူ.....
(အလကားပြောတာ ကြောက်တယ်)..။။
အခု စာရိုက်နေရင်း မလေး တစ်ယောက်ကို ဒီ ဗွီဒီိယို လေးကို ပြပြီး မေးကြည့်တော့ ကြိမ်ဒဏ် ခံရတဲ့သူ ဟာ မလေးရှားလူမျိုး ဖြစ်ပါတတဲ့ဗျာ.. မလေးရှားကြိမ်ဒဏ်ပါဘဲ ..အမေနဲ့သမီး ကို မုဒိန်းကျင့်လို့ပါတဲ့ ခင်ဗျား.။ နားချိန်မရှိ ၁၆ ချက်တိတိ ကြိမ်ဒဏ်ပါတဲ့..။

Monday, February 15, 2010

တတိုင်းကြီး ခြား...

Friday, February 12, 2010

အင်တာနက် ကနေ နိုင်ငံပေါင်း ၄၀ ကို ဖုန်းဖရီး ခေါ်ရအောင်...

ကဲ ..ဘော်ဒီဘော်ချက်တို့ရေ... အကောင့်တစ်ခုလုပ်ထားရင် တစ်နေ့ကို ၆ မိနစ် ခေါ်လို့ရပါတယ်။ totally free ပါ။ တကယ်လို့ အကောင့် ၅ ခုလောက်လုပ်ထားမယ်ဆိုရင် တစ်နေ့ကို နာရီဝက် ပြောလို့ရမှာပါ။ နိုင်ငံပေါင်းက ၄၀ ပါ။ သူက ကုမ္ပဏီတွေကနေ sponser ပေးတာပါ။ ဖုန်းခေါ်လိုက်ရင် ခေါ်မပေးခင်
စက္ကန့် ၂၀လောက် ကြော်ငြာလာပါတယ်ပီးရင် ခေါ်ပေးပါတယ်။ ကျွန်တော်ခေါ်ကြည့်တာတော့ အသံလဲတော်တော်ကြည်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ အရင် Join ကိုသွားပါ။ အဲဒီမှာလိုအပ်တာတွေဖြည့်ပါ။ ပြိးရင် submitလုပ်ပါ။ ပြီးရင် tuitalkerကိုဒေါင်း ပြီး install လုပ်ပါ။ အီးမေးကိုသွားပြီး Activate လုပ်ပါ။
အဲဒီမှာ password ပေးဖို့ပေါ်လာပါလိမ့်မယ် password ပေးပါ။ ပြီးရင် myprofile ကိုသွားပြီး extended profile လုပ်ပါ မလုပ်ရင် ၃မိနစ်ပဲရပါတယ်။ အဲဒါလုပ်ပြီးရင် tuitalker မှာ
sign in ၀င်ပြီး ခေါ်လို့ရပါပြီ။
ဝက်ဆိုက်...    http://www.tuitalk.com/ ...ပါ မလေးရှားကော ရတယ်ဗျနော်...

Thursday, February 11, 2010

ရာဝင်အိုးမှာ ...ဖားပျံကပ်သလို....

ဒီနေ့ ကျွန်တော် မောင်ပေါက်ကျိုင်း ပျင်းပျင်းရှိတာနဲ့ ကိုပီတာ ရဲ့ လင့်ဆီကို ၀င်မွှေတဲ့အခါ ထူးထူးဆန်းကြယ် စာလေးတွေ တွေ့ရသဗျ အဲဒီထဲမှာ ကိုကျောက် အတွက်ဆိုပြီး အသားများမှကြိုက်တဲ့ ဘကျောက်အတွက်  ပုံတွေတွေ့တော့ ..လားလား..
အချစ်မှာမျက်စိ မပါ ဆိုသလိုဘဲ ..အနော် မောင်ပေါက်ကျိုင်းလဲ အဲသဟာ တထွေးတပိုက်ဆင်ဝင်ကြီးကို မောင်ပေါက်ကျိုင်းတို့ တောင်ကြီး က ၂ပိသာ လေးတဲ့ ဂွမ်းစောင်ထူထူကြီး ပြေးပြေးမြင်ပြီး ရွှေဘောတော်ကျမိသဗျာ..။
ကိုပီတာ ဆီကိုသာ သွားကြည့်ဗျို့..အဲဒီမှာ မမ၀၀ တစ်ယောက် ကြောင့်သူ့ရဲ့ရည်းစား ဂန့် သွားတဲ့ ဗွီဒီယို လင့် ကလေးလဲ ပါသေးသဗျ...။

Tuesday, February 9, 2010

တို့ရဲ့ရွှေနိုင်ငံလဲ ဒီလိုဖြစ်ကာနီးပြီလား..


“ဇင်ဘာဘွေ”တဲ့။ သိတဲ့ အတိုင်းပဲ။ ငွေကြေးဖောင်းပွတဲ့ နေရာမှာတော့ ဘယ်သူမှ မယှဉ်နိုင်ဘူး။ အထူးသဖြင့် ဒီပြဿနာတွေက အားလုံးသိတဲ့အတိုင်းပဲ သမ္မတ“မူဂါဘီ”လက်ထက်မှာ ပေါ်ခဲ့တာတာပါ။ ဇင်ဘာဘွေနိုင်ငံသား ဘီလီယံနာတွေအဖို့ ကိုယ့်ရပ်ကွက် ကိုယ်တောင် ပေါင်မုန့်တလုံးစီ လောက်ငအောင် မကျွေးနိုင်တဲ့ ဘ၀ကို ရောက်နေပါတယ်။ ဒီတော့ အတိုက်အခံတွေက ငွေစက္ကူတွေကို တစစီဆက်၊ ပိုစတာလိုဖြစ်အောင်လုပ်ပြီး သရော်ပါသတဲ့။


သွေး..

“သင့်သွေးဖြင့် အသက်ကယ်ပါ” ။“ သွေးတစ်စက်၊ အသက်တစ်ချောင်း” ဆိုတဲ့  အတိုင်း တန်ဖိုးရှိလှတဲ့  ဒီသွေး ။ “ကိုယ့်သွေး ကိုယ့်သား” ဆိုတဲ့ စကားအရတော့ ကိုယ့်ဖက်ကိုယ်တွေး ၊ အရေးပေး သလို၊ အဓိပ္ပါယ် အမျိုးမျိုး ပေးဆောင်နိုင်တဲ့  ဒီသွေး ။ “ ဇာတိသွေး ဇာတိမာန် ” ၊ အရေးကြီးက သွေးစည်းကြ ” ဆိုပြီး ကိုယ့်လူမျိုး ဘာသာ သာသနာ ကို လှုံ့ ဆော်ပေးနိုင်တဲ့ ဒီသွေး ။ဘယ်လိုပဲ ပြော ပြော သွေး က အရေးကြီးလှသည် ။ မလိုအပ်ပဲ မြေကျ ခဲ့ရသည့် သွေးများ အတွက် အလွန် ကြေကွဲ နှမြော စရာ ကောင်းလှသည် ။ဆရာမကြီး ဂျာနယ်ကျော် (ဒေါ်) မမလေး ရဲ့  “ သွေး ” ဝတ္တုကြီးကဲ့သို့  ဇာတ်လမ်း တပုဒ်ကိုလည်း အမှတ်ရမိပါသေးသည် ။ သွေးအကြောင်းပြောရလျှင် ကိုယ့်အရေး ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး မှစ၍ အလွန်ပဲ ကျယ်ပြန့် သွားနိုင်ပါသည် ။ ဒီတော့ အသက်ကယ်မည့်  သွေး ရဲ့  အရေးကြီးပုံ နှင့် သွေးလှူခြင်း အကြောင်း ကိုသာ ပြော ပါမည် ။...

လူတဦး၏ကိုယ်ခန္ဓာအတွင်း လှည့်ပတ် စီးဆင်းနေသော သွေးပမာဏမှာ ၅လီတာ မျှရှိသည် ။မိမိကိုယ်ခန္ဓာ အလေးချိန်၏ ၈ % မျှ ဟု အကြမ်းဖြင်း တွက်ယူနိုင်ပါသည်။
သွေး အုပ်စု အမျိုးအစား ။
အဓိက ၄ မျိုး ရှိပါသည် ။ A , B ,AB , O ( အေ ။ ဘီ ၊ အေဘီ နှင့် အို ) စသည်တို့ ဖြစ်ပြီး ၊ ၄င်းတို့ ကို မျောက်သွေး ခေါ် Rh ( Rhesus) အမျိုးအစား + / - နှင့် တွဲပြီး ဖေါ်ပြရသည် ။

သွေး၏ လုပ်ငန်းတာဝန်များနှင့် အရေးကြီးပုံ ။
သွေးထဲတွင်
(၁) သွေးနီဥ( Red Blood Cell ) ၊
(၂) သွေးဖြူဥ(White Blood Cell ) ။
(၃) သွေးဥမွှား( Platelet ) ။
(၄) သွေးရည်ကြည် ( Plasma) စသဖြင့်ပါဝင်သည် ။
၎င်းတို့ တွင် အရေးကြီး တာဝန်ကိုယ်စီ ရှိကြသည်။
သွေးထဲတွင် ခန္ဓာကိုယ် ဇီဝကမ္မ လုပ်ငန်းများအတွက် လိုအပ်သော အောက်စီဂျင်နှင့် အာဟာရ ဓါတ်များကို သယ်ဆောင်ပေးသည်။ မလိုအပ်တော့သော ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်သည့် သွေးညစ် နှင့် လိုအပ်သော အောက်စီဂျင် ဓါတ် ပါသည့် သွေးသန့်  ကို အဆုပ်ထဲတွင်လဲလှယ်ပေးသည်။မလိုအပ်သော အညစ်အကြေး အဆိပ်အတောက်များကို အသည်းနှင့် ကျောက်ကပ်တို့ မှ စွန့် ပစ်စေနိုင်ရန် သယ်ဆောင်ပေးသည်။

(၁) သွေးနီဥမှာ သွေးပမာဏ ၏ ၄၀ % ရှိပြီး သက်တမ်း ၁၂၀ ရက်ထိ ကြာအောင်ရှင်သန်နိုင်သည် ။ သွေးနီဥထဲရှိ ဟေမိုဂလိုဘင် ကိုကြည့်ပြီး (အကြမ်းအားဖြင့်) သွေးအားနည်းခြင်း ( Anemia) ရှိ မရှိ ဆုံးဖြတ်နိုင်သည် ၊ သွေးအားနည်းခြင်းမှာ သွေးပေါင်ချိန် နည်းခြင်း နှင့်မတူပါ။ပုံမှန်လူ တဦးအတွက် ဟေမိုဂလိုဘင်မှာ (ကျား)13.6 - 17.7 g/dl နှင့် (မ) 12.0-15.0 g/dl အတွင်း ရှိသည် ။
( ဓါတ်ခွဲခန်း နှင့် အသုံးပြုသော ဆေးရည် ပေါ်တည်၍ အနည်းငယ် ကွဲပြားသတ်မှတ်ချက်များ ရှိကြသည် ။)

