Pages

Friday, February 19, 2010

ဒါလီလင်း က လှူပ်..ပေါက်ကျိုင်း က ငုတ်တုတ်....

အများ သိပြီး ဖြစ်တဲ့ အောက်တိုဘာလ (၁၇) ရက်က သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နာဂစ်ရန်ပုံငွေ ပဒေသာကပွဲမှာ “တောဂေါ်လီ” သီချင်းဖြင့် ခပ်ကြမ်းကြမ်း ကပြ ဖျော်ဖြေခဲ့တဲ့ မင်းသမီး ဒါလီလင်းအပေါ် ပရိသတ်ရဲ့ ဝေဖန်ပြစ်တင်သံတွေ သောသောညံ နေတာကြာလှပြီ..

 ရွှေတံဆိပ်ဆုရှင် မြန်မာ့ရိုးရာ အက မင်းသမီးတစ်ယောက် အနေနဲ့ အခုလို Sexy ကကွက်တွေနဲ့ မဖျော်ဖြေ သင့်ဘူးဆိုပြီး လူပြောများနေတာပါ။မင်းသမီးဒါလီလင်းမှာ ၂၀၀၅ ခုနှစ် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဆို၊ ငို၊ ပြော အကပညာရှင်အဆင့် ပထမဆု ရရှိထားသူဖြစ်ကာ လက်ရှိမှာလဲ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ရွှေမန်းသဘင် ဇာတ်မှာ နှစ်ပါးသွား မင်းသမီးအဖြစ် ကပြနေသူလဲဖြစ်ပါတယ်..။ ပြီးတော့ ဒါလီလင်း နာမည်နဲ့ ဇာတ်အဖွဲ့တစ်ခုကိုကိုလဲ ထူထောင် ထားသူ ဆိုတာလဲ ပေါက်ကျိုင်း သိရပါတယ်..။ အဲဒီလို သောသောညံနေတဲ့ ဒါလီလင်းရဲ့ အိုးလှူပ် အကကို အများသူငါ မြင်မြင်သမျှ တွေး ရေး ထားတာလေး တွေကို ကျွန်တော်ပေါက်ကျိုင်း တစ်ယောက် တွေ့ရသဗျ..။

သူတို့အမြင်.
ဒါလီလင်း“ပရိသတ် မျက်စိထဲမှာ ကောင်းတာပဲ မြင်မြင်၊ ဆိုးတာပဲမြင်မြင် ကျမ တင်ဆက်တဲ့ အနုပညာကို သူတို့ကြည့်လိုက်ရ တယ်ဆိုရင် ကျေနပ်ပါတယ်.."

“မြန်မာ့ ဇာတ်သဘင်က တော်တော် ပျက်သွားတာပါ၊ နှစ်ပါးသွား တို့မှာတောင် ရိုးရာဆိုင်းဝိုင်း ကြီးတွေနဲ့ တီးတာမျိုး မရှိတော့ဘဲ ဒရမ်တွေ၊ ဂစ်တာတွေနဲ့ တီးတဲ့ အထိကို ဖြစ်လာတယ်၊ အထူးသဖြင့် မင်းသမီးတွေ မပေါ့်တပေါ် ၀တ်တာ တွေက အရမ်းဆိုးတယ်”

စာရေးဆရာတစ်ဦး..
“ဓနိကာထားတဲ့ ဇာတ်ရုံတွေထဲမှာ ကျပ်ညှပ်ပြီး သန့်ရှင်းမှုမရှိတဲ့အခါကျတော့ အထက်တန်းမပြောနဲ့၊ လူလတ်တန်း စားတောင်မကြည့်ကြတော့ဘူး၊ ပရိသတ်လူတန်းစားနိမ့်သွားတော့ စင်ပေါ်က ဖျော်ဖြေတဲ့ လူကလဲ ပြက်လုံးကအစ ခါးအောက်ပြက်မှ ရယ်တယ်ပေါ့၊ အဆင့်အတန်းနိမ့်ကျလာတာပေါ့”

ကျွန်တော့်အမြင်ကတော့ အငြိမ့်မင်းသမီးနှင့် ဒီလိုအကတွေကတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တရားလွန်ဖြစ်အောင် ကပြဖျော်ဖြေခြင်းကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မြန်မာပြည်က တစ်ချို့သော အနုပညာသည်တွေဟာလည်း ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းမျဉ်းတွေကြောင့် ပြည်ပဖျော်ဖြေပွဲတွေဆိုရင် တရားလွန် ဝတ်စားဆင်ယင်ပြီး ကပြဖျော်ဖြေတာကို တွေ့ရပါတယ်။ သို့ကြောင့် သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးနဲ့ပဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တရားလွန် မဟုတ်ခဲ့ရင်ပေါ့ဗျာ..

ခွန်မြလှိုင်..အမြင်..
လျှပ်ပေါ်လော်လည်တဲ့ အ၀တ်အစားတွေ ကို ခေတ်မီတယ် ထင်ပြီး ၀တ်လို့ ဖြစ်နိုင်တဲ့ ဆိုးကျိုးက ကိုယ့် အန္တရာယ် ကိုယ်လက်ယပ်ခေါ်နေတာပါပဲ။ တကယ်တမ်း အားမနာတမ်း ပြောရရင် ကိုယ့်နိုင်ငံက မဟာပုရိသ မြန်မာ ယောက်ျားသား များထဲ နှမချင်းစာနာပြီး ယဉ်ကျေးသူက ခုခေတ်မှာ နည်းလာပါပြီ။ ဒီလိုပြောလို့ မဟုတ် သူများ မနာပါနဲ့။ မိန်းကလေး တယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လို့ ချွတ်ချက်အော် မကြားတကြား ဖြစ်စေ အုပ်လိုက် လှောင်စိန် ကျပြီး ဖြစ်စေ ပါးစပ် အရသာခံတဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။

လဒူပေါက်ကျိုင်း အမြင်..
အင်း...ပေါက်ကျိုင်း အမြင်ကိုပြောရင် ..ဘယ်လိုပြောရမလဲပေါ့နော် ..ဒီလိုဘဲပေါ့နော်..အ ဟင်း ဟင်း.....။