Pages

Friday, March 5, 2010

ပေါက်ကျိုင်းရဲ့ကြွက်သိုက်..

ပေါက်ပေါက်ကျိုင်းရဲ့ ကြွက်သိုက်ဆိုလို့ ပြောရပါဦးမယ်..ပေါက်ကျိုင်းခမျှာ ရေလျှံဖို့နေနေသာသာ ရှိတဲ့ရေတောင် နေ့စဉ် ခပ်သုံးနေရလို့ ရေအိုးအောက်ခြေက ရေခွက်ခြစ်ရာနဲ့ ပေါက်ခါနီးပါပြီ.. ခေတ်ချာတိတ်တွေ လိုပြောရမယ်ဆိုရင် ရေခန်းနေတဲ့ ခွန်နှစ်အိုရှစ်အို အန်းတိတ်ကြီးပေါ့ ခင်ဗျ..။
ကွန်ပြူတာ မော်နီတာ တင်ဖို့ စားပွဲလေးတစ်လုံးတောင် ဝယ်မနိုင်တဲ့ လဒူပေါက်ကျိုင်းခမျှာ ဒီနိုင်ငံမှာ နေ့စဉ်တဒူဝ မြင်မကောင်းအောင်တွေ့မြင်နေရတဲ့ လမ်းကြိုလမ်းကြား ဟီးဟီးထနေတဲ့ အမှိုက်ပုံကြီးတွေ ဆီက ခုံလေးတစ်လုံး ကို မ လာပြီး တူတစ်ချောင်းနဲ့ ဟိုထု ဒီရိုက် နဲ့ ကောက်တွယ်လိုက်တာ အပ်ချလောင်း ဆို ဟော.. ပိသုကာ ပညာရှင်များတောင် နည်းနာ ယူရလောက်တဲ့ ကွန်ပြူတာစင် ကြီး ဖြစ်သွားပါရောလား.. ပေါက်ကျိုင်းကြုံတုန်းပြောချင်ပါသေးတယ် ဒီက လမ်းဘေး အမှိုက်ပုံတွေ ဆီမှာ သုံးလို့ရသေးတဲ့ ပစ္စည်းတွေ အများကြီးမို့ ဖွတ်ကလိဒင်္ဂါး အားနဲတဲ့ ပေါက်ကျိုင်းတို့လို လူမျိုးတွေ အတွက် ရွှေပုံကြီးပေါ့ ခင်ဗျ..( အခုမြင်ရတဲ့ မော်နီတာ ကလဲ အဲဒီ ရွှေပုံကြီး ထဲကနေ မ လာတာ ဘယ်သူမှ မသိစေနဲ့ ရှူး တိုးတိုး ) ပြီးတော့ အထဲက ကလီစာ တွေကလည်း ဟိုနားကောက် ဒီနားတောင်းနဲ့ စုပြုံ တပ်ပြီး ဝင်းဒိုး တင်လိုက်တော့  ဟော..  လဒူပေါက်ကျိုင်း တယောက် လက်ကမြင်းလို့ကောင်းတဲ့ အဖေ အယောက်၁၀၀ နဲ့ သာခွေယိုင် ကွန်ပြူတာ မွေးလာ.. အဲလေ ..ဖြစ်လာပါရောဗျို့..။
အဲဒီ မောင်ပေါက်ကျိုင်းချစ်တဲ့ အလံတစ်ရာသား မောင်ပေါက်ချစ်ကို ယုယုယယ နဲ့ ကျောကလေးသပ် ကမ္ဘာအရပ်ရပ်က အကိုညီမောင် ညီမအမ တို့ကို တော်ကီလွတ်နေရသဗျာ..။ တစ်ခါတစ်ခါ များ ပေါက်ကျိုင်း သူ့ကို မနားတမ်း ခိုင်းမိပြီဆို ခမျှာ ဘုန်းဘုန်းလဲ ဆတ်ငင်ဆတ်ငင် ဖြစ်ပြီ ဆိုရင် ပေါက်ကျိုင်း ကြားဆရာသင်ဆရာတွေဖြစ်တဲ့ ကိုညီနေမင်း ကိုသံလုံငယ် ကိုကျော်စွာငြီမ်း တို့ ပြီး ကိုမုန်တိုင်း ကိုစေတနာ တို့ဆီ ပြေးရ အကူအညီတောင်းရ နဲ့ ဆရာသမားတွေ ခမျှာ ညဏ်ရည် နဲရှာတဲ့ မောင်ပေါက်ကျိုင်း ကို သူတို့ရဲ့ အနီးအနားမှာ ဆိုရင် တတောင်နဲ့တမျိုး ဖနှောက်နဲ့ တဖုံ လက်ပြန်နဲ့ တနည်း မေတ္တာ ထားအားပေးကြမယ်ဆိုတာ လဒူပေါက်ကျိုင်း သိသဗျ..ဒါကြောင့် ပေါက်ကျိုင်း တယောက် ဒင်းကလေး မောင်ပေါက်ချစ်ကို ချောင်းဆိုးရင်ကြပ် လေးတောင်မှမဖြစ်ရလေအောင် ပိုးမွေးသလိုမွေးပြီး ဂရုစိုက်နေရသဗျာတို့ရေ...။
ဆရာသမား တို့ရေ ဒီတခါဖြစ်ရင် ဆရာတို့ရဲ့ ဖနှောင့်စာ လွတ်အောင် လဒူပေါက်ကျိုင်း လေ့လာသင်ယူလျှက် ရှိပါကြောင်း ...ဟီး..
                                                                     ပုံ .. လဒူပေါက်ကျိုင်း