(၂) သွေးဖြူဥ မှာ အရွယ် အစား အကြီးဆုံး ဖြစ်ပြီး သက်တမ်းမှာတော့ တိုသည် ။ ရက်သတ္တ တပါတ် မျှသာ ရှိသည် ။သွေးဖြူဥ အမျိုးအစား ၅မျိုးရှိပြီး သူတို့ ၏တာဝန်မှာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ထုတ်ပေးသည် ။သွေးတစက်တွင် သွေးဖြူဥဆဲလ် ပေါင်း ၇ ထောင်မှ ၂သောင်းခွဲမျှ ရှိသည် ။ ယူနစ်နှင့်ပြပါက 4000~10000 /microL (မိုက်ခရိုလီတာ) အတွင်းရှိသည်။ရောဂါပိုးများအား ခုခံတိုက်ဖျက်နေရချိန်တွင် သူ၏ပမာဏများပြားလာသည် ။ wbc leukocytosis ဟုခေါ်ပြီး သွေးဆိပ်တက်ခြင်း( Septicemia , Sepsis )ကို သွေးဖြူဥ အဆမတန် များပြားနေခြင်းဖြင့် သိနိုင်သည် ။

(၃) သွေးဥမွှား မှာ အသေးငယ်ဆုံး သွေးဆဲလ် များဖြစ်ပြီး သွေးပမာဏ၏ ၅% မှ ၇ % ရှိသည် ။၎င်း သည် ကိုယ်ခန္ဓာတွင် ထိခိုက်ပြီး သွေးထွက် သောအခါ မှာ ဒါဏ်ရာ၌ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးသည် ။ ပုံမှန် ပမာဏမှာ တစ်မီလီမီတာ ကုဗ အတွက် သွေးဥမွှား အရေအတွက် ၁သိန်းခွဲမှ ၄ သိန်း အထိရှိသည် ။

(၄) သွေးရည်ကြည် မှာ အ၀ါရောင်ဖျော့ဖျော့ အရည် ဖြစ်ပြီး စေးကပ်ကပ်ရှိသည် ။ သွေးပမာဏ ၏ ၅၅ %ဖြစ်ပီး ရေဓါတ်၊ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟော်မုန်းဓါတ်များ ပေါင်းစပ် ပါဝင်သည် ။ သွေးရည်ကြည်၏ ၉၅ %မှာ ရေဓါတ် ဖြစ်ပြီး ကျန် ၅ % မှာ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟိုမုန်းဓါတ် များဖြစ်သည် ။ ထို့ ကြောင့် ၄င်းသည် သွေးပေါင်ချိန်အား ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားအတွက် လည်း အရေးကြီးသည် ။
သွေးလှူရှင်များ လှူဒါန်းသောသွေးများကို သွေးလှူဘဏ်တွင် စနစ်တကျ ဓါတ်ခွဲခြင်း၊ ကူးစက် ရောဂါ များ ပါ မပါ စမ်းသပ်ခြင်း လုပ်ရသည် ။ ထို သွေး တချို့ အား နဂိုသွေး( whole blood ) အတိုင်း ထားပြီး ၊ အချို့ အား သွေးနီဥ ၊သွေးဖြူဥ ။ သွေးဥမွှား၊ သွေးရည်ကြည် တို့ အဖြစ် သပ်သပ်စီ ခွဲခြား ကာ သတ်မှတ်ထားသည့် အပူချိန် ၌ သိုလှောင်သိမ်းဆည်း ထားပြီး ၊ သက်တမ်းမကုန်ဆုံးမီ အတွင်း လိုအပ်သော လူနာများထံ ပေးပို့ ရသည်။
- သွေးနီဥကို သာမာန်အခြေအနေတွင် ၄၂ ရက်တိတိ သိုလှောင်ထား၍ ရသည်။
- Cryopreservation နည်းဖြင့် အေးခဲထားသော သွေးနီဥ (Frozen RBC) များအား အများဆုံး ၁၀ နှစ်ကြာမျှ သိမ်းဆည်းထားနိုင်ပါသည် ။
- သွေးဥမွှား မှာ ကြာရှည် အသိမ်းမခံပဲ ၅ ရက်အတွင်း အသုံးပြုရသည် ။ သွေးဥမွှား အလွန်နည်းပါးစေသော သွေးကင်ဆာနဲ့ အသည်းကင်ဆာရောဂါ အသည်းခြောက်ရောဂါများအတွက် အသုံးပြုပါသည် ။
- အေးခဲထားသော သွေးရည်ကြည် ( Fresh Frozen Plasma ) အား ၁ နှစ်တိတိ သိုလှောင် ထား နိုင်ပါသည် ။

မည်သူတွေ သွေးလှူနိုင်သလည်း ။
ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါ မရှိသော သူတိုင်း သွေးလှူ နိုင်ပါသည် ။အခြေခံ သတ်မှတ်ချက် တချို့ တော့ ရှိပါသည် ။
သွေးလှူ သူ (Donar) နှင့် သွေးလက်ခံသူ( Recipient ) တိုင်းကို သွေးလှူခြင်း ၊သွေးသွင်းခြင်းမပြုမီ စမ်းသပ်စစ်ဆေးရပါသည် ။
သွေးလှူမည့်သူတိုင်းအား သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် ၊ ကိုယ်အပူချိန်၊ အသက်ရှုမှု ၊ နှလုံးခုန်မှု ၊တိုင်းထွာစမ်းသပ်ရသည် ။ သတ်မှတ်စံညွန်း မပြည့်က သွေးမလှုနိုင်ပါ ။
-အသက်အရွယ်အားဖြင့် ၁၇ နှစ်ပြည့်ပြီးသား မှ အသက် ၆၀ အရွယ်ထိ ၊
-ကိုယ်ခန္ဓာ အလေးချိန် ၄၅ ကီလိုဂရမ် (၁၁၀ ပေါင် )အထက်ရှိ သူများ။
-သွေးပေါင်ချိန် ၁၁၀/၆၀ မှ ၁၆၀/၉၀ အတွင်းရှိသူများ ဖြစ် ရပါမည် ။
-ကူးစက်ရောဂါများ ဆိုသည်မှာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး ၊ HIV ပိုး ။ကာလသားရောဂါ ( ဆစ်ဖလစ် ပိုး) ၊ ငှက်ဖျားပိုး အစရှိသည်များကို အဓိကထားပြီး ကင်းရှင်းသူများမှသာ သွေးလှူသင့်သည် ။
အချို့ နိုင်ငံများတွင် နိုင်ငံအလိုက် တွေ့ ရှိရသော ကူးစက်ရောဂါ များ ကိုလည်း သွေးမလှူသင့်သော အမျိုးအစားထဲတွင် ထဲ့သွင်းသတ်မှတ်ထားပါသည် ။ ဥပမာ ဥရောပ နိုင်ငံ UK တွင် bovine spongiform encephalopathy (BSE, နွားရူးရောဂါ ပိုးတမျိုးကြောင့်ဖြစ်သော ဦးနှောက် ပိုးဝင်ခြင်း ရောဂါ )အပါအဝင် variant Creutzfeldt-Jakob Disease (vCJD) ရောဂါ ရှိသူများ သွေးမလှူရပါ ။
-ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးအချို့ ထိုးထားသူများ သွေးမလှူ ရပါ ။ ဥပမာ ၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး (HBV vaccine ၊ Engerix-B,Recombivax HB စသည်တို့ ) ထိုးထားသူများ ၂ပါတ် အတွင်း သွေးမလှူရပါ ။ ဝက်သက် ၊ပါးချိတ်ယောင် ၊ဂျာမန်ဝက်သက် [ Measles, Mumps, Rubella (MMR) ] ကာကွယ်ဆေး ထိုးထားသူများ တစ်လ အတွင်း သွေးမလှူရပါ ။

သွေးလှူရန် ကြောက်နေကြပါသလား ။
သွေးလှူ ရန် မဝန့် မရဲ ဖြစ်နေသူများ အတွက် အောက်ပါ အကြောင်းအရာများ ကို ဆက်လက် ဖတ်ရှူခြင်းဖြင့် သံသယများကို ရှင်းလင်းနိုင်ပါသည် ။

*- သွေးလှူခြင်းဖြင့် အလှူရှင်အား ရောဂါများ ကူးစက်ဝင်ရောက်မှု မရှိနိုင်ပါ ။ အကြောင်းမှာ ပိုးကင်းစင်သော တခါသုံးအပ်များ အသုံးပြု ပြီး သွေးကိုထုတ်ယူခြင်း ၊သွေးဖေါက်မည့် နေရာတဝိုက်ကို ပိုးသတ်ဆေးဖြင့် စနစ်တကျ ဆေးကြော ပြီးမှ သွေးဖေါက်ယူခြင်း တို့ ကြောင့်ဖြစ်သည်။

*- သွေးလှူခြင်းကြောင့် နေထိုင်မကောင်း မအီမလည်ဖြစ်ခြင်း မရှိပါ ။ အကြောင်းမှာ သွေးမလှူမီ ထိုသူ၏ သွေးပေါင်၊ နှလုံးခုန်မှု ၊ အပူချိန် တက်မှု ၊ အစရှိသည်တို့ ကို စစ်ဆေးပြီး သင့်တော်မှသာ သွေးလှူစေပါသည်။ ချွင်းချက် အဖြစ် -အချို့ သူများ သွေးလှူအပြီး သွေးပေါင်ချိန် အနည်းငယ်ကျခြင်း ။ မူးဝေခြင်းများရှိတတ်သည် ။ သို့ ဖြစ်ပါ၍ သွေးလှူပြီး ပြီးချင်း လျှင်မြန်စွာ မတ်တပ်ရပ်ခြင်း မပြုပဲ အချိန်အနည်းငယ်မျှ လဲလျှောင်း အနားယူသင့်သည် ၊

*-တကြိမ်တွင် သွေးပမာဏ များပြားစွာ ဖေါက်ယူခြင်းမရှိပါ ။
သွေးပေးလှူခြင်းမှာ တကြိမ်တွင် ၂၅၀ မှ ၃၀၀ မီလီ လီတာ(စီစီ) မျှသာ ထုတ်ယူခြင်းဖြစ်ပါသည် ၊ အနောက်နိုင်ငံများ၏ စံညွန်းဖြစ်ပြီး တချို့ နိုင်ငံများတွင်တော့ ကိုယ် အလေးချိန်ပေါ်တည်ပြီး ၄၀၀ စီစီ အထိ ထုတ်ယူကြပါသည် ။
သွေးတအိတ်တွင် ၅၀၀ စီစီ ရှိသည်ဆိုသော်လည်း၊ ၇၀ မှ ၁၀၀ စီစီ မှာ သွေးမခဲဆေး ဖြစ်သော ဆေးရည် ( Trisodium citrate, Citrate Phosphate Dextrose (CPD) anticoagulant ) ထဲ့ သွင်းထားခြင်းဖြစ်၍ လိုအပ်သော သွေးပမာဏမှာ ၄၀၀ စီစီ မျှသာ ဖြစ်ပါသည် ။ ပုံမှန်လူတဦးအတွက် ၄င်းသွေးပမာဏအား ရက် အနည်းငယ် အတွင်း ခန္ဓာကိုယ် ရိုးတွင်းခြင်ဆီ မှအလိုအလျှောက် ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။
သွေးရည်ကြည် ကို ၂ ရက်မှ ၃ ရက်အတွင်း ၊ သွေးနီဥကို ၂၅ ရက်မှ ၅၉ ရက်အတွင်း ပြန်လည်ဖြည့်ဆည်း ပေးနိုင်ပါသည်။

