Pages

Tuesday, December 29, 2009

လွမ်းပ..

"လွမ်းပ"

... လွမ်းပ
အနမ်းရေ
နှလုံးသားကို
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
သောကနဲ့ ကျပ်ထုပ်နေတဲ့ ညနေရီ
သက္ကယ တစ်ခုကြောင့်ပဲ
အလေ့ကျ ပေါက်နေတဲ့သူ့မှာ
ဒီရုပ်ဒီရေကလေးနဲ့ အသည်းကွဲနေရလို့တဲ့
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရိစ္ဆေဒတွေ
လွမ်းပ။
ကံတရားမျက်လုံးထဲ
အသူတစ်ရာနက်တဲ့ အပြုံးရှိတာသိရက်နဲ့
သူ
ခုန်ချ
လွမ်းပ။
ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုံးတွေကြား
ရွပ်ရွပ်ချွံချွံ
လွမ်းပ။
အနမ်းရေ
နှလုံးသားထဲ ဘာလို့ ညာညာပြီး
ညနေစောင်းချင်ရတာလဲ နေ့တွေလဲ ဝမ်းနည်းစွာ ပြန်သွားခဲ့
သူ့မှာ
ကမ္ဘာမရှိတော့။

Kဇော်
မိုးဝေမဂ္ဂဇင်း ( ဧပြီ/၁၉၈၇)