Pages

Tuesday, February 9, 2010

ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်နှင့် ကလေးအနုပညာရှင် ဒက်ကလန်ဂယ်လ်ဘရိတ်သ်

လက်ရှိကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော ငတ်မွန်ခေါင်းပါးခြင်း၊ ဘေးဒုက္ခများနှင့် အဖြေရှာမရနိုင် ဖြစ်နေရသော အခြေအနေကို စပ်ဆိုထားသည့် ၀မ်းနည်းဖွယ်ရာ သီချင်းတစ်ပုဒ်ကို မိတ်ဆွေတစ်ယောက်ကပေးပို့ လိုက်ရာ သီချင်းသီဆိုထားသော ကလေးငယ်သည်..
 ထိုအချိန်က အသက်(၇)နှစ်ခန့် သာ ရှိသေးသည်ကိုတွေ့ ရသည်။
အဆွဲအငင်နှင့် သံနေသံထားကောင်းမွန်လှသော ဆိုဟန်ကြောင့် ကလေးငယ် ဒက်ကလန်ဂယ်လ်ဘရိတ်သ် သည် သီချင်းစတင်ဆိုသော ပထမတစ်နှစ် အတွင်းမှာပင် ဆုအမျိုးပေါင်း(၁၅)ခုခန့် ရရှိခဲ့ပြီး ငွေသားပေါင် တစ်သိန်းခန့်ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ နာမည်ကျော်ကြားလာသော ဒက်ကလန်ကို သီချင်းထုတ်လုပ်သူများက စင်တင်တေးဂီတဖျော်ဖြေပွဲများတွင် ၀င်ရောက်သီဆိုစေပြီး ဓါတ်ပြားထုတ်လုပ်ရန် စာချူပ်ကမ်းလှမ်းခဲ့ကြသည်။ ဒက်ကလန်သည် ပြည်တွင်း(အင်္ဂလန်)တွင်သာမဟုတ် ပြည်ပနိုင်ငံများတွင်ပါ ကျော်ကြားပြီး အထူးသဖြင့် တရုတ်ပြည်တွင် ကလေးများကို အင်္ဂလိပ်စာသင်ကြားရန် အထောက်အကူပြုအဖြစ် အသုံးများသည်ဟု ဆိုသည်။
ဒက်ကလန်ဂယ်လ်ဘရိတ်သ် ကို ၁၉၉၁ခုနှစ် ဒီဇင်ဘာ(၁၉) ရက်တွင် မွေးဖွားပြီး အဖိုးဖြစ်သူမှာ တီးဝိုင်းတစ်ခုအတွင်း တူရိယာပစ္စည်းအမျိုးမျိုးတီးမှုတ်နိုင် သူဖြစ်သောကြောင့် ဒက်ကလန်၏ အနုပညာစွမ်းရည်သည် မျိုးရိုးဗီဇနှင့် ပါတ်ဝန်းကျင်ဆက်စပ်ကာ ဖွံ့ ဖြိုးတိုးတက်လာသည်ဟု ယူဆရသည်။




မြန်မာ့သူငယ်ချင်းများနေ့မှ..