Pages

Wednesday, March 3, 2010

ရှောင်ယွန်ပေါက် နှင့် သူ၏ အလန်း လေးများ....

မောင်ပေါက်ကျိုင်းမလဲ အားအားလျားလျား အိမ်တကာ ပေါက်စေ့ ဝင်လည်နေမိတယ် ..သောက်လိုက်ကမ်းဆိုး မသိတဲ့ မောင်ပေါက်ကျိုင်းခမျှာ အိမ်ရှင်ကြိုက်လားမသိ မကြိုက်လား မသိ မျက်နှာပြောင်ပြောင်နဲ့ မဟားဒယား ဝင်စား အတင်းဝင်နုတ်ဆက် အိမ်ရှင်ရဲ့ နံရံ တွေပေါ်မှာ ပေါက်ကျိုင်းအချစ်နံပါတ်တစ် ဂရင်းရျွိင်ရယ်လေး ဖြစ်တော့သည် တို့ ကဗျာလေးက ပေါက်ကျိုင်းရင်ထဲအသည်းထဲစူးနှစ်ဝင် မျက်ရည်တောက်တောက်ကျမိပါသည် တို့ အကို့ရဲ့ပို့စ်လေးကိုဖတ်မိပြီး ပေါက်ကျိုင်းရဲ့ ငယ်ကျွမ်းဆွေ ကိုသတိရ တမ်းတ မျက်ရည်ဖြိုင်ဖြိုင် ကျမိသည် တို့ ( အမှန်တော့ ပေါက်ကျိုင်းမှာ ငယ်ရည်းစား ရှိဖို့နေနေသာသာ  ကြီးမားကျယ်ပြန့်လှတဲ့ ရင်ဘတ်ကြီးကို ထုထုပြီး ပျိုပျိုမေ တို့ အားကိုးချင်စရာကောင်းလှတဲ့ ဗေလုဝ ရုပ်မျိုး ဆိုတော့ သူသူငါငါ အတွဲတွေကို အားကျမနာလို ဖြစ်နေတဲ့ လူပျိုသိုးကြီးပေါက်ကျိုင်းပါ ) မစ္စတာ ဂစ်တာ ကော်ဖီရှော့ မှာလို မဟားဒယား လျှောက်ရေး.. မျက်နှာက ဘုရားတကာ ကျောင်းတကာ .. လက်က ဝက်မြီး လို့ အပေါင်းအသင်းတွေက ထောမနာ ပြုထားတဲ့ ပေါက်ကျိုင်းရဲ့ ဂုဏ်ပုဒ်ထူးကြီးနဲ့ အညီ အိမ်ရှင်အလစ်မှာ ဟိုဟာဆွဲ ဒီဟာမ နဲ့ ဒီလိုပေါက်ကျိုင်း လက်သရမ်း တတ်သေးသဗျ...။

