Pages

Monday, March 15, 2010

ငယ်ဘဝ ကိုဘဲ လွမ်းမိသေးတော့...

 


ဒီ မျောက်လောင်းနှစ်ကောင်ချစ်စရာကောင်းစွာ ကမြင်းကြောထနေတာ မြင်ရတော့ ပေါက်ကျိုင်းရဲ့ မျောက်လောင်းငယ်ဘဝကို သတိရမိသဗျ..၊ ဟိုးတုန်းက သူငယ်ချင်း ငါးယောက် ဟာ မူလတန်းကနေ အထက်တန်းအထိ လက်တွဲမပျက်ခဲ့..၊ အထက်တန်းကိုကျော်ပြီး တယောက်တနေရာဆီ ပြန့်ကျဲသွားလိုက်တာ .. မောင်ပေါက်ကျိုင်း မလဲ ရှစ်ဆယ်ရှစ်နှစ်လွန်တွေရဲ့ လှိုင်းတံပိုးအောက်မှာ မြုတ်ချည်ပေါ်ချည်နဲ့ ကူးခပ်လိုက်ရတာ ဖတ်ဖတ်မောရပါ့...။

ပေါက်ကျိုင်း သနင်္သာရီ တောထဲတောင်ထဲမှာ ဆယ့်နှစ်နှစ် ကျော်ကျော် ထီးထမ်းလမ်းလျှောက်နေတဲ့အချိန်မှာ ချစ်သူငယ်ချင်းတွေက ဘဝတွေ တိုးတက်မြင့်မားသွားကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် အဝေးကနေ လှမ်းပြီး ဆဲကြ ဆိုကြ စကားနာတွေထိုးကြနဲ့ အဆက်အသွယ် နေ့တိုင်း အဆက်အသွယ်ရှိပေမဲ့ အပူပင်ကင်းကင်းသံယောဇဉ်တင်းတင်းနဲ့ လုံးလားထွေးလား ငယ်ဘဝ ကို ဘဲ ပိုလို့ပိုလို့ တမ်းတ မိသေးဗျာ..။

ရန်ကုန် ကုမ္ပဏီကြီးတစ်ခုက အမ်ဒီ ကြီး ..သနပ်ခါးအောင်ဆွေ ၊ တောင်ကြီးက ရှမ်းလုလင်မုန့်တိုက်ပိုင်ရှင် ဂျပုချစ်တီး .နဲ့ဇနီး ဂျပု မဂျိုး ၊ ပြီး .. NGO တခုမှာ အရာထမ်းနေတဲ့ ညီမလေး အီနှော့ ရေ.. ပေါက်ကျိုင်းကို အရင်ကထက်ပိုပြီး ဖုန်းဆက်ကြ အဆက်အသွယ်လုပ်ကြဟ.. ဒီက ပြောင်ကြီးခေါ် မောင်ပေါက်ကျိုင်း တစ်ကောင် တယောက်ထဲ အသည်းက ခပ်ငယ်ငယ် မကြီးမငယ် နဲ့ငယ်ဘဝ ကို လွမ်းလွန်လွန်းလို့ ..အဟင့်.. ရွှတ်....။

အခု ဗွီဒီယို လင့်ထဲက စွတ်ကျယ်လက်ပြတ်လေးနဲ့ လက်ဖျံမှာ စာရေးထားတဲ့ မျောက်လောင်းငပြောင်လေးက ပေါက်ကျိုင်းရဲ့ ငယ်ဘဝရုပ်နဲ့ တထပ် ထဲပါ.. မျက်နှာမြင်ရိုက်ချင်ပါစေ အသံကြားခါးပါစေရုပ်မျိုး .. မတော်လို့ လမ်းမှာ တွေ့ခဲ့ရင် ဝေးဝေးကရှောင် ...။

2 comments:

  1. ဒီဘလော့ကိုတွေ့ရတာ နောက်ကျတယ်လို့ဆိုရမယ်ဝေ့...အရေးအသားလေးကတော့ ရှယ်ပဲဗျာ...ခင်ဗျားက တကယ်တော့တဲ့ အနုပညာရှင်ထဲက တစ်ယောက်ပါပဲ...
    ခင်မင်လေးစားလျက်
    ထာဝရစကား

    ReplyDelete
  2. ဆရာမောင်ထင်ရဲ့ ငဘကို ပြန်သတိရမိသေးတော့၏။

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..