Pages

Sunday, April 18, 2010

ကိုက် နေလိုက်ကြတာများဗျာ ....

ဧပြီလ ၁၇ ရက် စနေနေ့ သန်းခေါင်ကျော်အချိန်လောက်က ဧရာဝတီမြစ်ဆုံမှာ
ရေကာတာလုပ်ငန်းတည်ဆောက်နေတဲ့အေရှားဝေါလ်ကုမ္ပဏီ အဆောက်အဦးဝင်း အတွင်းမှာ
အင်အားအတန်အသင့်ပြင်းထန်သော ဗုံး ၃ လုံးဆက်တိုက်ဆိုသလို
ပေါက်ကွဲခဲ့တဲ့အတွက် ညဆိုင်း တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း ၄ ဦး နေရာမှာ
ပွဲချင်းပြီး သေဆုံးပြီး
လူ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကုမ္ပဏီ မှ အရာရှိတဦးက ပြောပြခဲ့ပါတယ် ..
မြစ်ကြီးနားမြို့အထက်ဖက် ၁၈ မိုင်အကွာမှာ တည်ရှိတဲ့ ကျိန်ခရမ် -
လုံခါဇွပ်ဒေသ မှာတည်ရှိတဲ့ ကုမ္ပဏီ ၀င်းအတွင်းမှာ ဖြစ်ခဲ့တာမို့
ဒဏ်ရာရသူဦးရေ အသေးစိတ်ကိုတော့ အတိအကျမသိရသေးပါဘူး .. ခန့်မှန်းခြေ ၂၀
ထက်မနည်း ဒဏ်ရာပြင်းထန်ပါတယ် .. ဗုံးအားပြင်းတာကြောင့် အဆောက်အဦးနဲ့
ယာဉ်ယန္တယား တွေအတော် ပျက်စီးသွားတယ်လို့ ပြောကြားခဲ့ပါတယ် ..
မပေါက်ကွဲသေးပဲ ကျန်နေတဲ့ ချိန်ကိုက်ဗုံးတွေကိုလည်း ကုမ္ပဏီအတွင်းနဲ့
ပတ်ဝန်းကျင်မှာ တော်တော် များများ အချိန်မီ သိမ်းဆည်းရနိုင်ခဲ့တယ်လို့လည်း
သိရပါတယ် ..
အခင်းဖြစ်ပွားရာ နေရာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး
ဗိုလ်ချုပ်စိုးဝင်းသွားရောက်ခဲ့ပြီး ချက်ချင်းလုံခြုံရေးတွေ ထူထူ ထပ်ထပ်
ချထားလိုက်တယ်လို့ သိရပါတယ် ..
မြစ်ဆုံရေကာတာကို မကျေနပ်တဲ့ ကချင်ပြည်သုတွေများသလို တခြား
ပြသနာတွေလည်း ရှိပုံရပါတယ် .. အေရှားဝေါလ်မှာ လုပ်နေတဲ့ ကာယလုပ်သားတွေသာ
ဒေသခံတွေ အများစုပါဝင်ကြပေမယ့် ကြီးကြပ်ရေးအဆင့်ကနေ အရာရှိပိုင်းတွေက
ရန်ကုန်မန္တလေး စတဲ့ မြို့ကြီးတွေက ဖြစ်တာကြောင့် အဲဒီမှာ တာဝန်ကျနေတဲ့
ကုမ္ပဏီဝန်ထမ်းတွေရဲ့မိသားစုတွေ က စိုးရိမ်စိတ်တွေများနေကြတယ်လို့ သိရပါတယ်
.. လောလောဆယ် သတင်းလေး တခုအနေနဲ့ တင်ပေးတာပါ ..

2 comments:

  1. နိုင်ငံပိုင်ပစ္စည်းတွေကို အတင်းအိတ်ထဲ ဆွဲသွင်းဖို့ကြိုးစားနေကြတဲ့သူတွေကြောင့် ၂၀၁၀ ခုနှစ်အတွင်းမှာ အလားတူကိုက်ကြ၊ ဖဲ့ကြ၊ ကုတ်ကြမယ့် အသံတွေ ထပ်ကြားရဦးမယ် ကိုပေါက်ရေ။

    ReplyDelete
  2. ဒါမျိုးတွေကြောက်တော့ သွားအလုပ်မလုပ်တော့ဘူး... လူမိုက်တွေနဲ့ မပေါင်းကြတော့ဘူးပေါ့...ကောင်းတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်...လူဆိုတဲ့အမျိုးကလဲ အသက်ဘေးထိမှ နောက်တွန့်ကျမှာ.....နို့မို့ အမျိုးပျောက်လဲ သွားဆက်လုပ်ကြမှာလေ

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..