Pages

Tuesday, January 26, 2010

မလေးရှားမှာရင်နှင့်စရာ....

လွန်ခဲ့သောသီတင်းပတ်အနည်းငယ်အတွင်းကကြေမွပျက်စီးခဲ့ရသောမြန်မာအမျိုးသမီးများ၏လုံခြုံမှုနှင့်ခါးသီး
လှသော အမျိုးသမီးများအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သော ဖြစ်ရပ်တခု မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် မယုံကြည်နိုင်လောက်စရာ ဖြစ်ပွားခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံအသီးသီးမှရောက်ရှိပြီး အလုပ်လုပ်ကိုင်နေထိုင်ကြသော မိန်းကလေးများစွာ ရှိနေပါသည်။

ဖြစ်စဉ်မှာ
 Taman Putri Wangsa Jalan Istimewa 7. No16 Kilang E.W တွင် အလုပ်လုပ်နေသော မိန်းကလေးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှု တခုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သော STAR သတင်းစာတစောင်ကတော့ အထ မမြောက်ခဲ့သော ကာအိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့် မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည်။ (The women, who were all in their 20s, were later ordered to strip but his attempt to rape them was unsuccessful and he left soon after. The star link http://news.asiaone.com/News/AsiaOne%2BNews/Crime/Story/A1Story20090911-167164.html အမှန်တကယ်ဖြစ်ပေါ်ခဲ့ပုံမှာ (၂၈.၈.၀၉) နေ့ မနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ထိုနေ့မ တိုင်ခင်ကထဲက မိန်းမများသီးသန့်နေထိုင်ရာ ထိုအိမ်အနီးသို့ မလေးရှားနိုင်ငံသားမှ ရောက်လာပြီ ဘောင်းဘီဇစ် များ ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြား ရာ မြန်မာအေးဂျင့်မှ ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည် ။
အခင်းဖြစ်သည့်ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက်အိမ်နောက်ဖေးမှ ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို ဖွင့်စေပြီး နောက်ထပ်(၅) ယောက်ဝင်ရောက်လာ ကြပါသည်။ ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊ ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င် မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဒါးများဖြင့် ခြိမ်းချောက်ခံထားရ ခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။ ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံးစုစည်းစေကာ အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍ အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ မိန်းကလေး(၄)ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေးဟုထင်ရသော အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများ NGOs နှင့် အာဏာပိုင်အဖွဲ့အစည်းများကလည်း သူတို့နိုင်ငံ သူတို့လူမျိုးနှင့်ပတ်သတ်လာလျှင် လက်ရှောင်ချင်ကြသည်မှာအထင်အရှား နှုတ်ဆိတ်နေချင်ကြသည်မှာ သိသာလွန်းလှပေသည်။
ဒါကြောင့်မြန်မာမလေးများအနေဖြင့် သူတစ်ပါးနိုင်ငံကိုအထင်ကြီးလွန်ပြီး မဆင်အခြင်သွားကြခြင်းများ မလုပ်သင့်ပါ...မလေးရှားနိုင်ငံဆိုသည်မှာ ဘာသာရေးကိုးကွယ်မှုတောင်မလွတ်လပ်တဲ့ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး.. ကမ္ဘာပေါ်မှာအရက်စက်ဆုံး ခွေးကုလားများ အုပ်ချုပ်နေထိုင်ရာ နေရာဖြစ်သောကြောင့်လဲ မသွားသင့်ကြပါ... ဒီမိုကရေစီနိုင်ငံဆိုပြီး အထင်ကြီးနေသူများအတွက် ဒီမိုကရေစီရတယ်ဆိုတိုင်း လွတ်လပ်စွာ တခြားလူမျိုးများကို လူမျိုးခွဲအနိုင်ကျင့်ချင်သည့်စိတ်ဓါတ်ရှိသော နိုင်ငံဖြစ်ပြီး ကိုယ့်နိုင်ငံသားနှင့် ယှဉ်လာလျှင် နိုင်ငံသားဘက်ပဲပါတတ်သော ဒီမိုကရေစီနိုင်ငံတို့ရဲ့ အကျင့်တွေကို ခံရနေရခြင်းဖြစ်ပါတယ်..
မြန်မာပြည်မှာ ကြီးပွားချင်နေကြသည့် မြန်မာအမျိုးသမီးများ အတွက်ကိုယ့်ဘ၀အတွက် လုံခြုံမှုမရှိသည့်နေ၇ာများတွင် အလုပ်မလုပ်ကြရန်... ကြီးပွားချမ်းသာချင်ပါက အမှန်တကယ်ကြိုးစားပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ကြိုးစားသင့်ကြောင်းသတိချပ် စေချင်ပါတယ်..
အခြေအနေအခက်အခဲတို့ကြောင့် အကြောင်းတစုံတရာဖြစ်တိုင်း ကယ်ကူသူမဲ့နေ ရသည့် မိမိတို့မြန်မာလူမျိုးများအဖြစ်က ရင်နာစရာ ကောင်းလှပါကြောင်း တင်ပြလိုက်ရပါသည်။