Pages

Friday, April 2, 2010

စစ်ကြီး ပြီးရင် သား ပြန်လာမယ် အမေ ...

  စစ်ကြီး ပြီးဆုံးတဲ့ အခါမှာ
  ကောင်လေး ပေါင်မုန့်ယူရန် ပြေးထွက်လာတယ်
  ကမ္ဘာမြေကြီးကတော့
  နားလည်ရခက်တဲ့ ကောင်းကင်ကြီးလို
  တိတ်ဆိတ် ငြိမ်သက် လျှက်ပါ..
  မတည်မြဲတဲ့ ငြိမ်းချမ်းမူလေးမှာတော့
  ဒီလို ငြိမ်သက် နေမှာပါ...
  ဘုရားသခင်ရှိတယ်
  ကံတရား ကို စီမံသွားပါလိမ့်မယ်..
  ဟိုး ... အမြင့်က..
  ကြယ်တာရာ တွေ တိတ်ဆိတ်နေတဲ့ အချိန်မှာ
  တစ်စုံတယောက်ရဲ့ အသံက တိုးတိုးလေး ထွက်ပါတယ်...
  သား.. အိမ်ပြန်လာမယ် အမေ
  ကျွန်တော် အသက်ရှင်လျှက် ပြန်လာမယ်..
  စစ်ကြီး ပြီးသွားတဲ့ အခါမှာ..
  ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ဒါဏ်ရာတွေကို ဆေးကုကြမယ်..
  အသစ်ပြန်လည် ဖွံဖြိုးလာတဲ့ နိုင်ငံလေး ဟာ
  အင်အား တောင့်တင်း လာလိမ့်မယ်
  တကယ့်ကို အရေးပါတဲ့ ဘဝလေး တစ်ခုလဲ
  အဓိပ္ပာယ်ရှိစွာ ဖြစ်လာမှာပါ
  ပျက်စီးဆုံးရှံးမူတွေကို ကျော်ဖြတ်ပြီး
  ကိုယ့်ဘဝကို လွတ်လပ်စွာ ရပ်တည်နိုင်တော့မှာပါ..
  အမေ ကျွန်တော် အိမ်ကိုပြန်လာခဲ့မယ်..
  အသက်ရှင်လျှက် နဲ့ ပြန်လာမယ်..
  စစ်ကြီး ပြီးဆုံးသွားတဲ့ အခါ
  ရန်သူကို ခွင့်လွတ်နိုင်ဖို့က တစ်ခုထဲသော ခံယူချက်ကတော့
  အကြင်နာ တရား ဘဲ..
  ဒါဟာ အားလုံးအတွက် အမြင့်မြတ်ဆုံးအရာပါဘဲ
  ဒီကမ္ဘာလေး မှာ ရာစုနှစ်ပေါင်းများစွာ
  အကြင်နာတရား ကင်းမဲ့ ခဲ့ရတယ်..
  ကျွန်တော်တို့ တတွေဟာ ရန်သူတွေ မဟုတ်ကြပါဘူး
  အစွန့်ပစ်ခံ ကလေးငယ်လေးတွေပါ
  ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွတ်ပါတယ်..
  သား အသက်ရှင်လျှက်နဲ့ ပြန်လာမယ် အမေ
  စစ်ကြီး ပြီးသွားတဲ့ အခါ ..
  စစ်ကြီး ပြီးဆုံးသွားတဲ့ အခါမှာ... .... ။




မြန်မာ့သူငယ်ချင်းများ မှ ကူးယူ ဖေါ်ပြပါသည်..။

3 comments:

  1. အောင်မေ...
    နင်က စစ်သားကြီးမို့လို့လား ကြီးကြီးကျယ်ကျယ်....ဟီး....

    ပျော်အေင်စတာနော် ညီလေး...
    သီချင်းက ခံစားချက်အပြည့်ဆိုထားတာပါ...

    ခင်တဲ့

    ReplyDelete
  2. ပေါက်ကျိုင်း လဲ သူတို့ ရင်ထဲကို ဝင်ခံစား ကြည့်တာပါ ဟီး..

    ReplyDelete
  3. ပြောတာပဲ ကိုကျိုင်းတော့ေ၇းနိုင်ပါတယ်တဲ့
ေ၇းတိုင်းလည်းမပေါ်တော့ ရေးရမယ့်လူတောင်အားမရှိတော့ဘူး ဟွန်းဟွန်း

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..