မနေ့ကတောင် ဟာဒယစာလေးတွေ ရေးသား ပေါက်ကျိုင်း လေးစားရတဲ့ ကိုပီတာ ကိုဒူကဘာ ကိုကျောက် တို့ဆီ ဝင်လည် အသော လေးတွေနဲ့ ရေးထားတဲ့ သူတို့  ရဲ့ စာတွေဖတ် ပြီး ကိုကျောက် စားပွဲပေါ်မှာတင်ထားတဲ့ ယိုးဒယား ဒညှင်းသီးစားစိမ်လေး ၃လုံးကို အိမ်ပြန် ငပိရည်လေး စမ်းပြီး ဆွဲရအောင်လို့ အလစ်သုတ် ခဲ့သေး..အဟေး ဟေး..။
ပေါက်ကျိုင်း ရုပ်ကသာ ဗေလုဝ တောင် ကြောက်ငိုငို ရပေမဲ့ ဟိုး ဟောင်ကောင် ကနေ ဟောလီးဝုဒ် ကိုရောက်သွားတဲ့ စူပါအက်ရှင်မင်းသား ရှောင်ယွန်ဖတ် ( စာလုံးပေါင်းမှားရင်ခွင့်လွတ်ပါ ခင်ဗျ ) ကို အလွန်အားကျမိတယ် .. သူ့ရဲ့ ကောင်းလှတဲ့ ဥပဓိ ရုပ်နဲ့ ပေါက်ကျိုင်း နဲ့ က နှံ့သာဆီ နဲ့ ချေးတုန်း လို ကွာပေမဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ရှောင်ယွန်ဖတ် လို ဖြစ်ချင်သေးသဗျား...။
လဒူပေါက်ကျိုင်း သာ ရုပ်ရှင်ဝင်ရိုက် ရမယ်ဆိုရင် နာမည်လှလှကောင်းကောင်း လေး ပေးဦးမှ.. ပေါက်ကျိုင်းဖတ်.. ပေါက်ပေါက်ဖတ်.. ဘယ့်နှာ ...ဟုတ်သေးပါဘူး ..ရှောင်ယွန်ပေါက် ..ရှောင်ယွန်ကျိုင်း .ဟုတ်ပြီ ..ရှောင်ယွန်ပေါက်..ရှောင်ယွန်ပေါက် .ဒီနာမည် နဲ့ ဇတ်ကားတွေရိုက် နာမည်ကျော် ဟောလီးဝုဒ်ဒါရိုက်တာတွေ က ကားရိုက် ရက်ချိတ်ထားတာလဲ အပြည့်  ငဝိုင်းတွေ တထောကြီးရ ဟုတ်နေတာ...။ ရှောင်ယွန်ပေါက် တစ်ယောက် အသက်တွေ ကြီးလာပြီဆိုရင် ရုပ်ရှင်လောက က လုံးဝ အနားယူ မီယာမီကမ်းခြေမှာ အိမ်ကြီးတစ်လုံးဝယ် တပည့်မလေးတွေဖြစ်တဲ့ သင်ဇာဝဲကျော် ..အေးမြတ်ဗြဲလရမ်း တို့ စိုးဝက်သဇင် တို့ အိုအူဝဲ လေးတို့ကို ပေါက်ကျိုင်း နေ့စဉ် ပရဟိတအလုပ်တွေ ကူဖို့ တရားထိုင်လို့ကောင်းဖို့ လက်တိုလက်တောင်းခိုင်းဖို့ ခေါ်ထားဦးမှ ..။