*-သွေးဖေါက် ရာတွင် အလွန် အမင်း နာကျင် မည်လား ။
သွေးထုတ်ယူသော အပ်မှာ 18 gauge အရွယ်အစားဖြစ်ပြီး သာမန် ဆေးထိုးအပ်ထက် အနည်းငယ် ပို၍ ကြီးပါသည် ။ သို့ အတွက် ပိုပြီး နာကျင်မည်တော့ မဟုတ်ပါ ။ သွေးလိုအပ်နေသော လူမမာ များ၏ ဝေဒနာ နှင့်စာလျှင် မပြောပလောက်ပါ ။ ကျောက်ကပ်ဆေးနေရသော လူမမာများမှာ တပါတ်လျှင် ၃ ကြိမ် ၊ ၁ကြိမ်မှာ ထိုထက်ကြီးသော အပ် 16 gauge ဖြင့် ၂ နေရာတွင် အဖေါက်ခံပြီး ကုသမှုခံယူနေကြရပါသည် ။ အချို့ သွေးရောဂါသည်များ ၊ ကင်ဆာရောဂါသည် များမှာလည်း ထိုအပ်ကြီးများဖြင့် မကြာခဏ ထိုးဆွခြင်း ခံယူနေကြရပါသည်။ ဤသို့  စာနာကြည့်ခြင်းဖြင့် သင့်နာကျင်မှုကို လျှော့နည်းစေပါမည် ။ သွေးလိုနေသူများ၏ အသက်ကို သင် ကယ်တင်နိုင်လိုက်ပြီဟု ဝမ်းမြောက်စိတ်ပွားခြင်းဖြင့်လည်း နာကျင်မှု နည်းပါးစေနိုင်ပါသည်။

*- သွေးလှူခြင်းဖြင့် အလွန် ဝ လာမည်လား ။
သွေးလှူခြင်းသက်သက် ကြောင့်တော့ ဝ ခြင်းမဖြစ်ပါ ။ သွေးလှူပြီးနောက် အစာအဟာရ အထူးတလည် ဖြည့်တင်းပေးရန်မလိုပါ ။ ပုံမှန်အတိုင်း သင့်တင့်စွာ စားရုံ ဖြင့် လုံလောက်ပါသည် ။ သွေးလှူပြီးနောက် ပို၍ပင် ပေါ့ပါးလန်းဆန်းပြီး နေထိုင်ကောင်းသည် ဟုပင် သွေးလှူဖူးသူများက ပြောကြသည်။

*- ဘယ်လောက်ကြာလျှင် နောက်ထပ်တကြိမ် သွေး လှူနိုင်မည်လည်း ။
နိုင်ငံများ၏ ကျန်းမာရေး ဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက် အနည်းငယ် ကွဲပြားနိုင်ပါသည် ။ အကြမ်းအားဖြင့်ဆိုရလျှင်..
Whole Blood လှူသူများ အနည်းဆုံး ၅၆ ရက်ခြားလျှင် နောက်တကြိမ် လှူနိုင်သည် ။
Plasma သွေးရည်ကြည် လှူသူများ ၄၈ နာရီ ခြားပြီး နောက်ထပ်တကြိမ် လှူနိုင်သည်။ ( တပါတ်လျှင် ၂ကြိမ်မျှ လှူနိုင်သည်။ )။
သွေးဥမွှား Platelet လှူသူများ တစ်နှစ်လျှင် အများဆုံး ၂၄ ကြိမ် ထိ လှူနိုင်ပါသည် ။( တစ်လ လျှင် ၂ ကြိမ် နှုန်း ထိ)

***သို့ ပါ၍ သွေးလှူ ခြင်းအား ကြောက်စရာ မလိုပါ ***

http://www.kiki-idiotlove.com/....မှ


သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

လာလည်တဲ့ သူငယ်ချင်းများအားလုံး ဗဟုသုတအဖြစ်တော့ ဖတ်သွားကြပါနော်။ ဒီလိုအဖြစ်အပျက်မျိုး သွားရင်းလာရင်း တွေ့ကြုံခဲ့ကြရင်..

 မွန်မြတ်တဲ့ ကူညီမှုမျိုးပါ သူတစ်ပါးကို အကျိုးပြုနိုင်တာပေါ့။ ရောဂါဘယ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။
(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို
ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက်
ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်
သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း
လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့်
ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို
ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.)
သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။
> လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ
ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု
လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော
တရုတ်ရိုးရာဆေးကျမ်း
မှ
တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။

ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး

၂၀၀၆ မှာ အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယားက ကင်ဂျုံအီးအစိုးရနဲ့ ကြပ်ပြေးနအဖဟာ အသွင်တူကြတယ်။ အာဏာရှင်အစိုးရဖြစ်လို့ အတိုက်အခံမှန်သမျှကို အပြတ်ရှင်းပစ်တယ်။ ဆင်းရဲမွဲတေတဲ့ တိုင်းသူပြည်သားကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကို မရရအောင် အတင်းလုပ်တဲ့နေရာမှာလည်း အသွင်တူကြတယ်။ ငတ်သေတဲ့ မြောက်ကိုရီးယားနိုင်ငံသား (၃) သန်းလောက်ရှိနေပြီ။ လူဦးရေ (၂၂) သန်းမှာ (၆) သန်းဟာ နိုင်ငံခြားထောက်ပံ့တဲ့ ရိက္ခာကို မှီခိုနေရတယ်ဆိုပဲ။ ဆန်ပေါတဲ့ မြန်မာပြည်မှာ ငတ်သေတဲ့ သတင်းတော့ မကြားရသေးဘူး။ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်မှာခိုလှုံတဲ့ ကိုရီးယားတွေ အများကြီး ရှိပေမယ့် မြန်မာပြည်မှ ထွက်ပြေးသူက ပိုများတယ်။ လျှပ်စစ်ဓာတ်အားမရလို့ စက်ရုံတွေ မလည်ပတ်နိုင်သလို ဆေးရုံတွေမှာ ဆေးမရှိလို့ မကုပေးနိုင်တာလည်းတူတယ်။

