Pages

Saturday, January 23, 2010

ငွေ၅သိန်းလူယူသူ ဓါးပြ နှစ်ဦးရဲကားနှင့်တိုက်မိကာဖမ်းမိ...

IPOH: Sports Toto အရောင်းဆိုင်တွင် ရင်းဂစ်ငွေ ၅သိန်းလုယူသွားသော ဓါးမြများအား ရဲကားဖြင့် လိုက်ရာ ၂ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိနေသော ၃ဦးအား ဆက်လက်ရှာဖွေ
လျှက် ရှိသည်။   
ဖမ်းမိထားသော တရားခံနှစ်ဦးမှာ အသက် ၂၀မှ ၃၀အတွင်းရှိပြီး ယမန်နေ့  နေ့ လည် (၂)နာရီခန့် က ရဲကားများနှင့် လုံးထွေးတိုက်မိရာမှ ဖမ်းမိခြင်းဖြစ်ပြီး တရားခံဟု ယူဆရသူနှစ်ဦးနှင့် ရဲများပါ ဒါဏ်ရာ အနည်းငယ်စီ ရရှိခဲ့သည်။

ရဲများက ဖမ်းဆီးရမိသော အိတ်နှစ်လုံးအတွင်းမှ ငွေနှင့် လုံခြုံရေးဝန်ထမ်းဆီမှ ဓါးမြများ လုယူသွားသော သေနတ်တစ်လက်တို့ ကို ပြန်လည်သိမ်းယူခဲ့သည်။

လုံခြုံရေးဝန်ထမ်းဖြစ်သူ အသက် (၅၇)နှစ်အရွယ် Ibrahim Ramli က ၄င်းနှင့်အတူ လုပ်ဖေါ်ကိုင်ဖက်များ ဂိမ်းကစားရာဆိုင်သို့  တနေ့ တာဝင်ငွေကို လာရောက်သိမ်းယူ ရန် ၀င်ရောက်လိုက်စဉ် လူ(၄)ဦး အနီးကပ်ရောက်ရှိလာခဲ့ကြောင်း ပြောပြသည်။ လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ လက်တွင် ထိရှဒဏ်ရာရခဲ့ပြီး အခြားတစ်ဦးမှာ ၀မ်းဗိုက်နှင့် ပေါင်တို့ တွင် ဒဏ်ရာရရှိခဲ့သည်။ ထို့ နောက် ဓါးမြများသည် ဗန်ကားထဲတွင် ပါလာသော ငွေအိတ်နှစ်အိတ်နှင့် သေနတ်တို့ ကို လုကာ ထွက်ပြေးသွားခဲ့သည်ဟု လုံခြုံရေးဝန်ထမ်းများက ပြောဆိုသည်။