ထမင်းချက် အိမ်သန့်ရှင်းရေး အနှိပ်အနယ် ကို သူတို့လေးတွေ အလှည့်ကျ လုပ်ပလေ့စေပေါ့ ..
" ဟဲ့ သင်ဇာ လေး လေးလေးပေါက် ဇက်ကြောတွေ တက်နေလို့ လာ နှိပ်ပေးပါဦးဟ " " ဟဲ့ စိုးဝက် ကလေးရဲ့ လေးလေးပေါက် တရားထိုင်ရလို့ ခြေတလုံးတွေ တင်းနေတာ တတောင်လေးနဲ့ လာတွတ်ပေးပါဦးကွဲ့ " .. " သင်ဇာ ..ကလေးရဲ့ လက်က မပေါက်ဘူး တတောင်နဲ့ နာနာဖိ..အင်းအင်း ဟုတ်ပြီ အောက်ကိုဖြေးဖြေးခြင်း ဆင်းသွား အဲ...ဟုတ်ပြီ  ကျွတ် ကျွတ် ကောင်းသဟေ့ ..
အားလားလား သင်ဇာ ဘယ်နှာလုပ်လိုက်တာလဲ ဖွဖွလေး ဖိမှပေါ့ ..တကယ်တည်း ဝက်သတ်တာကြနေတာဘဲ ....နာလိုက်တာ ဘယ်လိုများထောင်း..... ကလေးမတော့ နာချင်ပြီနဲ့ တူတယ် ....ဖုန်း...အောင်မယ်လေး လေး....ခါးတော့ကျိုးပါပြီ.. ဒီကောင်မလေး ဘယ်လို တွတ်နေလဲလို့
ပေါက်ကျိုင်း မှောက်ခုံကနေ ပက်လက်ကြည့်လိုက်တော့ လားလား...သင်ဇာဝက်ကျော် မျက်နှာ က ဘယ့်နှာ နုတ်ခမ်းမွှေး ကျိုးတို့ကျဲတဲ နဲ့ ဆယ်ပြားစေ့မျက်နှာကြီး ပေါက်ကျိုင်းကို စားတော့ဝါးတော့ မလိုကြည့်နေတော့တာ.  .သင်ဇာလေးက ဘယ် ဘယ်ရောက်သွားပြီလဲလို့ ပြူးပြူးပြာပြာ ဘေးဘီ ကြည့်ပြီး သင်...သင်ဇာလေး..
" ဘာ သင်ဇာ လေးလဲ .. သေချင်လို့လား အပေါ်က ပန်ကာ ကို ဂိတ်ဆုံး တင်ပြီး အောက်က ကျောက်ပြား အခင်းပေါ်မှာ ဘာလို့မှောက်ခုံကြီး အိပ်နေရတာလဲ လေဖြတ်ပြီး သေချင်းဆိုးနဲ့ သေချင်လို့လား "မင်းသေတာ အရေးမကြီးဘူး  ငတို့ အလုပ်ရှုပ်တယ် ပိုက်ဆံ သောက်သောက်လဲကုန်တယ် လို့ ငေါက်ငန်း နေတာ ဘယ်သူလဲလို့  မျက်စေ့ကိုအတင်းကုန်းရုံးပြီး ပွတ်ကြည့်လိုက်တော့ ပေါက်ကျိုင်း အဖေလို ဦးလေးလို ချစ်ရတဲ့ အိမ်ရှင် ဆယ်ပြားစေ့ မျက်နှာနဲ့ ဦးဖထီး ကြီး..
" ဘယ့်နဲ့ကွာ ကြုံ ကြုံဘူးပေါင် မှောက်လျှက်ကားယားကြီး အိပ်နေပြီး ဟောက်နေလိုက်တာများ ဧည့်ခန်းထဲမှာ လှိုင်သံ တောင် ထွက်နေတယ် ..ဟေ့ သေချင်းဆိုး မျက်နှာမှာလဲ သွားရည်တွေ ဗလပွ နဲ့ ဝက်မျက်နှာ ဆီသုတ်ထားတဲ့အတိုင်း ကိုယ့်ကိုကိုယ် မှန်ထဲသွားကြည့်ဦး ..။
သင်ဇာ လေး ဘယ် ဘယ်ဆီသွား...
ဘာသင်ဇာလေးလဲ ငါထပ်ပြီး ထုပလိုက်ဦးမယ် အိပ်မက် ကယောင်ခြောက်ခြားနဲ့ သွား ကိုယ့်အခန်းထဲ ကိုယ် စက်တော်ခေါ် .. ဟုတ်ပါပြီ  ရှောင်ယွန်ပေါက် ..အဲလေ..ပေါက်ကျိုင်း အိပ်မက် မက်နေတာ ကိုး
လို့တွေးမိပြီး အတင်းကုန်းရုံးထ ဖင်တဝက်လျှောကျနေတဲ့ သားရေကြိုးလျှော့ ဘောင်းဘီ ကို မတင် လဒူပေါက်ကျိုင်း စက်တော်ခေါ်ရာ ကြွက်သိုက် အခန်းဆီသို့ အိပ်ချင်မူးတူး အူယားဖါးယား ပြေးဝင်သွားလေတော့သတည်း.....။

စာကြွင်း..
" ဟဲ့ သင်ဇာဝက်ကျော် တို့ မနက်ဖန်လဲ လာခဲ့ဦးကြားလား ..ဘာရယ် ရတနာပြားနဲ့ ဇူးဇူးပေါက် တို့လဲ လာချင်တယ် ဟတ်လား..အိမ်းအိမ်း ခေါ်ခဲ့ အလှည့်ကျ ပြုစု လေ့ပစေပေါ့ကွယ် ..ဟဲ့ ဒီနားတိုးစမ်း တိုးတိုးမှာရဦးမယ်.. ဟို နေ့တိုင်း လိုးရှင်း အလိမ်းများတဲ့ ကောင်မလေးကိုတော့ မခေါ်ခဲ့နဲ့ ကြားလား တော်ကြာ ရှောင်ယွန်ပေါက် ရှာထားတဲ့ ပိုက်ဆံတွေ သူ လိုးရှင်း အလူးများတာနဲ့ မွဲလိမ့်မယ်..ကောက်ချင်ကောက် ပလေ့စေပေါ့ ကွယ် တတ်နိုင်ဘူး..."