မြန်မာပြည်သားတွေ ဆင်းရဲမွဲတေနေပေမယ့် နအဖစစ်အုပ်စုဟာ ပျဉ်းမနားကြပ်ပြေးမှာ မြို့တော်တည်ဆောက်ပြီး ရာသက်ပန် စည်းစိမ်ခံဖို့ နည်းမျိုးစုံကြိုးပမ်းနေတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ဟာ တရုတ်ရဲ့ အမှုသည်နိုင်ငံတွေပဲ။ အမှုသည် (၃) ဦးထဲမှာ (၂) ဦးဟာ အဏုမြူလက်နက်ပိုက်ရှင် ဖြစ်သွားပါပြီ။ စစ်အာဏာရှင်ကြီးစိုးတဲ့ ပါကစ္စတန်ဟာ အဏုမြူလက်နက်ရှိလို့ ကမ္ဘာမှာ သိက္ခာတက်လာပြီး အင်အားကြီးနိုင်ငံတွေက လေးစားလာတာလို့ ကင်ဂျုံအီးအုပ်စုက ယူဆပုံရတယ်။ အပယ်ခံဖြစ်နေတဲ့ မြန်မာစစ်အုပ်စုကလည်း မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ကို အားကျနိုင်တယ်။ စီးပွားပျက်နေတဲ့ မြောက်ကိုရီးယားဟာ အဏုမြူအတတ်ပညာကို ဈေးပေါပေါနဲ့ ရောင်းစားနိုင်တယ်။ ဒုံးပျံအတတ်ပညာ ရောင်းစားရာမှာ နာမည်ကြီးတဲ့ မြောက်ကိုရီးယားဟာ ရှိသမျှလက်နက်ပစ္စည်းကို ရောင်းစားဖို့ ၀န်လေးမှာမဟုတ်ပါ။ ရုရှ၊ တရုတ်နဲ့ ပုံစံတူတဲ့ မြောက်ကိုရီးယားလက်နက်ကို မြန်မာစစ်တပ်က သုံးနေတာကြာပါပြီ။
နောက်ပြီးတော့ (၁၀) မီဂါဝပ်ရှိတဲ့ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြပ်ပြေးအုပ်စုက ကြိုးပမ်းနေတယ်။ ဒီကိစ္စမှာ ရုရှအကူအညီသာမကဘဲ မြောက်ကိုရီးယားအကူအညီကိုလည်း ရယူနေတယ်လို့ သတင်းထွက်နေတာ ကြာပြီ။ (၁၀) မီဂါဝပ် ဓာတ်ပေါင်းဖိုဟာ အဏုမြူလက်နက် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ plutonium ကို ထုတ်လုပ်နိုင်တာမို့ ရေရှည်မှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတောအတွင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားစစ်ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၀၈ နိုဝင်ဘာ (၂၂) ရက်က (၂၉) ရက်အထိ ပြုံယမ်းမှာ လေ့လာခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းဓာတ်ပုံတွေ၊ ဂြိုဟ်တုက ရိုက်ထားတဲ့ မြေပုံတွေ ထွက်လာလို့ ကြပ်ပြေးအုပ်စုမှာ အဏုမြူပစ္စည်းရှိတယ်လို့ သင်္ကာမကင်းဖြစ်လာကြတယ်။ ကင်ဂျုံအီးအုပ်စုကို ဆရာတင်မလို့ ဟန်ပြင်နေတုန်း မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း၊ အဏုမြူပစ္စည်းတွေ အရောင်းအ၀ယ်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို လုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ၂၀၀၉ မှာ ချမှတ်လိုက်တော့ ကြပ်ပြေးအုပ်စု အခက်တွေ့သွားတာပေါ့။ ဒါကြောင့် လက်နက်ပစ္စည်းတင်ထားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မြန်မာပြည်ဘက် ဦးတည်သွားပြီးကာမှ အမေရိကန်ဖျက်သင်္ဘောက စောင့်ကြည့်နေလို့ မြောက်ကိုရီးယားကို ပြန်သွားရတယ်။
အခုတော့ မီဒီယာတွေမှာဖော်ပြတဲ့ ကြပ်ပြေးအဏုမြူသတင်းတွေဟာ မခိုင်လုံဘူးလို့ ၀ါရှင်တန်အခြေစိုက် သိပ္ပံနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံမှုလေ့လာရေးဌာန (ISIS-Institute of Science and International Security) ဇန်န၀ါရီ (၂၈) ရက်ထုတ် စာတမ်းမှာ ကျွမ်းကျင်သူ (၄) ဦးက ရေးသားဖော်ပြတယ်။ ဒါပေမယ့် ကြပ်ပြေးအုပ်စု ၀ယ်ယူနေတဲ့ အဆင့်မြင့် အတတ်ပညာသုံး ပစ္စည်းတွေကိုကြည့်ရင် သင်္ကာမကင်းဖြစ်တာ မဆန်းဘူးလို့ ဆိုတယ်။ အဏုမြူဓာတ်ပေါင်းဖို မတည်ဆောက်ရသေးဘူးလို့ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ (IAEA) ညီလာခံတက်တဲ့ ကြပ်ပြေးကိုယ်စားလှယ် ဦးတင်ဝင်းက ၂၀၀၉ စက်တင်ဘာက ပြောသွားတယ်။ အမေရိကန်ဆီးနိတ် လွှတ်တော်အမတ် Jim Webb ၂၀၀၉ သြဂုတ်လ မြန်မာပြည်သွားတုန်းကလည်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း မြန်မာစစ်အစိုးရက ပြောတယ်တဲ့။
ဒါပေမယ့် ကြပ်ပြေးအုပ်စုဟာ မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူနေတဲ့အတွက် ဒီအထဲမှာ အဏုမြူစွမ်းအား ထုတ်လုပ်မှုနဲ့ပတ်သက်နေတဲ့ပစ္စည်းများ ပါနေသလားဆိုပြီး သံသယဖြစ်ကြတယ်။ လုံခြုံရေးကောင်စီက မဆက်ဆံဖို့ ပိတ်ပင် ထားတဲ့ မြောက်ကိုရီးယား နမ်ချုံဂိုဏ်းကုမ္ပဏီ (Namchongang) နဲ့ ကြပ်ပြေးတွေ အဆက်အသွယ်ရှိနေတာဟာလည်း မသင်္ကာစရာပါပဲ။ ဆီးရီးယားရဲ့ အဏုမြူဓာတ်ပေါင်းဖို လျှို့ဝှက်တည်ဆောက်ရာမှာ နမ်ချုံဂိုဏ်းကုမ္ပဏီဟာ အဓိကအခန်းက ပါဝင်ခဲ့တာမို့ နေရာတကာမှာ လျှို့ဝှက်တတ်တဲ့ ကြပ်ပြေးအုပ်စုကို မသင်္ကာကြတာပါပဲ။
အဏုမြူလက်နက်ဆောင်ထားဖို့ မရည်ရွယ်ဘူးလို့ ပြောတဲ့ ကြပ်ပြေးအုပ်စုဟာ ခေတ်မီအဆင့်မြင့် သိပ္ပနဲ့ အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းတွေကို ၀ယ်ယူစုဆောင်းနေတာ တွေ့ရတယ်တဲ့။ ဒါပေမယ့် ကြပ်ပြေးအစိုးရဟာ တဦးတည်း အဏုမြူစီမံကိန်းကို အကောင်အထည် မဖော်နိုင်ပါဘူး။ လိုအပ်တဲ့ အဏုမြူအတတ်ပညာ၊ ပစ္စည်းကိရိယာနဲ့ အခြေခံအဆောက်အအုံအားလုံး နိုင်ငံခြားကို မှီခိုနေရပါတယ်။ ဒါကြောင့် အဆင့်မြင့်ပစ္စည်းတွေ ၀ယ်ယူတာဟာ မြောက်ကိုရီးယားအတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဥပမာ ဂျပန်အစိုးရခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ Magnetometer ကို ခွင့်ပြုချက်မယူဘဲ မြန်မာပြည်ကို တင်ပို့ဖို့ ကြိုးစားတဲ့ ဂျပန် (၂) ဦးနဲ့ မြောက်ကိုရီးယား (၁) ဦး ၂၀၀၉ ဇွန်လ ဂျပန်မှာ အဖမ်းခံရတယ်။ ဒီစက်ပစ္စည်းဟာ ရှေးဟောင်းသုတေသနလုပ်ငန်းနဲ့ ဘူမိရူပလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ဒုံးလက်နက် ပစ်ခတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ကြောင်း သိရတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံသားကို ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်နဲ့ ဒေါ်လာ (၆၇,၀၀၀) ဒဏ်ရိုက်တယ်။ အဏုမြူလက်နက်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ တင်ပို့ဖို့ ကြိုးပမ်းတာပဲလို့ တရားသူကြီးက စီရင်ချက်ချတယ်။
ဒီလိုအရပ်ဘက်ရော စစ်ဘက်ပါသုံးလို့ရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို မြန်မာအစိုးရ သိပ္ပံနဲ့ အတတ်ပညာဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာနတခုက ဂျာမဏီနဲ့ ဆွစ်ဇာလန်မှာ ၀ယ်ယူနေတယ်။ ဒီဌာနကို ခေါင်းဆောင်သူဟာ နအဖအဏုမြူ စွမ်းအင်ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ကိုကိုဦးဆိုသူဖြစ်တယ်။ ဒီဌာန (၂) ခုစလုံး ကြပ်ပြေးကို ပြောင်းသွားပြီ။ မြန်မာပြည်လို အဆင့်နိမ့်လွန်းတဲ့ နိုင်ငံတခုက အဆင့်မြင့်အတတ်ပညာသုံး အဖိုးတန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ၀ယ်ယူနေတာ ဘာသဘောလဲလို့ မေးစရာရှိလာတယ်။ ဒါကြောင့် ကင်ဂျုံအီးတို့လိုချင်တဲ့ အဆင့်မြင့်အတတ်ပညာ ပစ္စည်းတွေကို ကြပ်ပြေးအုပ်စုက ဥရောပမှာ ၀ယ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ သင်္ကာမကင်းဖြစ်လာကြတာပါပဲ။
ISIS လေ့လာရေးဌာနက ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်တဲ့အဆင့်ကို ရောက်နေပြီဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ဆိုတယ်။ ၀ယ်ယူထားတဲ့ ပစ္စည်းတွေဟာ အမျိုးမျိုးသုံးလို့ရတဲ့အတွက် အဏုမြူစီမံကိန်းအတွက်လား လျှို့ဝှက်ဒုံးလက်နက်စနစ်အတွက်လားဆိုတာ ကံသေကံမ မပြောနိုင်သေးဘူးလို့ ဆိုတယ်။ ကြပ်ပြေးသန်းရွှေက အဏုမြူဂျုံအီးကို ကူညီနေတာလား ဒါမှမဟုတ်လည်း ဂျုံအီးက သန်းရွှေကို ကူညီနေတာလား ဆိုတာကိုလည်း မသိနိုင်ဘူးလို့ဆိုတယ်။
ဒါကြောင့်မို့ တရုတ်ရော ရုရှပါ ထောက်ခံသဘောတူထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို ကျပ်ကျပ်တင်းတင်း အကောင်အထည်ဖော်တဲ့နည်းနဲ့သာ ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီးတို့ရဲ့ ဆက်ဆံရေးကို စောင့်ကြည့်ဖို့လိုအပ်ကြောင်း ၀ါရှင်တန်အခြေစိုက် ISIS လေ့လာရေးဌာနက အဏုမြူရေးရာ ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ နိဂုံးကမ္ပတ် အဆုံးသတ်ထားပါတယ်။


ခေတ်ပြိုင်..မှ

ဘ၀ထဲက အမှတ်တရ မြို့ကလေး... ကော့သောင်း..

ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်နှင့် ကလေးအနုပညာရှင် ဒက်ကလန်ဂယ်လ်ဘရိတ်သ်

လက်ရှိကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော ငတ်မွန်ခေါင်းပါးခြင်း၊ ဘေးဒုက္ခများနှင့် အဖြေရှာမရနိုင် ဖြစ်နေရသော အခြေအနေကို စပ်ဆိုထားသည့် ၀မ်းနည်းဖွယ်ရာ သီချင်းတစ်ပုဒ်ကို မိတ်ဆွေတစ်ယောက်ကပေးပို့ လိုက်ရာ သီချင်းသီဆိုထားသော ကလေးငယ်သည်..
 ထိုအချိန်က အသက်(၇)နှစ်ခန့် သာ ရှိသေးသည်ကိုတွေ့ ရသည်။
အဆွဲအငင်နှင့် သံနေသံထားကောင်းမွန်လှသော ဆိုဟန်ကြောင့် ကလေးငယ် ဒက်ကလန်ဂယ်လ်ဘရိတ်သ် သည် သီချင်းစတင်ဆိုသော ပထမတစ်နှစ် အတွင်းမှာပင် ဆုအမျိုးပေါင်း(၁၅)ခုခန့် ရရှိခဲ့ပြီး ငွေသားပေါင် တစ်သိန်းခန့်ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ နာမည်ကျော်ကြားလာသော ဒက်ကလန်ကို သီချင်းထုတ်လုပ်သူများက စင်တင်တေးဂီတဖျော်ဖြေပွဲများတွင် ၀င်ရောက်သီဆိုစေပြီး ဓါတ်ပြားထုတ်လုပ်ရန် စာချူပ်ကမ်းလှမ်းခဲ့ကြသည်။ ဒက်ကလန်သည် ပြည်တွင်း(အင်္ဂလန်)တွင်သာမဟုတ် ပြည်ပနိုင်ငံများတွင်ပါ ကျော်ကြားပြီး အထူးသဖြင့် တရုတ်ပြည်တွင် ကလေးများကို အင်္ဂလိပ်စာသင်ကြားရန် အထောက်အကူပြုအဖြစ် အသုံးများသည်ဟု ဆိုသည်။
ဒက်ကလန်ဂယ်လ်ဘရိတ်သ် ကို ၁၉၉၁ခုနှစ် ဒီဇင်ဘာ(၁၉) ရက်တွင် မွေးဖွားပြီး အဖိုးဖြစ်သူမှာ တီးဝိုင်းတစ်ခုအတွင်း တူရိယာပစ္စည်းအမျိုးမျိုးတီးမှုတ်နိုင် သူဖြစ်သောကြောင့် ဒက်ကလန်၏ အနုပညာစွမ်းရည်သည် မျိုးရိုးဗီဇနှင့် ပါတ်ဝန်းကျင်ဆက်စပ်ကာ ဖွံ့ ဖြိုးတိုးတက်လာသည်ဟု ယူဆရသည်။




မြန်မာ့သူငယ်ချင်းများနေ့မှ..

Monday, February 8, 2010

အလ္လာဟ်ရှင်စဉ်းစားတော်မူလေပြီ..

၂၀၀၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ၊ မလေးရှား မူဆလင်မော်ဒယ် (Kartika Sari Dewi Shukarno) ကာရ်တီကာ ဆာရီဒေဝီ ဆူကာနို (၃၂-နှစ်)သည် ၊ ဘီယာသောက်မှုဖြင့် ဒဏ်ငွေ ရင်းဂစ် ၅ထောင် နှင့် ကြိမ်ဒဏ် ၆ချက် ပြစ်ဒဏ် စီရင် ချမှတ်ခြင်း ခံခဲ့ရသည် ။ ကာရ်တီကာသည် ၊ ၁၉၈၂ ခုနှစ် ပါဟန်အစ္စလာမ် အုပ်ချုပ်ရေးနှင့် မလေး ဓလေ့ထုံးတမ်း ဥပဒေ ပြဋ္ဌာန်းချက် (the Pahang Islamic Administration and Malay Customs Enactment 1982) အခန်း ၁၃၆ အရ စီရင်ခဲ့ခြင်းဖြစ်သည် ....
။မလေးရှားနိုင်ငံ အမျိုးသမီး ၊ မိသားစုနှင့် လူမှုရေးအဖွဲ့အစည်းများ တိုးတက်ရေးဝန်ကြီး ရှာရီဇတ် အဗ်ဒူဂျာရီ (Shahrizat Abdul Jalil) ကမူ “ ဒီပြစ်ဒဏ်ဟာ မလေးရှားရဲ့ ရက်စက်မှုပုံရိပ် (cruel image) ကို မီးမောင်းထိုးပြလိုက်တာပဲ” ဟု သတင်းထောက်များကို ပြောသည် ။
ဝန်ကြီးချုပ် နာဂျစ်ဗ်ရာဇတ် (Najib Razak) ကလည်း ၊ ဒီပြစ်ဒဏ်ကို အယူခံဝင်ဖို့ ကာရ်တီကာကို တိုက်တွန်းလိုက်ပြီး ၊ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရဖို့ အခွင့်အရေးများစွာရှိနေကြောင်း ထုတ်ဖော်ပြောဆိုသည် ။

သို့ရာတွင် ကာရ်တီကာကမူ ၊ အယူခံဝင်ရန် ငြင်းဆန်နေပြီး ၊ “ အဲသည်ပြစ်ဒဏ်ကို ကျမ ခံသွားချင်တယ် ၊ သူတို့ ကျမကို အယူခံဝင်ဖို့ မတောင်းဆိုသင့်ဘူး” ဟု သတင်းထောက်များကို ထုတ်ဖော်ပြောဆိုလိုက်သည် ။ ၄င်းဖြစ်စဉ်သည် မူဆလင်ခေါင်းဆောင်များ ၊ သတင်းဝေဖန်ရေးဆရာများနှင့် မလေးရှားပြည်သူများကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါသည် ။ ကြိမ်ဒဏ်ကျခံရမည်ဆိုလျင်တောင် - ဒဏ်ရာ အကြီးအကျယ်မထင်ကျန်စေရေးနှင့် နာကျင်မှုမရှိစေရေးအတွက် ကြိမ်သေးသေးဖြင့် လျှော့လျှော့ပေါ့ပေါ့ ရိုက်နှက်ရန် စီမံသင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်များလည်း ရှိသည် ။
ကာရ်တီကာသည် ၂၀၀၇-ဒီဇင်္ဘာလအတွင်း ( Eastern Pahang State ) အရှေ့ ပါဟန်ပြည်နယ် ပင်လယ်ကမ်းခြေအပန်းဖြေစခန်း ဟိုတယ် နိုက်ကလာပ် တစ်ခုတွင် ဘီယာသောက်မှုဖြင့် အစ္စလာမ် ဘာသာရေးရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၊ မလေးရှားနိုင်ငံ ရှာယီယာတရားရုံးက သူမအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည် ။
သို့ရာတွင် မလေးရှားအာဏာပိုင်များက သူမ၏ ပြစ်ဒဏ်ကို ရာမဒန် (ဥပုသ်) ကာလကုန်ဆုံးချိန် (စက်တင်္ဘာလလယ်) ထိရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာသည် ။

မလေးရှားနိုင်ငံသည် လူဦးရေ ၂၇ သန်းကျော်ရှိပြီး ၊ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်မှာ မူဆလင်များ ဖြစ်သည် ။ မူဆလင်များသည် ရှာရီယာဥပဒေအရ အရက်သေစာသောက်သုံးခြင်းမှ တားမြစ်ခြင်းခံထားရပြီး ၊ မလိုက်နာပါက ကြိမ်ဒဏ် ၆ ချက် သို့မဟုတ် ထောင်ဒဏ် ၃နှစ်ထိကျခံစေရန် ပြဋ္ဌာန်းထားသည် ။ မူဆလင်မဟုတ်သူ တိုင်းရင်းသား တရုတ် ၊ အန္ဒိယများနှင့် အခြားဘာသာဝင်များ အဖို့မူ အရက်သောက်သုံးခြင်းကို ခွင့်ပြုထားပြီး ၊ ရှာရီယာဥပဒေကိုလည်း လိုက်နာရန်မလိုဘဲ မြို့ပြဆိုင်ရာ ဥပဒေများကိုသာ လိုက်နာကြရသည် ။
မလေးရှားပြည်ထဲရေးဝန်ကြီး ဟီရှာမွတ်ဒင်ဟူစိန် (Hishammuddin Hussein) ကမူ ကြိမ်ဒဏ်ကို မည်သည့်နည်းနှင့်မျှ စီရင်မှာမဟုတ်ကြောင်း ၊ အကျဉ်းဦးစီးဌာနတွင် ရှာရီယာဥပဒေနှင့်အညီ ကြိမ်ရိုက်အပြစ်ပေးရန် ကျွမ်းကျင်သော ဝန်ထမ်းမရှိသေးသောကြောင့်ဟု သတင်းထောက်များကို ပြောသည် ။
အစ္စလာမ် ပညာရှင်များကလည်း ၊ အဆိုပါ ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းရန်နှင့်၊ ပြစ်ဒဏ်ပေးသည့်အခါ ဝတ်စုံပြည့်ဝတ်ဆင်စေပြီး ၊ ရာဇဝတ်မှုများတွင်အသုံးပြုသည့် ကြိမ်ထက် သေးငယ်ပြီး ပိုမိုပေါ့ပါးကာ ပိုမိုတိုသောကြိမ်ကို အသုံးပြုသင့်ကြောင်း ဝေဖန်ပြောဆိုကြသည် ။

အေအိုင်ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကမူ ၊ ရက်စက်ပြီး လူ့ဂုဏ်သိက္ခာ ကျဆင်းစေသည့် ပြစ်ဒဏ် (cruel and degrading punishment) ကို ပယ်ဖျက်ပေးရန် နှင့် အဆိုပါပြစ်ဒဏ်ကို စီရင်ခြင်းမပြုရန် မလေးရှားအစိုးရထံ တိုက်တွန်းလိုက်သည် ။ကြိမ်ဖြင့်ရိုက်ခြင်းသည် ရက်စက်ခြင်း ၊ လူသားမဆန်ခြင်းနှင့် ၊ ဂုဏ်သိက္ခာ ထိခိုက်စေ သည့် ပုံစံ တစ်မျိုးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ ထိုပြစ်ဒဏ်မျိုး မပေးရန် တားမြစ် ထားပါသည် ။
သို့ရာတွင် မစ္စက်စ်ကာရ်တီကာ ဆူကာနို က မူဆလင်များ အရက်သောက်သုံးခြင်းမှ ရှောင်ကျဉ် သင့်ကြောင်း သတင်းပေးနိုင်ရန်အတွက် သူမ၏ ကြိမ်ဒဏ်ကို ပြည်သူ့ရှေ့ မှောက်တွင် ရိုက်နှက် စီရင်ရန် တောင်းဆိုထားသည် ။အဆိုပါအမှုနှင့်ပတ်သက်၍ ကာရ်တီကာ၏ ဖခင်က မူဆလင်များ အရက်မသောက်ရေး သတိပေးရန် ၄င်း၏ သမီးလေးကို အလ္လာဟ်ရှင်က စံပြအဖြစ်ရွေးလိုက်ခြင်းဟု ယုံကြည်ကြောင်း ၊ ထိုညက သူ၏သမီးနှင့်အတူ ဘီယာသောက်သည့် မူဆလင်အများအပြား အဖမ်းခံရသော်လည်း အံသြဖွယ် လွတ်မြောက်သွားကြသည်ဟု မိမိကြားသိရကြောင်း သတင်းထောက်များကို ရယ်ရယ်မောမော ပြောကြားခဲ့သည် ဟုဆိုသည် ။
ယခုအခါ ရာမဒန်ကာလကုန်ဆုံးခဲ့ပြီ ဖြစ်သော်လည်း မစ္စက် ကာရ်တီကာကို ကြိမ်ဒဏ်စီရင်ရေး ကိစ္စမှာ စဉ်းစားနေဆံဟု ဆိုပါသည် ။ ဤ လောကကြီးတွင် ဖြစ်ဖြစ်သမျှအားလုံးတို့မှာ ဖန်ဆင်းရှင် အလ္လာဟ်ကြီး၏ စည်းချိန်ပြဋ္ဌာန်းတော်မူနေသည့် အတိုင်း ပြုလုပ် ဖြစ်ပျက်နေရခြင်း ဖြစ်ရကား ၊ ဤ ဘီယာ ကြိမ်ဒဏ်အမှုကို အလ္လာဟ်ရှင် စဉ်းစားတော်မူနေခြင်းမှာ ထင်ရှားလှပါပေသည် ။ယခုအခါ အလ္လာဟ်ရှင်ကိုယ်တော်မြတ်ကြီးမှာ အသက်အရွယ်ထောက်လာသဖြင့် လည်းကောင်း ၊ ကမ္ဘာတွင် အတွေးအခေါ် နည်းပါးသူများ တစ်စထက်တစ်စ များပြားလာပြီး ၊ တောပြောတောင်ပြောပုဂ္ဂိုလ်များ များပြားလာသဖြင့်လည်းကောင်း ၊ မူလက ပြောဆို ပြဋ္ဌာန်းခဲ့သည်များမှာ အရေးပေါ် ဆုံးဖြတ် ပြဋ္ဌာန်းတော်မူခဲ့ရသဖြင့် ပြည့်စုံမှုမရှိသည့်အတွက် လူပြိန်းများ အလွယ်တကူ နားမလည်နိုင်သဖြင့် လည်းကောင်း ၊ မူလက သူ၏ ဖန်တီး ပြဋ္ဌာန်းချက်များ ကို ပြန်လည် စဉ်းစားတွေး တောနေပြီဖြစ်ကြောင်း သိရပါသည် ။
မူဆလင်သတင်းလောကသားများထံမှ ထပ်မံ သိရသည်မှာ ၊ အလ္လာဟ်ရှင် ကိုယ်တော်မြတ်ကြီးသည် မူလက အဆုံးအစမရှိ အလွန်ကျယ်ဝန်းသည့် မဟာ ကမ္ဘာအပြားကြီးကို ဖန်ဆင်းတော်မူခဲ့သော်လည်း ၊ အေဒီ ၁၅ ရာစု တွင် မလေးစားမစောက်စား ဂျော်ဒန်နိုဘရူနို ( Giordano Bruno,1548 – February 17, 1600) ဆိုသူက လုပ်လိုက်သဖြင့်ဤ ကမ္ဘာမြေကြီးသည် သေးငယ်သွားခဲ့ရကြောင်း ၊ ကျွနိုပ်တို့ ကမ္ဘာကြီးသည် စကြာဝဠာတွင် သေးငယ်သော အစက်အပြောက်ဖြစ်သွားရခဲ့ရကြောင်း ၊ မဟာကမ္ဘာပြားကြီးကို သေးငယ်စေခဲ့သူ ဂျော်ဒန်နိုဘရူနိုကိုလည်း ကားစင်တင်မီးရှို့သတ်ကာ ပြစ်ဒဏ် စီရင်လိုက်ကြကြောင်း သိရသည် ။

ထို့ပြင် မူလက နေကလေးသည် မဟာကမ္ဘာကြီးကို လည်ပတ်နေအောင် အလ္လာဟ်ရှင်မြတ်က ဖန်ဆင်းထားရာမှ ၊ ခပ်ကြောင်ကြောင် ဂါလီလီယိုဂါလီလီ (Galileo Galilei, 15 February 1564~8 January 1642) ဆိုသူက ကမ္ဘာပြားကြီးကို ကမ္ဘာလုံးအဖြစ် ဖန်တီးလိုက်ပြန်ပြီး ၊ ကမ္ဘာလေးက နေကြီးကို ပတ်စေခဲ့ ပြန်ကြောင်း ၊ သို့ဖြစ်ရာ အလ္လာဟ်ရှင်မြတ်၏ အမိန့်တော်မြတ်ကို အန်တုခဲ့သူ ဂါလီလီယို ဂါလီလီ ကိုလည်း ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြန်ကြောင်း မှတ်သားရပါသည် ။

ထို့ပြင် မဟာဥာဏ်ကြီးရှင် အလ္လာဟ်အရှင်ကြီးသည် ၊ ယောက်ျား တစ်ယောက်သည် မိန်းမ နှစ်ယောက်နှင့် ညီမျှသည်ဟူသော ပုံသေနည်းများကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတော်မူခဲ့ပါသည် ။ အဆိုပါ ပုံသေနည်းမှာလည်း ၊ ကုရ်အန်ကျမ်းတော်မြတ်နှင့်အတူ ကေယာမခေါ် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ တရားစီရင်ချိန်ထိ ထာဝရ အတည်ဖြစ်နေမည့် ဟုဆိုပါသည် ။

http://anti786.blogpost.com/ မှ...

Gtalk မှာဖုန်းcall ကိုသင်္ကြန်တီးလုံးလေးနဲ့ကြားချင်ရင်..


  • အားလုံးလဲ သိပြီးရင်သိပြီးကြမှာပါ..G talk မှာ ဖုန်း call ၀င်တဲ့ အသံကို နဂိုအသံမကြားရပဲနဲ့ ကျွန်တော်တို့မြန်မာသင်္ကြန်သီချင်းလေးဖြစ်တဲ့ မြနန္ဒာ တီးလုံးသံလေးနဲ့ ကြားရမှာပါ....စမ်းသုံးကြည့်ပေါ့....နဂိုgtalk လိုနောက်ထပ်ပွားလို့ရမရတော့မသိဘူး...

မင်းသားကျော်သူ ၏ ရှင်းတမ်း..

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများ ပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။..........မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။....
 သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . .
 သံတစ်လမ်း၊ ဆန့်ကျင်ဘက်အနေအထာပင် ဖြစ်နေသေးသည်။ သူတို့ထံမှ တီးတိုးပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီးလုပ်သံများ၊ အတင်းအဖျင်းပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှုစကားလုံးများ ယနေ့တိုင် မကြာမကြာ

ကြားနေရဆဲပင် ဖြစ်သည်။ရှေးလူကြီးများ စကားမပယ်ဖျက်ကောင်းဘူးတဲ့ . . . ဒါက သူတို့နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက်စကားများမှ စရတော့မည်။အမျိုး၊ ဘာသာ၊ သာသနာအတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာလုပ်လျှင် ကောင်းကျိုးပေးမည်။ မကောင်းတာလုပ်လျှင် မကောင်းမှုများရမည် ဟူ၍ ဟောကြားခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစားဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှုအားနည်းမှုများကို တွေ့ရသည်။လူအများစုသည် နာရေးကိစ္စများကို အယူသီးကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေတတ်တယ်၊ ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံးတတ်၊ နိမိတ်မကောင်းမှုတွေ ဖြစ်တတ်တယ်ဟူ၍ ရှေးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။လူတော်တော်များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြသည်။ မိမိကိုယ်မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ်နေကြသည်။အမှန်မှာ . . . ရှင်သူ၊ သေသူတို့အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။အဘယ့်ကြောင့်ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့်နေကြည့်လျှင် မိမိခန္ဓာမှ အပုပ်နံ့များထွက် လာမည်။ ဒွါဒခြောက်ပါးမှ အနံ့အသက်မျိုးစုံထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရားအားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့်အရာမှ တည်မြဲမှုကို

မဆောင်နိုင်ချေ။မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။စဉ်းစားစေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူအိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့်ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။ဒါဆို . . . ကျွန်တော်မေးတော့မည်။လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲမသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန်မသာများကြတော့ ဘာဖြစ်လို့ အိမ်ထဲသွင်းကြသနည်း။ သက်ရှိလောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့်အတွက် . . . နံနက်ဖက်ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သားစားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင်ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကိုထည့်ပြီး . . . ခုတ်ထစ်ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ပါးစပ်ထဲသို့ တိရစ္ဆာန်မသာများကို ဘာကြောင့်ထည့်ကြသနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည်မဟုတ်ပါလား။ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်းလူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ်စက်ပင် ဖြစ်တော့သည်။တိရစ္ဆာန်မသာကျတော့ မိမိတို့ဝမ်းဗိုက်ထဲသို့ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါးဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိအယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ်အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေတော့သည်။ အလောင်းလှအောင်လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။

နောက်မှ ခေါင်းကဆံပင်ကိုဖြတ်၊ ခြေထောက်နှစ်ချောင်းကိုတုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။ ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲလိုက်ကြ၊ ပြန်ခေါ်လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင်လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ်စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလိုဖြစ်တော့သည်။သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်းဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့

ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ လက်စွပ်များကြတော့ ခိုက်မှာစိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ဘူးလား၊ ဘယ်ရောက်ကုန်ပါလိမ့် . . . ?နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်ကမဝင်ရဘူးစသဖြင့် တားမြစ်သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်ခေါင်းလာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်းများလည်း ယခင်ကမကြာခဏ လက်သီးနှင့်အထိုးခံရမှုများရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲထိုးပေးခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ်နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့သူတွေများလား . . . ? ။သေခဲ့သည်ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ်လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် လမ်းထဲမဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်းနေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကိုမြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လဘ်ရွှင်လို့လား . . . စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ကောင်းနေပါပြီ။မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။မှားလား . . . မှန်လား။မှန်လား . . . မှားလား ဆိုတာ။မှားရင် . . . ပြင်။မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့တာဝန်ဖြစ်တော့သည်မိုးသောက်ကြယ် မှ ကူးယူဖေါ်ပြပါသည်..။

လူရွှင်တော် မေတ္တာ အဖွဲ့ ဂျပန် ရောက်တော့မည်....

လွန်ခဲ့သည့်အပါတ်အတွင်းက တိုကျို၊ အီကဲဘုကုရိုးရှိ ဟောကိုင်းဒိုးခန်းမတွင် Tokyo Sakura ပျော်စရာအငြိမ့်ခန်းကိုဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားခဲ့သော်လည်း ရန်ကုန်လေဆိပ် အထွက်တွင် သက်ဆိုင်ရာမှထွက်ခွာခွင့်မပြုခဲ့သည့်အတွက် ...
.ပွဲရက်ကိုရွေ့ဆိုင်းထားခဲ့ရသော လူရွင်တော်ကိုမေတ္တာတို့အဖွဲ့ ယနေ့မနက်ပိုင်းတွင် တိုကျိုမြို့၊ နာရီတာလေဆိပ်မှတဆင့် ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။ "ကျနော်လူရွှင်တော်ဖြစ်လာရတာက ပရိတ်သတ်ကမြှောက်စားလို့ ဆပ်ပြာ ကောင်းလို့ ခေါင်းပေါင်းဖြူ တာပါ၊ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်ဖြူလာပြီး လူရွင် တော်ဖြစ်လာတဲ့ ကျနော်မေတ္တာဟာ ဂျပန်မှာရှိနေတဲ့ မြန်မာပရိတ်သတ်တွေကို အားပါးတရဖျော်ဖြေချင်ပါတယ်၊ ပရိတ်သတ်ဆိုတာ အဖြူမပါ၊ အမဲမပါ၊ အရောင်မပါပါ၊ မြန်မာလူမျိုးတွေကို အမြဲချစ်ချစ်ခင်ခင်ပျော်ပျော်ရွင်ရွင်နဲ့ဖျော်ဖြေချင်ပါတယ်…"ဟု ဂျပန်ရောက်စကားဦးအဖြစ် ကိုမေတ္တာ မိုးသောက်ကြယ်သို့ ယခုလိုရှင်းပြပြောဆိုသည်။

အငြိမ့်ပွဲတွင် တင်ဆက်မည့်ပျက်လုံးများနှင့်ပတ်သက်၍ “ကျနော့်တို့်အနေနဲ့ ခေတ်နဲ့အညီ ပျက်လုံးတွေ၊ ပရိတ်သတ်နှစ်သက်မယ့်စကားလုံးတွေကို အပေးအယူမျှမျှနဲ့ တင်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ အထူးသဖြင့် ဂျပန်မှာရှိတဲ့ ပရိတ်သတ်တွေ သဘောကျမယ့် ချိတ်လုံး တွဲလုံးလေးတွေနဲ့ အားပါးတရဖျော်ဖြေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဂျပန်လူမျိုးတွေကိုပါ နားလည်လာအောင် စကားပြန်နဲ့စီစဉ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ…”ဟုလည်း ဆက်လက်ပြောဆိုသည်။
ကိုမေတ္တာနှင့်အတူ မော့စ်နှင့် ခေါင်းဆောင်မင်းသမီး လင်းဇာနည်ဇော်တို့က ဦးစွာပထမရောက်ရှိလာခြင်းဖြစ်ပြီး မိုးဒီ၊ ခင်လှိုင်နှင့် မိုးပြည့်ပြည့်မောင်တို့ကတော့ မနက်ဖြန်မှရောက်မည်ဟုလည်း သိရသည်။
TOKYO SAKURA ပျော်စရာအငြိမ့်ဖျော်ဖြေပွကို နှစ်ပိုင်းခွဲ၍ ကျင်းပမည်ဟုသိရှိရပြီး ပထမပိုင်းကို မြန်မာပြည်အလွမ်းပြေညပွဲသဘောမျိုး ကပြအသုံးတော်ခံမည်ဟုသိရသည်။
ပထမပွဲကို တိုကျိုမြို့လယ်ခေါင်ရှိ ရှင်ဂျူးကုရပ်ကွက်၊ ကာဘုကိချောရှိ Pink Big Pig ဇတ်ရုံတွင် လာမည့်စနေနေ့၊ ဖေဖေါ်ဝါရီလ(၆)ရက်ညမှ ၁၂ နာရီမှ စတင်၍ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ မနက် (၄)နာရီအထိ အားပါးတရမိုးလင်းပေါက်ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
အခက်အခဲအမျိုးမျိုးကြားမှ ဂျပန်သို့ရောက်ရှိလာခဲ့ပြီးသည့်နောက် အနုပညာရှင်ကောင်းပီသစွာနှင့် မည်သို့ပင်ဖြစ်ခဲ့ပါစေ ကောင်းမွန်သောစေတနာဖြင့် အားလုံးကိုပျော်ပျော်ရွင်ရွင်ဖြစ်စေလိုပါကြောင်းနှင့် ပွဲကြည့်သူများကိုလည်း တိုက်တန်စွာဖြင့် တင်ဆက်အသုံးတော်ခံသွားမည်ဖြစ်ကြောင်း တိုကျိုဆာကူရာအငြိမ့်အဖွဲ့ခေါင်းဆောင်လည်းဖြစ်သော လူရွင်တော်ကိုမေတ္တာမှပြောပြသည်။
"အားလုံးကိုပျော်ပျော်ရွင်ရွင်ဖြစ်စေချင်တဲ့ဆန္ဒဘဲရှိပါတယ်ခင်ဗျာ"ဟု ပွဲအကြိုအဖြစ် ပရိတ်သိတ်အပေါ်ထားရှိသောရင်ခုန်သံစကားကို ဆက်လက်ပြောပြသည်။
ပထမပိုင်းအစီအစဉ်ကို မမှီလိုက်၍သော်လည်းကောင်း၊ အငြိမ့်အဖွဲ့ဂျပန်သို့ ရောက်ရှိလာပြီဆိုသောသတင်းကို မသိရှိလိုက်သူများအတွက် ဒုတိယပိုင်းအစီအစဉ်ဖြင့် နောက်ထပ်တပွဲကိုထပ်မံကျင်းပမည်ဟုသိရမည်။
ဒုတိယပွဲမှာ ဂျပန်နိုင်ငံ၏ရုံးပိတ်ရက်ဖြစ်သော ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့တွင် နာဂါနိုမြို့နယ်၊ နာဂါနိုဘူတာအနီးရှိ Zero Hall တွင် ညနေ ၇ နာရီမှစတင်၍ည ၁၀ နာရီအထိ ဂျပန်ပရိတ်သတ်ကို အပိတ်နှုတ်ဆက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်းသိရပြီး ယခုပွဲတွင် မြန်မာအနုပညာအငြိမ့်ဖျော်ဖြေမှုနှင့် ယဉ်ကျေးမှုပိုင်းကို လေ့လာလိုသော ဂျပန်လူမျိုးများအတွက် ဂျပန်မြန်မာစကားပြန်များကိုထားရှိမည်ဖြစ်ကြောင်းသိရသည်။

မိုးသောက်ကြယ်မှ...

ဒုက္ခသည်များတရားဝင်နေထိုင်ခွင့်များထုတ်ပေးတော့မည်...

မလေးရှားနိုင်ငံ၌ ကုလသမဂ္ဂဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများကို တတိယနိုင်ငံ အခြေမချနိုင်ခင် စပ်ကြားကာလတွင် အသုံးပြုနိုင်ရန် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်
ကတ်ပြားတမျိုးကို ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။ မလေးရှားရောက် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူတို့ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးမှု များပြားလာနေခြင်း၊ လက်ရှိ ဒုက္ခသည်ဦးရေနှင့် တတိယနိုင်ငံသို့ ထွက်ခွာခွင့် ရရှိသူတို့၏ အချိုးအစား ကွာဟနေခြင်းတို့ကြောင့် ယင်းကဲ့သို့စီစဉ်ရန် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူအခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ယန်တီး အစ္စမေးလ်က သတင်းစာရှင်းလင်းပွဲတရပ်တွင် ပြောကြားသည်။အသစ်ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် ကတ်ပြားကို မည်သည့်အချိန် စတင်ထုတ်ပေးမည်ကို မပြောကြားသေးသော်လည်း အဆိုပါကတ်ပြား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး မလေးရှားတွင် ရှိနေစဉ်အတွင်း အလုပ်လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။အဆိုပါကတ်ပြား၏ သက်တမ်း သတ်မှတ်ရေးအပါအဝင် အသေးစိတ်အစီအစဉ်ကို

ယူအန်အိပ်ခ်ျစီအာနှင့် မလေးရှား ပြည်ထဲရေးဝန်ကြီးတို့က ဆက်လက် ဆွေးနွေးသွားရန်ရှိသည်။ထိုအစီအစဉ်ကို မလေးရှားရောက် အလုပ်သမားရေးရာအဖွဲ့အစည်းတို့က ကြိုဆိုကြကြောင်း သိရသည်။ကွာလာလမ်ပူမှ အလုပ်သမားအရေး ကူညီပေးနေသူ ကိုကျော်ထွန်းမင်းက “မလေးရှားအစိုးရက ဇန်နဝါရီ (၁၅) ရက်နေ့ ကတည်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးအရေးယူမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ဒုက္ခသည်ကတ် ကိုင်ထားသူတွေကိုလည်း ဖမ်းဆီးသွားကြတယ်။ လဝက်အတွင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ချီ အဖမ်းခံလိုက်ရတယ်။ ဒုက္ခသည်ကတ် ရှိတဲ့သူတွေကို ယူအန်ရုံးက တယောက်ချင်း ပြန်ထုတ်ရတယ်။ ဒီကိစ္စ ပြေလည်အောင်လို့ အစိုးရနဲ့ ယူအန်ကြားမှာ ဆွေးနွေးကြပြီးတော့ အခုလို အဖြေထွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။မလေးရှားနိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်သည့်

 အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုး ထားခြင်း မရှိသေးချေ။တရားဝင်နေထိုင်ခွင့် ကတ်ပြား ထုတ်ပေးလိုက်ခြင်းဖြင့် မလေးရှားနိုင်ငံတွင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့် ပိုမိုများပြားလာ နိုင်......၍ တတိယနိုင်ငံသို့ အခြေချလိုသည့် ဦးရေလည်း လျော့နည်းသွားနိုင်ကြောင်း ကိုကျော်ထွန်းမင်းက ပြောကြားသည်။မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ (၇၅,၀၀၀) ကျော်အနက် (၆၀,၀၀၀) ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ယူအန်အိပ်ခ်ျစီအာ စာရင်းတွင် ဖော်ပြထားသည်။

ဟန်းဖုံးတစ်လုံးရဲ့အသုံးဝင်မူ...

၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ...
သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

Monday, February 1, 2010

ဗေဒင်တွက်ကြည့်ကြည့်ရအောင်ဗျာ..


တွက်နည်းမှာ မွေးရက် မွေးချိန်နဲ့ မြို့ကို ထည့်ပေးပါ။ ထိုသို့ တွက်၍ ရလာသောအခါ “လ” ဟုရေးသားထားသော စာလုံးကို လိုက်ရှာပါ။ အထက်ပါ ဇယားထဲမှ မိဿခွင်တွင် တွေ့ပါက မိဿလဂ်ကိုဖတ်ပါ။ ပြိဿခွင်တွင်တွေ့ပါက ပြိဿလဂ်ကိုဖတ်ပါ။ မေထုန်တွင် လဂ်ကိုတွေ့ပါက မေထုန်လဂ်ကို ဖတ်ပါ။

မိဿလဂ်
မိဿလဂ်၌ ဖွားသောသူသည် ဒေါသကြီးတတ်၏။ ဒေသန္တရခရီးကို သွားလိုခြင်း လောဘကြီးခြင်း ပိန်ရှည်သောကိုယ်ရှိခြင်း မိတ်သင်္ဂဟနည်းခြင်း ရဲစွမ်းသတ္တိရှိခြင်း စကားနည်းခြင်း အသံမပီခြင်း လေရောဂါနှင့် သည်းခြေရောဂါရှိခြင်း ကိုယ်ခန္ဓာခြောက်သွေ့ခြင်း အချိန်မရွေးစားသောက်တတ်သော အကျင့်ရှိခြင်း ကြောက်ရွံ့ဖွယ်အလုပ်ကို အောင်မြင်ခြင်း နီရဲ၍ ဒေါသကြီးသော မျက်လုံးသဏ္ဍာန်ရှိခြင်း စိတ်ဖောက်ပြန်ခြင်း အသင့်အတင့်ဗဟုသုတရှိခြင်း သူတပါးကို ပျက်စီးအောင် ကြံနိုင်စွမ်းခြင်း ပုံမလှသော လက်သည်းခြေသည်းရှိခြင်း မောင်နှမနည်းခြင်း မိဘအပေါ် ပြုစုရခြင်း ဖျတ်ဖျတ်လတ်လတ်ရှိခြင်း၊ မလိမ္မာသော သားသမီးရခြင်း ဥစ္စာပစ္စည်းချမ်းသာခြင်း အကျင့်သီလရှိခြင်း အမျိုးဂုဏ်ကို မြှင့်တင်နိုင်ခြင်း ဆွေမျိုးသားချင်း အပေါင်းအသင်းများ၏ အကျိုးတို့ကို ဆောင်ရွက်ခြင်း အင်္ဂါချို့ယွင်းသော မိန်းမရခြင်း ပင်ပန်းစွာလုပ်ကိုင်၍ တိုးတက်ကြီးပွားအောင် လုပ်ခြင်း အပေါင်းအသင်းများ၏ အကူအညီမရခြင်း တရားသဖြင့်သာ ငွေကိုရှာဖွေ စုဆောင်းတတ်ခြင်း စသည်တို့ဖြစ်၏

ပြိဿလဂ်
ပြိဿလဂ်၌ ဖွားသောသူသည် အကျိုးအပြစ်ကို ဝေဖန်နိုင်စွမ်းရှိခြင်း စီးပွားချမ်းသာနှင့် ပြည့်စုံခြင်း ဆရာမိဘနှင့် ရိုသေထိုက်သော သူတို့ကို ကြည်ညိုလေးစားမှုရှိခြင်း စစ်တိုက်လိုသော ၀ါသနာရှိခြင်း အတိုက်အခံပြုခြင်းကို နှစ်သက်ခြင်း ဉာဏ်ပညာထက်မြက်ခြင်း ခွန်အားရှိခြင်း ချိုသာသော စကားကို ပြောခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း ကျော်စောထင်ရှားခြင်း အ၀တ်တန်ဆာတို့ကို မက်မောတတ်ခြင်း အသောက်အစားကြီးခြင်း ဖခင်အမွေကို ခံစားခွင့်ရှိခြင်း အရောင်းအ၀ယ်၌လိမ္မာခြင်း ကျယ်ပြန့်သော ရင်ဘတ်ရှိခြင်း ကာမဂုဏ်အားကြီးခြင်း ဆွေမျိုးသားချင်း အပေါင်းအသင်းများကို ဒုက္ခပေးခြင်း တရားနှင့် ဆန့်ကျင်သော အလုပ်တို့ကို လုပ်ကိုင်ခြင်း လောင်းကစားရာ၌ စွဲလန်းခြင်း ရေကူးခြင်း၌ ပျော်မွေ့တတ်ခြင်း ဥယျာဉ်ခြံလယ်ယာတို့၌ ကျွမ်းကျင်ခြင်း သလိပ်ရောဂါရှိခြင်း လင်ငယ်ထားတတ်သော မိန်းမကို ရတတ်ခြင်း မိမိကို အားကိုးသော သူအပေါင်းတို့အား ဒုက္ခအတွင်းမှ ကယ်တင်လိုခြင်း ကြမ်းကြုတ်ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းသော မိတ်ဆွေများရှိခြင်းတို့ ဖြစ်၏။

မေထုန်လဂ်
မေထုန်လဂ်၌ ဖွားသောသူသည် စည်းစိမ်ခံစားလိုခြင်း အလှူဒါနပြုလိုသော ဆန္ဒရှိခြင်း မိတ်ဆွေပေါများခြင်း သားသမီးများခြင်း အရေးကြီးသော အတွင်းရေးပြဿနာများကို အကြံဉာဏ်ပေးနိုင်ခြင်း ဥစ္စာပစ္စည်းရှိခြင်း အကျင့်စာရိတ္တကောင်းခြင်း မင်းအစိုးရ၏ ချီးမြှောက်ခြင်းကို ခံရခြင်း အပေါင်းအသင်း မိတ်ဆွေများကို ကူညီစောင့်ရှောက်တတ်ခြင်း သနားကြင်နာတတ်သော စိတ်ရှိခြင်း ဂုဏ်သရေတိုးပွားခြင်း ၀ိပဿနာတရားကို နားလည်ကျွမ်းကျင်ခြင်း ယောဂီကျင့်စဉ်တို့ကို ကျင့်တတ်ခြင်း သူတော်ကောင်း ပုဂ္ဂိုလ်တို့ကို နှစ်သက်ကြည်ညိုခြင်း မိန်းမများ၏ ကြိုက်နှစ်သက်မှုကို ခံရခြင်း ရောဂါဝေဒနာ ခံစားရခြင်း လောကီလောကုတ္တရာ ကျမ်းဂန်များ၌ ဆိုလိုရင်း အဓိပ္ပါယ်ကို စိစစ်၍ ထုတ်ယူတတ်သော ဉာဏ်ပညာရှိခြင်း သဘင်ပညာ၌ ကျွမ်းကျင်မှုရှိခြင်း ကာမဂုဏ်လိုက်စားခြင်း လှပတင့်တယ်သော မိန်းမကိုရခြင်း သူတပါး၏ ပူဇော်ခံရခြင်း အလုပ်အကိုင်၌ ကျွမ်းကျင်လိမ္မာခြင်း လုံ့လ၀ီရိယနည်းခြင်း အပျင်းကြီးခြင်း စကားအပြောအဆို၌ လိမ္မာကျွမ်းကျင်ခြင်း နူးညံ့သိမ်မွေ့ခြင်း မြွေအဆိပ် တိရစ္ဆာန် ရေ အစရှိသော ဘေးအန္တရာယ်တို့ကို တွေ့တတ်ခြင်း စသည်တို့ဖြစ်၏။

ကာရကဋ်လဂ်
ကာရကဋ်လဂ်၌ ဖွားသောသူသည် အိမ်၌နေလိုခြင်း အဆောက်အဦများစွာရှိခြင်း ဘုရားတရားကို ကြည်ညိုခြင်း သူတော်ကောင်းတရားကို မှီခိုခြင်း ကုသိုလ်ဒါနရေးကို စိတ်ဝင်စားခြင်း အလှူဒါနပြုတတ်ခြင်း မွန်မြတ်သော စိတ်ထားရှိခြင်း သလိပ်ရောဂါရှိတတ်ခြင်း ဆိုးတေသောသားကို ရတတ်ခြင်း မိမိအကျိုးစီးပွားကို အပျက်ခံ၍ သူတပါးအကျိုးကို ဆောင်ရွက်ခြင်း လူအပေါင်းတို့၏ အပူဇော်ကို ခံရခြင်း သောက ဒုက္ခတွေ့လျှင် တုန်လှုပ်ခြင်းမရှိဘဲ ရင်ဆိုင်လိုသော ဆန္ဒရှိခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ရောဂါများခြင်း ကာမဆန္ဒအားကြီးခြင်း ဒေသန္တရခရီးသွားလိုခြင်း သမီးများခြင်း ဥစ္စာပစ္စည်းချမ်းသာခြင်းတို့ဖြစ်၏။

သိဟ်လဂ်
သိဟ်လဂ်၌ ဖွားသောသူသည် မည်မျှပင် ဆင်းရဲနှင့် တွေ့စေကာမူ သည်းခံနိုင်ခြင်း စိတ်ပြင်းထန်၍ ခေါင်းမာတတ်ခြင်း တောင့်တင်းသော ပခုံးရှိခြင်း ကျယ်ပြန့်သောရင်ရှိခြင်း မင်းအစိုးရချီးမြှောက်ခြင်းကို ခံရခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ရှေ့နောက် မျှော်မြင်ဝေဖန်တတ်ခြင်း နက်နဲသော အသိဉာဏ်ရှိခြင်း ခွန်အားဗလရှိခြင်း သားငါးကို နှစ်သက်ခြင်း စကားအပြောနည်းခြင်း ရယ်ရွှင်ဖွယ်ပြောတတ်ခြင်း တောတောင်ဒေသကို နှစ်လိုခြင်း အမဲလိုက်သော ဆန္ဒရှိခြင်း စားချင်သောအာဟာရကို စားရမှ ကျေနပ်ခြင်း ကာမဂုဏ်အားကြီးခြင်း ရန်သူကို နိုင်ခြင်း မိမိအကျိုးစီးပွားကို ဖြစ်စေခြင်းငှါ ဆွေမျိုးသားချင်းအပေါင်းတို့၏ အလုပ်ကို ဆောင်ရွက်ပေးခြင်း လယ်ယာစိုက်ပျိုးခြင်းဖြင့် ချမ်းသာခြင်း မိတ်ဆွေကောင်းရှိခြင်း အသုံးအစွဲကြီးခြင်း မိမိဘာသာတရား ထုံးတမ်းစဉ်လာကို ဆန့်ကျင်တတ်ခြင်း မစာသင့်သော အာဟာရကို စားတတ်ခြင်း စသည်တို့ဖြစ်၏။

ကန်လဂ်
ကန်လက်၌ ဖွားသောသူသည် အလုပ်အကိုင်လုပ်ရာ၌ ကျွမ်းကျင်မှုရှိခြင်း ကျက်သရေတိုးခြင်း စီးပွားချမ်းသာနှင့် ပြည့်စုံခြင်း မှတ်ဉာဏ်ကောင်းခြင်း ပညာရှိ သုခမိန်ဖြစ်တတ်ခြင်း ကာမစည်းစိမ်ခံစားမှုကို အပြည့်အ၀ရရှိခြင်း အပေါင်းအသင်းမိတ်ဆွေများ အပေါ်တွင် ချစ်ချစ်ခင်ခင်ရှိတတ်ခြင်းတို့ဖြစ်၏

တူလဂ်
တူလဂ်၌ ဖွားသောသူသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း အရောင်းအ၀ယ်လုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း အမျိုးအနွယ် ဂုဏ်ကို မြင့်တင်နိုင်ခြင်း ခန္ဓာမဖွံ့ဖြိုးခြင်း ဖခင်နှင့် ဆွေမျိုးသားချင်းတို့၏ အားကိုးရာဖြစ်ခြင်း ဆရာသမားတို့ကို ရိုသေကိုင်းရှိုင်းခြင်း တရားစောင့်ထိန်းခြင်း ခရီးသွားရာ၌ ၀ါသနာပါခြင်းတို့ဖြစ်၏။

ဗြိစ္ဆာလဂ်
ဗြိစ္ဆာလဂ်၌ ဖွားသောသူသည် ဒေါသကြီးခြင်း သည်းခံနိုင်စွမ်းနည်းခြင်း မင်းပူဇော်ခံရခြင်း ဂုဏ်ကျက်သရေရှိခြင်း သျှတ္တရကျမ်း၌ ညွှန်ပြသော စကားကို မှတ်သား လေ့လာနိုင်စွမ်းရှိခြင်း ရန်သူကို နိုင်ခြင်း ရှေ့နောက်ဝေဖန်ဆုံးဖြတ်တတ်ခြင်း ခက်ခဲနက်နဲသော ပညာများကို တတ်မြောက်တတ်ခြင်း ရန်သူများကို အောင်မြင်ခြင်း၊ ရှေ့နောက် ဝေဖန်သုံးသပ်တတ်ခြင်း ခက်ခဲသော ပညာများကို တတ်မြောက်ခြင်း ပူပင်မှုကင်းခြင်း စသည်တို့ ဖြစ်၏။

ဓနုလဂ်
ဓနုလဂ်၌ ဖွားသောသူသည် မင်းအစိုးရ၏ အကျိုးကို ဆောင်ရွက်ရာတွင် ကောင်းကျိုးပေးတတ်၏။ တိုင်းပြည်၏ အကျိုးဆောင်ဖြစ်တတ်၏။ ဉာဏ်ထက်မြက်၏။ သစ္စာကတိတည်၏။ ကာမအားကြီး၏။ အဆိုအက အတီးအမှုတ်ဝါသနာပါ၏။ သူတပါး အကျိုးကို ဆောင်ရွက်လိုသော စိတ်ရှိ၏။ ကျမ်းပေါင်းစုံ ပညာစွယ်စုံ တတ်မြောက်၏။ ဒေါသကြီး၏။ သန့်ရှင်းသော စိတ်ရှိ၏။ မိမိရည်ရွယ် ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်တတ်၏။ အမျိုးအနွယ်၏ ထုံးတမ်းစဉ်လာကို မြတ်နိုး၏။ သလိပ်အားကြီး၏။ ပါးစပ်မှာ အနာဖြစ်တတ်၏။ အပေါင်းအသင်း မိတ်ဆွေများကို ချစ်မြတ်နိုး၏။ စက်မှုလက်မှု၌ ၀ါသနာပါ၏။ ခွန်အားဗလနှင့် ပြည့်စုံသော ၀ါသနာပါ၏။ စစ်ရေးတိုက်ခိုက်ရာတွင် ထူးချွန်စွာ နိုင်နင်းတတ်၏။

မကာရလဂ်
မကာရလဂ်၌ ဖွားသောသူသည် ရေဘက်ဆိုင်ရာ၌ ကျွမ်းကျင်၏။ အလွန်ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းသော ဘေးတွေ့တတ်၏။ နိယာမတရားကို သံသယဖြစ်၍ ယုံကြည်မှု ကင်းမဲ့တတ်၏။ အရပ်အမောင်းကောင်း၏။ ကောက်ကျစ်စဉ်းလဲလိုသော စိတ်ရှိ၏။

ကုမ်လဂ်
ကုမ်လဂ်၌ ဖွားသောသူသည် မတည်ငြိမ်သော စိတ်ရှိ၏။ ချစ်သူကို စွဲလန်းတတ်၏။ ရာဂတဏှာနှင့် ပတ်သက်၍ အာရုံစူးစိုက်လေ့ရှိ၏။ စကားအပြန်အလှန်ပြောရာတွင် ပါးနပ်လိမ္မာ၏။ သူတပါး မယားကို ပြစ်မှားတတ်၏။ သွေးအေးအေးနဲ့ အလုပ်ကို လုပ်ကိုင်တတ်၏။ သုခချမ်းသာနှင့် ပြည့်စုံမည်။
မိန်လဂ်
မိန်လဂ်၌ ဖွားသောသူသည် အလုပ်အကိုင်တွင် ကျွမ်းကျင်၏။ အစားနည်း၏ ချစ်မြတ်နိုးသော သူ၏ အကျိုးကို ဆောင်ရွက်လိုစိတ်ရှိ၏။ ဘုန်းတန်ခိုးကြီး၏။ စာပေကျမ်းဂန်ဘက်၌ တတ်မြောက်၏။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာ ရွှေငွေနဲ့ ပြည့်စုံသော လူချမ်းသာဖြစ်နိုင်၏။ ကာမဂုဏ်အားနည်း၏။ စိတ်ဓာတ်မကြာခဏ ပြောင်းလဲတတ်၏။ စကားအမျိုးမျိုး လှည့်ပတ်၍ လိမ်လည်တတ်၏။ ဖျော်ရည်အစရှိသော အဖျော်ရည်ကို သောက်လိုသော ဆန္ဒရှိ၏။ ပညာရှိ သုခမိန်ဖြစ်နိုင်၏။ သန်ရှင်းစွာ နေတတ်၏။ တရားလမ်းစဉ်ကို လိုက်နာတတ်၏၊ နူးညံ့သိမ်မွေ့သော စိတ်ရှိ၏။ အလွမ်းအဆွေး သီချင်းများကို စပ်တတ်၏။ ဆိုလည်း ဆိုညည်းတတ်၏။ အနုပညာဘက်၌ လိမ္မာကျွမ်းကျင်၏။ အရည်အချင်း ပြည့်ဝသော မိန်းမနှင့် လက်ထပ်ရတတ်၏။ သူတပါး ယုံကြည်ခြင်းကို ခံရတတ်၏။ ဂုဏ်ကျက်သရေနှင့် ပြည့်စုံတတ်၏။